မကြာသေးမီ က တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mrs Universe ကမ္ဘာ့အကြီးဆုံး အိမ်ထောင်ရှင်အလှမယ်ပွဲကြီးမှာတော့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလှမယ်အနေနဲ့ မဟန်နီချိုက သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Mrs Universe (2019) Winner ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ဒီပွဲကြီးမှာတော့ နိုင်ငံပေါင်း (၉၀)ကျော်က နိုင်ငံကိုယ်စားပြုအလှမယ်တွေပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဟန်နီ ချိုကတော့ Mrs Universe (2019) Winner ဆုကြီးအပြင် နောက်ထပ် Mrs Talent Winner, Mrs Personality Winner,Four Beauty Season Sponsored awards Winner ဆုကြီး (၄)ဆုကိုပါတစ်ပါတည်းယူဆောင်လာခဲ့ပါသေးတယ်။ဟန်နီချိုဟာဆိုရင် အသက်(၃၇)နှစ်ရှိပြီး ကလေး (၃)ယောက်မိခင်တစ်ဦးလည်း ဖြစ်ပါတယ်။(၂၀၁၈)ခုနှစ်တုန်းကလည်း နိုင်ငံပေါင်း (၆၀)ကျော်ကအလှမယ်တွေပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Mrs Tourism Queen International (2018)ပြိုင်ပွဲကြီးကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး သရဖူ (၃)ခုကိုအရယူပေးနိုင်ခဲ့ပါသေးတယ်။

ဒါတွေအပြင် ဟန်နီချိုကတော့ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုအလှမယ်တွေကို မွေးထုတ်ပေးနေတဲ့ Miss Golden Land Myanmar ရဲ့ President အဖြစ်ခံအပ်ခံထားရတဲ့ သူတစ်ယောက်ပါ။CeleGabar ပရိသတ်ကြီးရေနိုင်ငံတကာအလှမယ်တွေကြရားထဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အမြင့်ဆုံးဆုကြီးကို ထိုက်ထိုက်တန်တန်ရယူပေးခဲ့တဲ့ မဟန်နီချိုအတွက် ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ပါဦး။

Source – Honey Cho
Chilli – CeleGabar