ပီးခဲ့ တဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့က Snare အဖွဲ့မှ နေဝင်းက သူ့ရဲ့ချစ်သူ ကောင်မလေးကို လူပေါင်း (၅) သိန်း လာရောက်ကြည့်ရှုတဲ့ ရှိုးပွဲမှာ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။ နေဝင်း လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုလေးက ပရိသတ်တွေကြား ပျံ့နှံ့သွားခဲ့ပြီး လူကြိုက်များနေတာ ဖြစ်ပါတယ်။ (၁၀) နှစ်ကြာ ရွှေလက်တွဲလာခဲ့တဲ့ နေဝင်းနဲ့ ခရီးသွား ဘလော့ဂါလေး အိမ့်ချစ်ချောကို ပရိသတ်တွေက ချစ်ခင်စွာနဲ့ ကောင်းချီးပေးကြတာပဲ ဖြစ်ပါတယ်။
နေဝင်း ရဲ့ ချစ်သူ အိမ့်ချစ်ချောက အရင်တိုင်းလိုပဲ နေဝင်းသီချင်းဆိုတဲ့နောက်ကို လိုက်လာတာဖြစ်ပြီး သူမအနေနဲ့ ဘာဆိုဘာမှ မသိလိုက်ရပဲ Frenzo အဖွဲ့သားအားလုံးရဲ့ Surprise လုပ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
နေဝင်းက သူသီချင်းတက်မဆိုခင် ဓာတ်ပုံတွေရိုက်နေတာတောင် “New Year မို့ ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတင်ရအောင် ရိုက်နေတာဖြစ်မယ်” ဆိုပြီး တွေးမိတယ်လို့တောင် ပြောထားပါသေးတယ်။
Surprise လုပ်ခံရတဲ့အချိန်မှာ အရမ်းကို အံ့အားသင့်သွားခဲ့ပြီး ခေါင်းလည်းမလျှော်ရသေး၊ ဒေါက်ဖိနပ်လည်းမစီးလိုက်ရလို့ဆိုပြီး နေဝင်းကို ရစ်ခဲ့သေးတယ်လို့တောင် စနောက်ထားပါသေးတယ်။
အိမ့်ချစ်ချောကတော့ ချစ်သူရဲ့ Propose လုပ်မှုကြောင့် တော်တော်ကြီး ပျော်ရွှင်သွားမှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းတို့ စုံတွဲလေးကို ကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်။
Rowena
Source: Travel Kueen