အင်္ဂ လန်နိုင်ငံ၊ လန်ဒန်မြို့အလယ်ပိုင်းမှာ နေထိုင်တဲ့ အသက် 21 နှစ်အရွယ် ကျောင်းသူမလေး Narinthorn Alexander ဟာ သူမရဲ့ အသက် 21 နှစ်ပြည့် မွေးနေ့မှာ အပြင်းစား Jack Daniels ဝီစကီကို တစ်ဝက်အထိ သောက်သုံး အောင်ပွဲခံပြီး သေဆုံးခဲ့တယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Jack Daniels ဝီစကီဟာ အယ်လ်ကိုဟောပါဝင်မှု 40% အထိရှိပြီး သောက်သုံးခွင့် အကန့်အသတ်နဲ့ ခွင့်ပြုထားတဲ့ ဝီစကီဖြစ်ပါတယ်။ အတော် သောက်သက်ရင့်နေတဲ့ ဇိုးသမားတွေနဲ့မှ အဆင်ပြေနိုင်တဲ့ အရက်ဖြစ်ပါတယ်။ ဒါပေမယ့် Alexander ဟာ ဒီအရက်ကို သောက်လုံး သေဆုံးခြင်းထက် ကြက်သားနင်ပြီး သေဆုံးတာလို့လည်း သိရပါတယ်။

Johnnie Walker ကိုလည်း တွဲစပ်သောက်သုံးခဲ့ကြောင်း သေမှုသေခင်းအရာရှိက ဆို

Alexander ဟာ Thai Tho အမည်ရ စားသောက်ဆိုင်မှာ အပေါင်းအသင်း 7 ယောက်နဲ့အတူ Johnnie Walker ကိုလည်း တွဲစပ်သောက်သုံးခဲ့ကြောင်း သေမှုသေခင်းအရာရှိက ဆိုပါတယ်။ သူမဟာ နောက်ဆုံး ကြက်သားတစ်ဖဲ့ကို ဝါးပြီး၊ အန်ဖို့အတွက် သန့်စင်ခန်းကို သွားခဲ့ပါတယ်။

ယင်းနောက် ကြက်သားဖက် နင်ပြီး သန့်စင်ခန်းကြမ်းပြင်ပေါ်မှာ လဲကျနေတာကို စားပွဲထိုးတစ်ဦးက အရင်ဆုံးတွေ့ခဲ့တာပါ။ ဒါပေမယ့် ပထမဆုံးတွေ့ရှိတဲ့သူက အမူးလွန်ပြီး လဲကျနေတာလို့ ထင်မှတ်ကာ သတိပြန်လည်အောင် နှိုးခဲ့ပါတယ်။ လူနာတင်ကား ခေါ်ဖို့ ဒီအချိန်မှာ သူက သတိမရခဲ့ဘူးလို့ ရိုးရိုးသားသားဝန်ခံခဲ့ပါတယ်။

Alexander ရဲ့ လည်ချောင်းထဲမှာ တစ်ဆို့နေတဲ့ ကြက်သားဖက် ခပ်ကြီးကြီးကို တွေ့ခဲ့ရပါတယ်

မှုခင်းဆရာဝန်က စစ်ဆေးတဲ့အခါမှာတော့ Alexander ရဲ့ လည်ချောင်းထဲမှာ တစ်ဆို့နေတဲ့ ကြက်သားဖက် ခပ်ကြီးကြီးကို တွေ့ခဲ့ရပါတယ်။ အဆုတ်ထဲကို အောက်စီဂျင်ပမာဏ ဝင်ရောက်မှု အလွန်နည်းပါးနေတာကို ထောက်ဆခြင်းအားဖြင့် အရက်သောက်လို့ သေခြင်းထက်၊ အစာနင်ပြီး သေခြင်းဖြစ်ကြောင်း မှုခင်းဆရာဝန်က ကောက်ချက်ချခဲ့ပါတယ်။

Alexander သေဆုံးခြင်းကို St Pancras Coroner’s Court တရားရုံးမှာ နာကြားခဲ့ပြီး၊ သူငယ်ချင်းတွေရဲ့ ထွက်ဆိုချက်မှာတော့ သူမတို့အဖွဲ့ဟာ Alexander ရဲ့ မွေးနေ့မရောက်မီ နှစ်ရက်အလိုမှာ ကြိုတင်အောင်ပွဲခံခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ကြတယ်လို့ သိရပါတယ်။ ထိုနေ့က သူမတို့အဖွဲ့ဟာ အစားကိုလုံးဝ မစားသလောက်ကို သောက်စားခဲ့တယ်လို့ ဆိုပါတယ်။

Alexander ရဲ့ မွေးနေ့မရောက်မီ နှစ်ရက်အလိုမှာ ကြိုတင်အောင်ပွဲခံခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ကြတယ်လို့ သိရပါတယ်

တရားရုံးက ယခုဖြစ်ရပ်မှာ မည်သူ့ကိုမျှ စွဲချက်တင်ရန် မရှိကြောင်း၊ ဘယ်သူမပြု မိမိမှုသာ ဖြစ်ကြောင်း၊ အစာနင်ပြီး အသက်ရှုလမ်းကြောင်း ပိတ်ဆို့ကာ ဦးနှောက်နဲ့ အဆုပ်ထဲကို အောက်စီဂျင်ဝင်ရောက်မှု လုံးဝမရှိတော့ဘဲ သေဆုံးခြင်းသာ ဖြစ်ကြောင်း၊ ဒါ့အပြင် Alexander ရဲ့ သေဆုံးခြင်းဟာ အရက်အလွန်အကျွံသောက်ခြင်းနဲ့လည်း ဆက်စပ်နေကြောင်း ဖတ်ကြားခဲ့ပါတယ်။

Source: Mirror