ထူးခြား တဲ့ ပင်ကိုယ်အသံနဲ့ သီချင်းကောင်းတွေကို ဖန်တီးတတ်တဲ့ အဆိုတော် အမွန်းကတော့ ရိုးရှင်းပွင့်လင်းတဲ့ စိတ်ထားကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အမွန်းက သူမနဲ့ ၄ နှစ်ကျော် တွဲလာတဲ့ နိုင်ငံခြားသား ချစ်သူနဲ့ လက်ထပ်တော့မယ်လို့ ပရိသတ်တွေကို အသိပေးကြေငြာလိုက်တာ တွေ့ရပါတယ်။ အမွန်းရဲ့ချစ်သူကောင်လေးကတော့ ပြီးခဲ့တဲ့ ၂၀၁၉ သြဂုတ်လတုန်းက ရဲ့ချစ်သူသက်တမ်း (၄) နှစ်ပြည့်မှာ အမွန်းကို လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

မို မိုလေးချစ်ပရိသတ်တွေအတွက် ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ လက်ထပ်ဖို့အတွက် ချစ်သူကို လူကြီးစုံရာနဲ့ ကချင် နာမည်ပေး ကင်ပွန်းတပ်ပွဲလေး ကျင်းပပေးခဲ့တဲ့ အမွန်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အမွန်းကတော့ “😍 Happy New Year , Happy News !! 🔔 👰🏻🤵🏻✨ Today , in the presence of our beloved families and honorable church pastors , my fiancé was given a beautiful Kachin Name “ Zau Lawn Lahtaw “ ! 🙏🏼♥️ Wedding bells are ringing end of this year 2020 ! 💍💒 💞 We are very delighted to announce in details soon ! 🥰သူကျွန်မကို ပြီးခဲ့တဲ့နှစ်၂၀၁၉ သြဂုတ်လ ချစ်သူသက်တမ်းေ လးနှစ်ပြည့်ချိန်မှာ လက်ထပ်ခွင့်ေ တာင်းခဲ့ပါတယ် , ဒီေ န့မှာေ တာ့ သုံးဖက်သောမိဘေ ရှ့( သူ့မိဘ, ကျွန်မမိဘနဲ့, ကချင်ထုံးတမ်းစဉ်လာအရ သူ့ကိုသားအဖြစ်အသိအမှတ်ပြုေ မွးစားတဲ့ သူ့ရဲ့ ကချင်မိဘ Duwa Lahtaw Hkun Myat Family ) လူကြီးစုံရာနဲ့ သူ့ကို ကချင်နာမည်ပေး ကင်ပွန်းတပ်ပွဲေ လးကျင်းပပြီး ပါပြီ ! 🙏🏼မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနားကို ဒီနှစ်ကုန်ပိုင်းကျရင် ကျင်းပမှာဖြစ်ပါတယ် 🥰” ဆိုပြီး သူမတို့ ချစ်သူနှစ်ဦးရဲ့မင်္ဂလာရှိလှတဲ့ နေ့လေးအကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

သူမကိုအရမ်းချစ်တဲ့ ချစ်သူကိုလည်း ပိုင်ဆိုင်ထားတဲ့ အမွန်းကတော့ အချစ်ရေးမှာ ကံကောင်းသူတစ်ဦးဖြစ်ပြီး၊ သူမအပေါ် ဖောက်ပြန်မှာ မစိုးရိမ်ရတဲ့ ချစ်သူကြောင့် အမြဲပျော်နေရတဲ့အကြောင်း မကြာခဏဆိုသလို ထုတ်ပြောလေ့ရှိပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေလည်း သူမကို အရမ်းချစ်တဲ့ ချစ်သူနဲ့ လက်ထပ်တော့မယ်လို့ သတင်းကောင်းပါးလိုက်တဲ့ အမွန်းကို ဂုဏ်ပြုစကားလေးတွေ ဆိုသွားခဲ့ကြပါဦးနော်။

Myint Myat
Source;Ah Moon’s Facebook