အ ကယ်ဒမီမင်းသားကြီး ရန်အောင်က ခေတ်သုံးခေတ်ဆက်တိုက် အားပေးသူပရိသတ်အများအပြားနဲ့ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ ရန်အောင်ဟာ အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပရိသတ်တွေအပေါ် သူရဲ့ လွှမ်းမိုးမှုကတော့ ယနေ့ထက်တိုင် ရှိနေဆဲဖြစ်ပါတယ်။

ဒီေ န့မှာတော့ ရန်အောင်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ မေသန်းနု ထောင်ဒဏ် (၁) နှစ် ချမှတ်ခံရတယ်ဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။

ရန်အောင် က မေသန်းနုရဲ့ သတင်းဆိုးကို ကြားကြားပြီးချင်းမှာပဲ “စိတ်မကောင်းဘူး…အမြန်အဆင်​ပြေပါစေဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

မေသန်းနုက ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ် ဒီဇင်ဘာလကတည်းက ပုဒ်မ (၄၂၀) နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး ဒီနေ့ ဇန်နဝါရ်ီလ (၂) ရက်နေ့မှာတော့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရတာပါ။

ရန်အောင်ကတော့ သူနဲ့ အနုပညာလုပ်ငန်းတွေ အများကြီးတွဲလုပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် မေသန်းနုအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်နေတာပါ။ ပရိသတ်ကြီးလည်း မေသန်းနုတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Rowena
Source: Yan Aung’s fb