ဒီ နှစ်(၂၀၂၀)အတွင်း ဗုဒ္ဓနေ့မွေးသူတွေအတွက် တကယ့်ကိုကြိုးတန်းပေါ်လမ်းလျှောက်ရတဲ့နှစ်တစ်ခုပါပဲ။ အတိမ်းအစောင်းမခံပါဘူး။ တစ်ခုအမှားလုပ်မိတာနဲ့ အဲဒီအမှားကြောင့်ပဲ ဘဝကနလန်ပြန်ထူဖို့ လွန်စွာခက်ခဲသွားတတ်ပါတယ်။ သတိကပ်ပြီးဆောင်ရွက်နိုင်မှသာ အဆင်ပြေပါလိမ့်မယ်။မိမိမသိနားမလည်ရင် နားလည်သူတွေကို ဆည်းကပ်ပါ။အောက်ကျတယ်လို့ မထင်လိုက်ပါနဲ့။

တစ်နှစ်လုံးအတွက်စိတ်ပင်ပန်းစရာတွေ ၊လူပင်ပန်းစရာတွေများနေတတ်ပါတယ်။ဆွေမျိုးသားချင်းတွေရဲ့ငြိုငြင်မှုတွေကိုခံရတတ်သော်လည်း သူတို့တွေရဲ့အကူအညီအထောက်အပံ့တော့ ရလွယ်ပါတယ်။သားသမီးများအတွက် စိတ်ပူပန်စရာတွေများရတတ်ပါတယ်။ လုပ်ငန်းဟောင်းမှ အခွင့်အရေးကောင်းများ ပေါ်လာတတ်ပါတယ်။ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုကြောင့် အထက်ကမြှောက်စားခြင်းကိုခံရတတ်ပါတယ်။

အများနဲ့မတူကြိုးစားမှုတွေကြောင့် ပတ်ဝန်းကျင်ရဲ့စိတ်ဝင်စားမှုတွေကို ခံရတတ်ပါတယ်။လုပ်ကိုင်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပခရီးတွေသွားရတတ်ပါတယ်။ဝင်ငွေရလမ်းတွေကောင်းပေမယ့်လူမှုရေးကိစ္စတွေကြောင့် အကုန်အကျများရတတ်ပါတယ်လူမှုဆက်ဆံရေးတွေမှာ ပရိယာယ်ကြွယ်စွာနေထိုင်တတ်မှပဲ အဆင်ပြေပါလိမ့်မယ်။အလုပ်နဲ့ပတ်သက်ရင်တော့ နေရာသစ် ၊ဝန်းကျင်သစ်မှာလုပ်ကိုင်ရတတ်ပါတယ်။လုပ်ဖော်ကိုင်ဖက်တွေ ၊မိတ်ဆွေတွေကို အားမကိုးပါနဲ့။ဒီနှစ်ဟာ ကိုယ်တိုင်လုပ်မှအဆင်ပြေနိုင်တာကို တွေ့ရပါတယ်။

ရည်ရွယ်ထားတဲ့ကိစ္စတွေအတွက် အတိုက်အခံ ၊ အနှောင့်အယှက်ကြုံမှ အဆင်ပြေပါလိမ့်မယ်။ ဝေးကွာနေတဲ့သူများနဲ့ ပြန်လည်ဆုံဆည်းခွင့်တွေရလာတတ်ပါတယ်။ကွဲနေတဲ့အိမ်ထောင်ဘက်တွေ ၊ ချစ်သူဟောင်းတွေနဲ့ ပြန်အဆင်ပြေတတ်ပါတယ်။စိတ်လောပြီး သူများအကူအညီနဲ့ လုပ်ကိုင်ဆောင်ရွက်သမျှတွေက အဆင်မပြေမှုတွေကိုပေးစွမ်းပါတယ်။

လူမှုရေးကိစ္စတွေ ၊ အဖွဲ့အစည်းကိစ္စတွေမှာ ခေါင်းဆောင်အနေနဲ့ တာဝန်ပေးခြင်းခံရတတ်ပါတယ်။ အဆိပ်ရှိသောသတ္တဝါတွေရဲ့ရန်မူခြင်းမျိုး ခံရတတ်ပါတယ်။သတိတရားရှေ့ထားနေပါ။မြွေပေါတဲ့နေရာတွေမှာ နေထိုင်သူများ ညဘက်အပြင်ထွက်ရင်လည်ရှည်ဖိနပ်တွေစီးထားပါ။ဒီနှစ်ဟာ ရောဂါဥပဒ်တွေ အလွန်ဝင်လာတတ်ပါတယ်။လေးဘက်နာ ၊ အရိုးအကြော ၊ အဆစ်အမြစ်ကိုက်ခဲခြင်းတွေ ၊ အကျိတ်အဖုထွက်ခြင်းတွေ အထူးကြုံရတတ်ပါတယ်။

အလေးအပင်မလိုက်ရာကနေ ခါးနာပြီး လနဲ့ချီမပျောက်တာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ဆီး ၊ ကျောက်ကပ်သတိထားပါ။ဦးနှောက်အာရုံကြောတွေလဲဖြစ်လွယ်ပါတယ်။ခရီးသွားရာကနေ ကျန်းမာရေးညံ့သွားတာမျိုးတွေဖြစ်ရတတ်ပါတယ်။တစ်ခုသတိပေးချင်တာက ဒီနှစ်ဟာ အစားအသောက်မဆင်ခြင်ရာကစလို့ ရောဂါတိုးလာတတ်ပါတယ်။

ဒီနှစ်မှာ ကျောက်မျက်ရတနာရောင်းခြင်း ၊ ဝယ်ခြင်း အလုပ်တွေ ၊ထီရောင်းခြင်းလုပ်ငန်းတွေ ၊ ဓာတ်သတ္တုတူးဖော်ရေးအလုပ်တွေ ၊ကုန်စုံဆိုင် ၊ စတိုးဆိုင်အလုပ်တွေ ၊ စက်သုံးဆီရောင်းဝယ်ရေးအလုပ်တွေ ၊ ဆက်သွယ်ရေးနှင့်အိုင်တီပစ္စည်းရောင်းဝယ်ရေးအလုပ်တွေ အထူးအကျိုးပေးနိုင်တဲ့နှစ်တစ်ခုပါပဲ။ နိုင်ငံခြားသား ၊ လူမျိုးခြားတွေနဲ့ဆက်စပ်လုပ်ကိုင်သမျှ အဆင်ပြေမှုတွေရှိပါလိမ့်မယ်။ဒါပေမဲ့ နိုင်ငံခြားသွားဖို့ စတင်ကြိုးစားတဲ့သူတွေကတော့ အခက်အခဲများတတ်ပါတယ်။ ဆေးကျတာမျိုးတွေ ၊ callingကြာတာမျိုးတွေ အလွန်မှဖြစ်တတ်ပါတယ်။

နိုင်ငံခြားသွားဖို့စီစဉ်ထားတယ်ဆို ဒီ၂၀၂၀မှာ လိုအပ်တဲ့သင်တန်းတွေ ၊ဘာသာစကားတွေ သင်ယူထားပါ။ ဒီနှစ်မှာလုပ်ကိုင်ဆောင်ရွက်ပြီး ရှေ့နှစ်မှ နိုင်ငံခြားသွားဖို့လိုက်ပါဆောင်ရွက်တာက ပိုမိုနီးစပ်အဆင်ပြေတတ်ပါတယ်။ ဒီနှစ်မှာကြောက်စရာအကောင်းဆုံးအချက်က လူလိမ်ခံရခြင်းပါပဲ။ အောက်လက်ငယ်သားတွေက လိမ်သွားတာမျိုးတွေ ၊ တပည့်လူယုံတွေ လိမ်လည်သွားတာမျိုးတွေအထူးကြုံရတတ်ပါတယ်။ အာမခံပေးတာ ၊သက်သေလိုက်ပေးတာမျိုးတွေက အထူးပြဿနာကြုံရတတ်ပါတယ်။ဘာကိစ္စဖြစ်ဖြစ် လက်မှတ်ထိုးရမယ်ဆို သတိသာထားလိုက်ပါတော့။

နောက်ထပ်သတိပေးလိုတာက ဒီနှစ်မှာလုပ်ငန်းသစ်စမယ်ဆို သတိထားပါ။မစပါနဲ့လို့မပြောလိုပေမယ့် လုပ်မယ်ဆို အဘက်ဘက်ကပြင်ဆင်လုပ်ကိုင်စေချင်ပါတယ်။လုပ်ငန်းသစ်စီးပွားသစ်ရဲ့၈၀%က အဆင်မပြေကျဆုံးတတ်တဲ့နှစ်တစ်ခုဖြစ်နေလို့ပါပဲ။အခုလုပ်မယ့်အလုပ်က ကျွမ်းကျင်ပြီးသားဖြစ် ၊ငွေကြေးရင်းနှီးမြုပ်နှံမှုလဲရှိရင်တောင်မှအောင်မြင်ဖို့မသေချာတဲ့နှစ်တစ်ခုပါပဲ။ဒါကြောင့် အလုပ်သစ်စမယ်ဆို မလောပါနဲ့။အချိန်ယူပါ။လိုအပ်တဲ့ data သေချာကောက်ယူပါ။ အလျင်စလိုမလုပ်လိုက်ပါနဲ့။

နောက်တစ်ခုသတိပေးလိုတာကတော့ ဇာတာရှင်အနေနဲ့ ဒီနှစ်မှာစပ်တူကိစ္စတွေရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။စပ်တူလုပ်ငန်းမှန်သမျှ စိတ်ဝမ်းကွဲဖို့ ရာခိုင်နှုန်းများနေတတ်ပါတယ်။ အရမ်းချစ်တဲ့မိတ်ဆွေတွေစပ်တူလုပ်ရင်တောင်မှ အလုပ်ကြောင့်ပဲစိတ်ကွက်စရာတွေပေါ်လာတတ်ပါတယ်။ဒါကြောင့် စပ်တူရှယ်ယာအလုပ်များ အလွန်သတိထားရပါလိမ့်မယ်။အိမ်ဝယ်မယ်လို့ ဒီနှစ်ဆုံးဖြတ်ထားရင် အရှုပ်အရှင်းကင်းလားစုံစမ်းပြီးမှ ဝယ်စေချင်ပါတယ်။

အလုပ်နဲ့ပတ်သက်ရင် အောင်မြင်မှုရဖို့အတွက် အကောင်းဆုံးအကြံပေးလိုတာကတော့ အများအတွက်စဉ်းစားပြီးလုပ်ပါ။ ဥပမာ အမြတ်ရဖို့ချည်းအာရုံမစိုက်ဘဲ ဝယ်ယူသူ satisfy ဖြစ်ဖို့ကို ဦးစားပေးစေချင်ပါတယ်။ ပေးဆပ်မှုတွေနဲ့ရှင်သန်မှပဲ ဒီနှစ်ကအဆင်ပြေနိုင်ပါတယ်။

ဒီနှစ်မှာတော့ အချစ်ရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနဲ့အဆင်မပြေတာ လမ်းခွဲရတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ အဓိကတော့ ချစ်သူကမိမိကိုစိတ်မပါတော့တာမျိုး ၊ စိတ်ကုန်သွားတာမျိုးတွေ ဖြစ်လွယ်တတ်ပါတယ်။ ချစ်သူနဲ့လမ်းခွဲဖြစ်တယ်ဆိုရင်တော့ တကယ်အပြီးဝေးတာမျိုးဖြစ်ပါလိမ့်မယ်။ ဒီနှစ်မှာ ကွဲသွားတဲ့ချစ်သူနဲ့ပြန်ဆုံဖို့ ခဲယဉ်းပါတယ်။ အိမ်ထောင်ရေးကိစ္စတွေမှာတော့ လင်မယားဇနီးမောင်နှံအချင်းချင်း အဆင်ပြေပေမယ့် ကြားကသွေးထိုးစကားတွေကြောင့် အဆင်ပြေဖို့မလွယ်တာမျိုး တွေ့ရှိရပါတယ်။ နှစ်ယောက်စလုံးနားလည်မှုတွေရှိမှပဲ အိမ်ထောင်ရေးသာယာမှုတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

ဒီနှစ်မှာ စနေသား တနင်္ဂနွေသားနှင့် ကြာသပတေးသားသမီးတွေက မိမိအတွက်ကောင်းကျိုးပေးမယ့်နေ့သားတွေ ဖြစ်လာတတ်ပါတယ်။ထီကံ ၊ ကံစမ်းမဲကံ အားကောင်းနေတဲ့အတွက် ထီထိုးတာမျိုးတွေ ဦးစားပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ဇန်နဝါရီလ၊ဇူလိုင်လနဲ့စက်တင်ဘာလတွေမှာ ကံအားနည်းမှုတွေကိုဖြစ်ပေါ်စေနိုင်တာ တွေ့ရပါတယ်။ မေလနှင့် သြဂုတ်လနဲ့ ဒီဇင်ဘာလတွေက အဆင်ပြေကံကောင်းခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။

ဗုဒ္ဓဟူး/ရာဟုနေ့ဖွားတွေဟာ အခုနှစ်၂၀၂၀မှာ အသက်အားဖြင့် ၂နှစ် ၊ ၉နှစ် ၊ ၁၆နှစ် ၊၂၃နှစ် ၊ ၃၀နှစ် ၊ ၃၇နှစ် ၊ ၄၄နှစ် ၊ ၅၁နှစ် ၊ ၅၈နှစ် ၊ ၆၅နှစ် ၊ ၇၂နှစ် စသောအသက်အပိုင်းအခြားတွေမှာ ရောက်နေချိန်ဆိုရင်တော့ ကံအညံ့တွေများပြားပြီး ကံဇာတာညှိုးနွမ်းနေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ ဒီအသက်အပိုင်းအခြားရောက်နေသူတွေကတော့ နီးစပ်တဲ့ဆရာတွေဆီမှာမေးမြန်းပြီး အသေးစိပ်အကြံဉာဏ်ယူစေချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီနှစ်မှာစပ်တူရှောင်ပါ။ လုပ်ငန်းသစ်တွေကို သတိနဲ့ယှဉ်လုပ်ပါ။ အတ္တထက် ပရကို ပိုစဉ်းစားပါ။ နိုင်ငံခြားကိစ္စတွေမှာ အခက်အခဲများနိုင်ပါတယ်။ ပညာသင်ယူတဲ့အပိုင်း ၊အသက်မွေးမှုပညာသင်တဲ့ကိစ္စတွေမှာတော့ အဆင်ပြေအောင်မြင်မှုတွေကိုဖြစ်စေပါလိမ့်မယ်။ကုသိုလ်အလုပ် ၊ ဘာသာရေးအလုပ်တွေကတော့ အောင်မြင်ပေါက်မြောက်တတ်ပါတယ်။ စိတ်ပင်ပန်း ၊ လူအပင်ပန်းခံမှ အဆင်ပြေမဲ့နှစ်လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ဗျ။

တစ်နှစ်စာအထူးယတြာ

– မွေးနေ့နံနက်တွင် နီးစပ်ရာစေတီရဲ့စနေထောင့်မှာ မီးခိုးရောင်အင်္ကျီဝတ်ဆင်လျက် နွားနို့တစ်ခွက် လှူဒါန်းဆုတောင်းတာမျိုး မကြာခဏလုပ်ပေးစေချင်ပါတယ်။

– ရဟန်းသံဃာတွေကို ယပ်နှင့်ဖိနပ် မကြာခဏလှူပေးလိုက်ပါ။

– ပဋ္ဌာန်းကို တစ်နေ့တစ်ခေါက် အနည်းဆုံးရွတ်ပေးပါ။

– ခင်ပွန်းကြီးဆယ်ပါးကို ရည်မှန်းပြီးတော့ မကြာခဏဆွမ်းကပ်ပေးပါ။

– ဘုရားစေတီရောက်တိုင်း အာရုံခံတန်ဆောင်းတွေမှာ တံမြက်စည်းလှဲကျင်းပေးပါ။
.
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Zawgyi

(၂၀၂၀)ခုႏွစ္အတြက္ ဗုဒၶဟူး/ရာဟုသားသမီးမ်ားရဲ႕ တစ္ႏွစ္စာကံၾကမၼာေဟာကိန္း

ဒီႏွစ္(၂၀၂၀)အတြင္း ဗုဒၶေန႔ေမြးသူေတြအတြက္ တကယ့္ကိုႀကိဳးတန္းေပၚလမ္းေလွ်ာက္ရတဲ့ႏွစ္တစ္ခုပါပဲ။ အတိမ္းအေစာင္းမခံပါဘူး။ တစ္ခုအမွားလုပ္မိတာနဲ႔ အဲဒီအမွားေၾကာင့္ပဲ ဘဝကနလန္ျပန္ထူဖို႔ လြန္စြာခက္ခဲသြားတတ္ပါတယ္။ သတိကပ္ၿပီးေဆာင္႐ြက္ႏိုင္မွသာ အဆင္ေျပပါလိမ့္မယ္။မိမိမသိနားမလည္ရင္ နားလည္သူေတြကို ဆည္းကပ္ပါ။ေအာက္က်တယ္လို႔ မထင္လိုက္ပါနဲ႔။

တစ္ႏွစ္လုံးအတြက္စိတ္ပင္ပန္းစရာေတြ ၊လူပင္ပန္းစရာေတြမ်ားေနတတ္ပါတယ္။ေဆြမ်ိဳးသားခ်င္းေတြရဲ႕ၿငိဳျငင္မႈေတြကိုခံရတတ္ေသာ္လည္း သူတို႔ေတြရဲ႕အကူအညီအေထာက္အပံ့ေတာ့ ရလြယ္ပါတယ္။သားသမီးမ်ားအတြက္ စိတ္ပူပန္စရာေတြမ်ားရတတ္ပါတယ္။ လုပ္ငန္းေဟာင္းမွ အခြင့္အေရးေကာင္းမ်ား ေပၚလာတတ္ပါတယ္။ ဝန္ထမ္းမ်ား လုပ္ငန္းကြၽမ္းက်င္မႈေၾကာင့္ အထက္ကေျမႇာက္စားျခင္းကိုခံရတတ္ပါတယ္။

အမ်ားနဲ႔မတူႀကိဳးစားမႈေတြေၾကာင့္ ပတ္ဝန္းက်င္ရဲ႕စိတ္ဝင္စားမႈေတြကို ခံရတတ္ပါတယ္။လုပ္ကိုင္ေနတဲ့အလုပ္နဲ႔ပတ္သက္ၿပီး ျပည္တြင္းျပည္ပခရီးေတြသြားရတတ္ပါတယ္။ဝင္ေငြရလမ္းေတြေကာင္းေပမယ့္လူမႈေရးကိစၥေတြေၾကာင့္ အကုန္အက်မ်ားရတတ္ပါတယ္လူမႈဆက္ဆံေရးေတြမွာ ပရိယာယ္ႂကြယ္စြာေနထိုင္တတ္မွပဲ အဆင္ေျပပါလိမ့္မယ္။အလုပ္နဲ႔ပတ္သက္ရင္ေတာ့ ေနရာသစ္ ၊ဝန္းက်င္သစ္မွာလုပ္ကိုင္ရတတ္ပါတယ္။လုပ္ေဖာ္ကိုင္ဖက္ေတြ ၊မိတ္ေဆြေတြကို အားမကိုးပါနဲ႔။ဒီႏွစ္ဟာ ကိုယ္တိုင္လုပ္မွအဆင္ေျပႏိုင္တာကို ေတြ႕ရပါတယ္။

ရည္႐ြယ္ထားတဲ့ကိစၥေတြအတြက္ အတိုက္အခံ ၊ အေႏွာင့္အယွက္ၾကဳံမွ အဆင္ေျပပါလိမ့္မယ္။ ေဝးကြာေနတဲ့သူမ်ားနဲ႔ ျပန္လည္ဆုံဆည္းခြင့္ေတြရလာတတ္ပါတယ္။ကြဲေနတဲ့အိမ္ေထာင္ဘက္ေတြ ၊ ခ်စ္သူေဟာင္းေတြနဲ႔ ျပန္အဆင္ေျပတတ္ပါတယ္။စိတ္ေလာၿပီး သူမ်ားအကူအညီနဲ႔ လုပ္ကိုင္ေဆာင္႐ြက္သမွ်ေတြက အဆင္မေျပမႈေတြကိုေပးစြမ္းပါတယ္။

လူမႈေရးကိစၥေတြ ၊ အဖြဲ႕အစည္းကိစၥေတြမွာ ေခါင္းေဆာင္အေနနဲ႔ တာဝန္ေပးျခင္းခံရတတ္ပါတယ္။ အဆိပ္႐ွိေသာသတၱဝါေတြရဲ႕ရန္မူျခင္းမ်ိဳး ခံရတတ္ပါတယ္။သတိတရားေ႐ွ႕ထားေနပါ။ေႁမြေပါတဲ့ေနရာေတြမွာ ေနထိုင္သူမ်ား ညဘက္အျပင္ထြက္ရင္လည္႐ွည္ဖိနပ္ေတြစီးထားပါ။ဒီႏွစ္ဟာ ေရာဂါဥပဒ္ေတြ အလြန္ဝင္လာတတ္ပါတယ္။ေလးဘက္နာ ၊ အ႐ိုးအေၾကာ ၊ အဆစ္အျမစ္ကိုက္ခဲျခင္းေတြ ၊ အက်ိတ္အဖုထြက္ျခင္းေတြ အထူးၾကဳံရတတ္ပါတယ္။

အေလးအပင္မလိုက္ရာကေန ခါးနာၿပီး လနဲ႔ခ်ီမေပ်ာက္တာမ်ိဳးေတြ အထူးၾကဳံရတတ္ပါတယ္။ ဆီး ၊ ေက်ာက္ကပ္သတိထားပါ။ဦးေႏွာက္အာ႐ုံေၾကာေတြလဲျဖစ္လြယ္ပါတယ္။ခရီးသြားရာကေန က်န္းမာေရးညံ့သြားတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။တစ္ခုသတိေပးခ်င္တာက ဒီႏွစ္ဟာ အစားအေသာက္မဆင္ျခင္ရာကစလို႔ ေရာဂါတိုးလာတတ္ပါတယ္။

ဒီႏွစ္မွာ ေက်ာက္မ်က္ရတနာေရာင္းျခင္း ၊ ဝယ္ျခင္း အလုပ္ေတြ ၊ထီေရာင္းျခင္းလုပ္ငန္းေတြ ၊ ဓာတ္သတၱဳတူးေဖာ္ေရးအလုပ္ေတြ ၊ကုန္စုံဆိုင္ ၊ စတိုးဆိုင္အလုပ္ေတြ ၊ စက္သုံးဆီေရာင္းဝယ္ေရးအလုပ္ေတြ ၊ ဆက္သြယ္ေရးႏွင့္အိုင္တီပစၥည္းေရာင္းဝယ္ေရးအလုပ္ေတြ အထူးအက်ိဳးေပးႏိုင္တဲ့ႏွစ္တစ္ခုပါပဲ။ ႏိုင္ငံျခားသား ၊ လူမ်ိဳးျခားေတြနဲ႔ဆက္စပ္လုပ္ကိုင္သမွ် အဆင္ေျပမႈေတြ႐ွိပါလိမ့္မယ္။ဒါေပမဲ့ ႏိုင္ငံျခားသြားဖို႔ စတင္ႀကိဳးစားတဲ့သူေတြကေတာ့ အခက္အခဲမ်ားတတ္ပါတယ္။ ေဆးက်တာမ်ိဳးေတြ ၊ callingၾကာတာမ်ိဳးေတြ အလြန္မွျဖစ္တတ္ပါတယ္။

ႏိုင္ငံျခားသြားဖို႔စီစဥ္ထားတယ္ဆို ဒီ၂၀၂၀မွာ လိုအပ္တဲ့သင္တန္းေတြ ၊ဘာသာစကားေတြ သင္ယူထားပါ။ ဒီႏွစ္မွာလုပ္ကိုင္ေဆာင္႐ြက္ၿပီး ေ႐ွ႕ႏွစ္မွ ႏိုင္ငံျခားသြားဖို႔လိုက္ပါေဆာင္႐ြက္တာက ပိုမိုနီးစပ္အဆင္ေျပတတ္ပါတယ္။ ဒီႏွစ္မွာေၾကာက္စရာအေကာင္းဆုံးအခ်က္က လူလိမ္ခံရျခင္းပါပဲ။ ေအာက္လက္ငယ္သားေတြက လိမ္သြားတာမ်ိဳးေတြ ၊ တပည့္လူယုံေတြ လိမ္လည္သြားတာမ်ိဳးေတြအထူးၾကဳံရတတ္ပါတယ္။ အာမခံေပးတာ ၊သက္ေသလိုက္ေပးတာမ်ိဳးေတြက အထူးျပႆနာၾကဳံရတတ္ပါတယ္။ဘာကိစၥျဖစ္ျဖစ္ လက္မွတ္ထိုးရမယ္ဆို သတိသာထားလိုက္ပါေတာ့။

ေနာက္ထပ္သတိေပးလိုတာက ဒီႏွစ္မွာလုပ္ငန္းသစ္စမယ္ဆို သတိထားပါ။မစပါနဲ႔လို႔မေျပာလိုေပမယ့္ လုပ္မယ္ဆို အဘက္ဘက္ကျပင္ဆင္လုပ္ကိုင္ေစခ်င္ပါတယ္။လုပ္ငန္းသစ္စီးပြားသစ္ရဲ႕၈၀%က အဆင္မေျပက်ဆုံးတတ္တဲ့ႏွစ္တစ္ခုျဖစ္ေနလို႔ပါပဲ။အခုလုပ္မယ့္အလုပ္က ကြၽမ္းက်င္ၿပီးသားျဖစ္ ၊ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈလဲ႐ွိရင္ေတာင္မွေအာင္ျမင္ဖို႔မေသခ်ာတဲ့ႏွစ္တစ္ခုပါပဲ။ဒါေၾကာင့္ အလုပ္သစ္စမယ္ဆို မေလာပါနဲ႔။အခ်ိန္ယူပါ။လိုအပ္တဲ့ data ေသခ်ာေကာက္ယူပါ။ အလ်င္စလိုမလုပ္လိုက္ပါနဲ႔။

ေနာက္တစ္ခုသတိေပးလိုတာကေတာ့ ဇာတာ႐ွင္အေနနဲ႔ ဒီႏွစ္မွာစပ္တူကိစၥေတြေ႐ွာင္ႏိုင္ရင္ အေကာင္းဆုံးပါပဲ။စပ္တူလုပ္ငန္းမွန္သမွ် စိတ္ဝမ္းကြဲဖို႔ ရာခိုင္ႏႈန္းမ်ားေနတတ္ပါတယ္။ အရမ္းခ်စ္တဲ့မိတ္ေဆြေတြစပ္တူလုပ္ရင္ေတာင္မွ အလုပ္ေၾကာင့္ပဲစိတ္ကြက္စရာေတြေပၚလာတတ္ပါတယ္။ဒါေၾကာင့္ စပ္တူ႐ွယ္ယာအလုပ္မ်ား အလြန္သတိထားရပါလိမ့္မယ္။အိမ္ဝယ္မယ္လို႔ ဒီႏွစ္ဆုံးျဖတ္ထားရင္ အ႐ႈပ္အ႐ွင္းကင္းလားစုံစမ္းၿပီးမွ ဝယ္ေစခ်င္ပါတယ္။

အလုပ္နဲ႔ပတ္သက္ရင္ ေအာင္ျမင္မႈရဖို႔အတြက္ အေကာင္းဆုံးအၾကံေပးလိုတာကေတာ့ အမ်ားအတြက္စဥ္းစားၿပီးလုပ္ပါ။ ဥပမာ အျမတ္ရဖို႔ခ်ည္းအာ႐ုံမစိုက္ဘဲ ဝယ္ယူသူ satisfy ျဖစ္ဖို႔ကို ဦးစားေပးေစခ်င္ပါတယ္။ ေပးဆပ္မႈေတြနဲ႔႐ွင္သန္မွပဲ ဒီႏွစ္ကအဆင္ေျပႏိုင္ပါတယ္။

ဒီႏွစ္မွာေတာ့ အခ်စ္ေရးကိစၥေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ခ်စ္သူနဲ႔အဆင္မေျပတာ လမ္းခြဲရတာမ်ိဳးေတြ အထူးၾကဳံရတတ္ပါတယ္။ အဓိကေတာ့ ခ်စ္သူကမိမိကိုစိတ္မပါေတာ့တာမ်ိဳး ၊ စိတ္ကုန္သြားတာမ်ိဳးေတြ ျဖစ္လြယ္တတ္ပါတယ္။ ခ်စ္သူနဲ႔လမ္းခြဲျဖစ္တယ္ဆိုရင္ေတာ့ တကယ္အၿပီးေဝးတာမ်ိဳးျဖစ္ပါလိမ့္မယ္။ ဒီႏွစ္မွာ ကြဲသြားတဲ့ခ်စ္သူနဲ႔ျပန္ဆုံဖို႔ ခဲယဥ္းပါတယ္။ အိမ္ေထာင္ေရးကိစၥေတြမွာေတာ့ လင္မယားဇနီးေမာင္ႏွံအခ်င္းခ်င္း အဆင္ေျပေပမယ့္ ၾကားကေသြးထိုးစကားေတြေၾကာင့္ အဆင္ေျပဖို႔မလြယ္တာမ်ိဳး ေတြ႕႐ွိရပါတယ္။ ႏွစ္ေယာက္စလုံးနားလည္မႈေတြ႐ွိမွပဲ အိမ္ေထာင္ေရးသာယာမႈေတြကို ျဖစ္ေပၚေစပါလိမ့္မယ္။

ဒီႏွစ္မွာ စေနသား တနဂၤေႏြသားႏွင့္ ၾကာသပေတးသားသမီးေတြက မိမိအတြက္ေကာင္းက်ိဳးေပးမယ့္ေန႔သားေတြ ျဖစ္လာတတ္ပါတယ္။ထီကံ ၊ ကံစမ္းမဲကံ အားေကာင္းေနတဲ့အတြက္ ထီထိုးတာမ်ိဳးေတြ ဦးစားေပးေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ဇန္နဝါရီလ၊ဇူလိုင္လနဲ႔စက္တင္ဘာလေတြမွာ ကံအားနည္းမႈေတြကိုျဖစ္ေပၚေစႏိုင္တာ ေတြ႕ရပါတယ္။ ေမလႏွင့္ ၾသဂုတ္လနဲ႔ ဒီဇင္ဘာလေတြက အဆင္ေျပကံေကာင္းျခင္းေတြျဖစ္ေပၚေစႏိုင္ပါတယ္။

ဗုဒၶဟူး/ရာဟုေန႔ဖြားေတြဟာ အခုႏွစ္၂၀၂၀မွာ အသက္အားျဖင့္ ၂ႏွစ္ ၊ ၉ႏွစ္ ၊ ၁၆ႏွစ္ ၊၂၃ႏွစ္ ၊ ၃၀ႏွစ္ ၊ ၃၇ႏွစ္ ၊ ၄၄ႏွစ္ ၊ ၅၁ႏွစ္ ၊ ၅၈ႏွစ္ ၊ ၆၅ႏွစ္ ၊ ၇၂ႏွစ္ စေသာအသက္အပိုင္းအျခားေတြမွာ ေရာက္ေနခ်ိန္ဆိုရင္ေတာ့ ကံအညံ့ေတြမ်ားျပားၿပီး ကံဇာတာညိႇဳးႏြမ္းေနတယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။ ဒီအသက္အပိုင္းအျခားေရာက္ေနသူေတြကေတာ့ နီးစပ္တဲ့ဆရာေတြဆီမွာေမးျမန္းၿပီး အေသးစိပ္အၾကံဉာဏ္ယူေစခ်င္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ေျပာရရင္ ဒီႏွစ္မွာစပ္တူေ႐ွာင္ပါ။ လုပ္ငန္းသစ္ေတြကို သတိနဲ႔ယွဥ္လုပ္ပါ။ အတၱထက္ ပရကို ပိုစဥ္းစားပါ။ ႏိုင္ငံျခားကိစၥေတြမွာ အခက္အခဲမ်ားႏိုင္ပါတယ္။ ပညာသင္ယူတဲ့အပိုင္း ၊အသက္ေမြးမႈပညာသင္တဲ့ကိစၥေတြမွာေတာ့ အဆင္ေျပေအာင္ျမင္မႈေတြကိုျဖစ္ေစပါလိမ့္မယ္။ကုသိုလ္အလုပ္ ၊ ဘာသာေရးအလုပ္ေတြကေတာ့ ေအာင္ျမင္ေပါက္ေျမာက္တတ္ပါတယ္။ စိတ္ပင္ပန္း ၊ လူအပင္ပန္းခံမွ အဆင္ေျပမဲ့ႏွစ္လို႔ ေျပာၾကားရင္း နိဂုံးခ်ဳပ္အပ္ပါတယ္ဗ်။

တစ္ႏွစ္စာအထူးယၾတာ

– ေမြးေန႔နံနက္တြင္ နီးစပ္ရာေစတီရဲ႕စေနေထာင့္မွာ မီးခိုးေရာင္အက်ႌဝတ္ဆင္လ်က္ ႏြားႏို႔တစ္ခြက္ လႉဒါန္းဆုေတာင္းတာမ်ိဳး မၾကာခဏလုပ္ေပးေစခ်င္ပါတယ္။

– ရဟန္းသံဃာေတြကို ယပ္ႏွင့္ဖိနပ္ မၾကာခဏလႉေပးလိုက္ပါ။

– ပ႒ာန္းကို တစ္ေန႔တစ္ေခါက္ အနည္းဆုံး႐ြတ္ေပးပါ။

– ခင္ပြန္းႀကီးဆယ္ပါးကို ရည္မွန္းၿပီးေတာ့ မၾကာခဏဆြမ္းကပ္ေပးပါ။

– ဘုရားေစတီေရာက္တိုင္း အာ႐ုံခံတန္ေဆာင္းေတြမွာ တံျမက္စည္းလွဲက်င္းေပးပါ။
.
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)