ပ ရိသတ်တွေရဲ့ အချစ်တော် ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောကြီး မေသန်းနုကတော့ လက်တလောမှာ ငွေကြေးလိမ်လည်မှုနဲ့ ထောင်(၁)နှစ်ကျသွားပြီလို့ သတင်းတွေထွက်ရှိနေပါတယ်။ခင်မင်ရတဲ့ မိတ်ဆွေတွေထဲကနေ ငွေကြေးတွေချေးယူထားပြီး ပြန်လည်မဆပ်တာကြောင့် တရားဆွဲဆိုခံရတာဖြစ်ပြီး ဒီနေ့မှာတော့ အပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်(၁)နှစ်ကျခံဖို့ အမိန့်ချခံခဲ့ရတာလို့လည်း သိရှိရပါတယ်။

မေသန်းနု ရဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဇင်ရော်မောင်မောင်ကတော့ “ကျွန်တော် ၏ သားဖြစ်သူအတွက် သား၏ မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူ၏ မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်။”လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။

မေသန်းနုရဲ့အပြစ်ဒဏ်ကိုတော့ ရန်ကင်းတရားရုံးကချမှတ်ခဲ့တာဖြစ်တယ်လို့လည်း သိရှိရပြီးအခုလောလောဆယ်တော့ တရားရုံးအချုပ်မှာ ဖမ်းဆီးချုပ်နှောင်ထားလိုက်ပြီလို့လည်း သိရှိရပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော်မေသန်းနုရဲ့ အခုလိုသတင်းတွေထွက်ပေါ်နေတာဟာ သူ့ပရိသတ်တွေအတွက်တော့ စိတ်မကောင်းဖြစ်စရာသတင်းလေးတစ်ခုဖြစ်ပြီး ကောလဟာလ သတင်းလေးတစ်ပုဒ်အနေနဲ့သာ ပြီးဆုံးသွားဖို့ကိုလည်း ဝိုင်းဝန်ဆုတောင်းပေးသွားကြပါဦး။

Source – Zin Yaw Mg Mg , Khin Mar Ku
Chilli – CeleGabar