ကား၀ပ်ရှော့ဆရာတွေ ပြောပြထားတဲ့ သင့်ကားကို လုံးဝမလုပ်သင့်တဲ့ အချက် ( ၁၀ ) ချက်
ယနေ့ခေတ်ကားတွေဟာလုံခြုံစိတ်ချရတဲ့စွမ်းဆောင်ရည်တွေရှိနေပါပြီ၊ပြီးတော့ကွန်ပြူတာတွေကလည်းအားလုံးကိုချောမွတ်အောင်သွားစေနိုင်ဖို့၊လွဲမှားနေတဲ့အမိန့်ပေးမှုတွေကနေ ဖြစ်စေတဲ့ ကားပိတ်ခြင်းတွေ၊ကားမောင်းသူတွေကို ဘာတွေဖြစ်လာမယ်ဆိုတဲ့ငြင်းဆိုနိုင်စွမ်းတွေကကောင်းတာတွေဖြစ်လာစေဖို့အတွက်ဦးတည်နေပါတယ်၊
၁။ အင်ဂျင်ကို ကားမောင်းနေရင်မပိတ်ပါနဲ့
အကယ်၍သင်ဟာအမြန်ဆုံးအလျင်နဲ့မောင်နေရင်းနဲ့မတော်တဆအင်ဂျင်ပိတ်မိသွားတယ်ဆိုရင်တော့ဘာမှတော့မကောင်းတာဖြစ်လာမှာမဟုတ်ပါဘူး၊ ယနေ့ခေတ်ကားတွေကထိုကဲ့သိုအခြေ အနေတွေအတွက်ဘေးကင်းစေမယ့်နည်းလမ်းတွေထည့်သွင်းပေးထားတဲ့အတွက်ကြောင့်ပါ၊ဘယ်လိုပဲဖြစ်နေပါစေ မပိတ်တာဟာအကောင်းဆုံးပါပဲ၊
၂။ မောင်းနေရင်းကားနောက်ပြန်ဆုတ်ဂီယာမထိုးပါနဲ့
ကားမောင်းနေရင်းနဲ့နောက်ပြန်ဆုတ်တဲ့ဂီယာကိုပြောင်းလိုက်တာဟာသင့်ကားကွန်ပြူတာကတော့တုံပြန်မှုပေးမှာမဟုတ်တော့ဘာမှဖြစ်စေမှမဟုတ်ပေမယ့်မကောင်းတဲ့အတွေးဖြစ်ပါတယ်၊
၃။ မောင်းနေရင်းရပ်နားခြင်းဂီယာမထိုးပါနဲ့
မစမ်းကြည့်ပါနဲ့၊သင့်ကားကွန်ပြူတာဟာ လုံခြုံစေဖို့အတွက်အမိန့်ပေးမှုကို ငြင်း ဆန်မှာဖြစ်ပါတယ်၊ကွဲလွဲတဲ့အမိန့်တွေဟာသင့်ကားကိုထိခိုက်မှုတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊
၄။ စက်နှိုးသော့ကို သော့တံတွေအများကြီးနဲ့ တွဲမထားပါနဲ့
သော့တွေအများကြီးတွဲထားတာကစက်နှိုးသော့ရဲ့အလေးချိန်ကိုတိုးစေပြီး သော့တပ်တဲ့အပေါက်ကို ထိခိုက်စေနိုင်ပါတယ်၊ဒါကြောင့်ကားသော့မှာသော့နှစ်ချောင်းတွဲလောက်ပဲထားပါ၊
၅။ ဆီပြောင်းပါ
ထုတ်လုပ်သူတွေညွန်ကြားထားတဲ့ဆီဘယ်လိုပြောင်းရမလဲဆိုတာကိုလိုက်နာပါ၊အကြောင်းရှိပါတယ်များသောအားဖြင့်ကားသစ်တွေဟာစက်ရုံကမထုတ်မီပါးလွှာတဲ့ဆီကိုသုံးပါတယ်၊ဒါကြောင့် ၁၀၀၀ ကီလိုမီတာမောင်းပြီးရင်တော့ဆီပြောင်းပါ၊
၆။ အင်ဂျင်ကို ဆီ အပြည့်မဖြည့်ပါနဲ့
အင်ဂျင်ရဲ့ဆီလှောင်ကန်မှာပြည့်မပြည့်ဖော်ပြတဲ့အရာပါပါတယ်၊ပြည့်ပြီဆိုတဲ့ အညွန်းအထိပဲဖြည့်ပါ၊လျှံအောင်ဖြည့်တယ်ဆိုရင်တော့ကြီးမားတဲ့ကျရှုံးမှုနဲ့အတူကားရဲ့ထောင့်တွေကနေ မီးခိုးတွေထွက်လာပါလိမ့်မယ်၊
၇။ ဆီလုံးဝကုန်သွားတဲ့အထိမစောင့်ပါနဲ့
သန့်ပါတယ်ဆိုတဲ့ဆီတွေတောင်အမှုန်တွေပါလာပြီးထိုအမှုန်တွေကိုကမ္ဘာမြေကြီးကဆွဲထားတာကြောင့်အောက်ဖက်မှာအနယ်ထိုင်နေတာပါ၊အကယ်၍ မီးခိုးတွေထွက်တဲ့အထိမောင်းပြီးသုံးလိုက်တယ်ဆိုရင်အကြွင်းအကျန်တွေအနေနဲ့၎င်းအမှုန်တွေကပ်ကျန်နေပါလိမ့်မယ်၊ယေဘုယျအားဖြင့်ပြောရရင်တော့ ဆီဒိုင်ခွက်မှာဆီကုန်ခါနီးတစ်လက်မလောက်ပဲကျန်တော့တယ်ဆိုရင်တော့ ဆီသွားဖြည့်သင့်ပါတယ်၊ပြီးတော့ ၎င်းဟာ စိုစွတ်တဲ့စက်တွေဖြစ်တဲ့အတွက် အမြဲ တမ်းနှစ်မြုပ်နေအောင်ထားမှအဆင်ပြေမှာပါ၊
၈။ အချက်ပေးသင်္ကေတတွေကို ဂရုမပြုဘဲမနေပါနဲ့
ကားတစ်ခုနဲ့တစ်ခုမှာအချက်ပြသင်္ကေတတွေဟာမတူပါဘူး၊ဒါပေမယ့် ယေဘုယျအားဖြင့်တော့အရောင်လေးတွေနဲ့ပါ၊ အစိမ်းရောင်(တစ်ခါတစ်လေ အပြာရောင်)သင်္ကေတဟာတစ်ခုသောစနစ်က အသက်ဝင်နေပြီဆိုတာပြပါတယ်၊အဝါရောင်ကတော့တစ်ခုခု လုပ်ပေးရမယ်၊ စစ်ဆေးရမယ်ဆိုတာကိုပြပါတယ်၊အနီရောင်ကတော့အချို့သောအမျိုးအစားတူတဲ့အရေးကြီးတဲ့ကိစ္စတွေကိုညွန်ပြနေပြီးသင့်ကားဟာလက်တစ်လောမှာ မောင်းနှင်လို့မရကြောင်းကိုဆိုလိုပြီး သင်လုပ်နေတဲ့အရာတစ်ခုကိုရပ်သင့်ကြောင်းဆိုလိုခြင်းဖြစ်ပါတယ်၊
ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့သင့်ကားရဲ့ယာဉ်မောင်းရှေ့ရှိ ဒိုင်ခွက်ပေါင်မှာအချက်ပေးချက်မီးလေးတွေပျောက်မသွားဘူးဆိုရင်တော့စက်ပြင်ဆရာဆီကိုချက်ခြင်းပဲဖုန်းဆက်လိုက်ပါ၊
၉။ တာယာလေလျော့မလျော့ကြည့်ပါ
နောက်ထပ်ကောင်းမွန်တဲ့အလေ့အကျင့် တစ်ခုပါ၊တာယာကိုအမြဲကြည့်ကြည့်ပေးပါ၊အကယ်၍သင်ဟာတာယာလေလျော့နေတယ်ဆိုတာခံစားမိတယ်ဆိုရင်ဒါမှမဟုတ်တာယာဟာပန်ကိတ်လိုမျိုးပြားနေပြီဆိုရင်တာယာအပြားကြီးနဲ့ မမောင်းသင့်ပါဘူး၊အန္တရာယ်များပါတယ်၊ဒီတော့တာယာလဲတာပဲဖြစ်ဖြစ်လေထိုးတာပဲဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်၊
၁၀။ ဘီးတွေရဲ့ဟန်ချက်ကို ကြည့်ပေးပါ
အကယ်၍သင်ဟာအတားအဆီးတစ်ခုကိုတိုက်မိတယ်ဆိုရင်(လုပ်စမ်းပါ၊ ကျွန်တော်တို့အကုန်လုံးတိုက်မိဖူးပါတယ်၊)ကားကိုကားပြင်ဆိုင်ပို့ပါ၊ပြီးတော့ စက်ပြင်ဆရာကိုဟန်ချက်နဲ့ဖြောင့်တန်းမှုရှိမရှိမေးကြည့်ပါ၊အကယ်၍ဘီးတွေဟာ ဟန်ချက်မညီဘူးဆိုရင်သင့်ကားကိုကောင်းကောင်းထိန်းလို့ရမှာမဟုတ်ပါဘူး၊ညှိပါ၊ဝမ်းနည်းစေမှုတွေထက်စာရင်တော့ ပိုလုံခြုံပါတယ်၊
Credit ကား-Car အကြောင်းစုံ
credit photo from google
၅။ ဆီပြောင်းပါ