မြန် မာနိုင်ငံရဲ့ လူငယ်ပရိတ်သတ်တွေ အားကျခဲ့ကြရတဲ့ စုံတဲ့ အနုပညာ တစ်တွဲရှိခဲ့ပါတယ်။ ဒါကတော့ Gfatt နဲ့ နန်းဆုတို့ပဲဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ဦးနဲ့ တစ်ဦး သိပ်ချစ်ခဲ့ကြပါတယ်။ နန်းဆု စိတ်ကောက်တဲ့အခါ Gfatt ချော့တာလေးတွေကို မိန်းကလေး ပရိတ်သတ်တွေဟာလည်း အားကျခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် သူတို့ ၂ ဦး လမ်းခွဲခဲ့ကြပါတယ်။

အခုဆိုရင် Gfatt ဟာ နန်းဆုနဲ့ ပတ်သတ်ပြီး အင်တာဗျူး တစ်ခုမှာ ယခုလို ဖြေကြားလာခဲ့ပါတယ်။ သူတို့ မှာ တစ်ဦးနဲ့ တစ်ဦးက အမှားတွေရှိတယ်လို့ ဆိုပါတယ်။ တစ်ဘက်တည်းက မှားနေတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီလို မပြတ်စဲခင်မှာ သူတို့ ၂ ဦး ညှိုနှိုင်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ညှိုနှိုင်းလို့ မရတာတွေမျေားလာလို့ Rs ကို ရပ်တန့်လိုက်ရတာလို့ ဆိုပါတယ်။ သစ္စာဖောက်လို့ မဟုတ်ပါဘူးလို့ ထပ်လောင်းဖြေကြားခဲ့ပါတယ်။

ပရိတ်သတ်ကြီးတော်တော်များများကလည်း သူတို့ချစ်တဲ့ အနုပညာရှင် ၂ ဦးကို ပြန်လည် ပေါင်းစပ်စေချင်ကြပါတယ်။ အရမ်းကို လိုက်ဖက်တဲ့ စုံတွဲလေးဖြစ်လို့ အခုလို ပြတ်စဲမှုကို စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ပရိတ်သတ်ကြီးအတွက် Gfaat ရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်……….။

Writer- ME(Shwe Yaung Lan)
Video Source : Myanmar Celebrity TV