အ မွန်းကတော့ စူပါမော်ဒယ်လ်လို အမိုက်စားကောင်မလေးတစ်ယောက်ဖြစ်ပေမဲ့ မော်ဒယ်လ်တစ်ယောက်တော့မဟုတ်ပါဘူး။သူက အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်ပါ။နိုင်ငံတကာအထိထိုးဖောက်ခဲ့တဲ့ Me N Ma Girls ရဲ့အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို လက်ရှိအချိန်မှာလည်း အောင်မြင်တဲ့အဆိုတော်အဖြစ် ရပ်တည်နေသူတစ်ယောက်ပါ။သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ဒုဋ္ဌဝတီကိုလွန်၍ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ပြီး ပရိသတ်အားပေးလက်ခံမှုရထားသူတစ်ယောက်ပါ။

အ မွန်းဟာသူရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်ကိုပွင့်ပွင့်လင်းလင်းပြောတဲ့ သူတစ်ယောက်ပါ။အမွန်းရဲ့ချစ်သူကတော့ ပြင်သစ်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ချစ်သူသက်တမ်းကတော့ လေးနှစ်တောင်ကျော်ခဲ့ပါပြီ။အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ အမွန်းကတော့ လက်ထပ်တော့မယ့်အကြောင်းကိုလည်း ပရိသတ်ကိုအသိပေးခဲ့ပါပြီ။

အမွန်းကတော့ သူ့ရဲ့ဖေ့ဘွတ်မှာ”သူကျွန်မကို ပြီးခဲ့တဲ့နှစ်၂၀၁၉ သြဂုတ်လ ချစ်သူသက်တမ်းေ လးနှစ်ပြည့်ချိန်မှာ လက်ထပ်ခွင့်ေ တာင်းခဲ့ပါတယ် , ဒီနေ့မှာတော့ သုံးဖက်သောမိဘရှေ့( သူ့မိဘ, ကျွန်မမိဘနဲ့, ကချင်ထုံးတမ်းစဉ်လာအရ သူ့ကိုသားအဖြစ်အသိအမှတ်ပြုေ မွးစားတဲ့ သူ့ရဲ့ ကချင်မိဘ Duwa Lahtaw Hkun Myat Family ) လူကြီးစုံရာနဲ့ သူ့ကို ကချင်နာမည်ပေး ကင်ပွန်းတပ်ပွဲေ လးကျင်းပပြီး ပါပြီ ! မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားကို ဒီနှစ်ကုန်ပိုင်းကျရင် ကျင်းပမှာဖြစ်ပါတယ်” လို့ ရေးသားထားတဲ့အပြင် မိဘဆွေမျိုးတွေနဲ့ရိုက်ကူးထားတဲ့ ပုံတွေကိုလည်း တင်ပေးထားခဲ့ပါတယ်။အမွန်းကတော့ နှစ်သစ်မှာသတင်းကောင်းကို ချပြလိုက်ပါပြီနော်….

Source : AhMoon
Moe – Cele Gabar