ရုပ်ရှင် နဲ့ ဗီဒီယို သရုပ်ဆောင် ဦးဟိန်းမင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေတော်တော်များများမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေပြီး အောင်မြင်မှုတွေရရှိထားတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ပါ။ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်လွန်းလှစွာ သရုပ်ဆောင်နိုင်ပြီး ဇာတ်ကားကောင်းကြီးတစ်ကားဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ ဦးဟိန်းမင်းကလည်း တစ်ယောက်အနေနဲ့ အပါအဝင်ပဲဖြစ်ပါတယ်။

ဦး ဟိန်းမ င်းကတော့ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ “အမှောင်တွေရွာချတဲ့ မိုးတိမ်”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုရရှိမယ်လို့ ထင်ကြေးပေးခံခဲ့ရပါသေးတယ်။ဦးဟိန်းမင်းအတွက်တော့ အခုလို ထင်ကြေးပေးခံရတာဟာ အနုပညာသက်တမ်း (၄၀)အတွင်းမှာ ပထမဆုံးအကြိမ် အကယ်ဒမီဆုကြီးရရှိမယ်လို့ ထင်ကြေးပေးခံခဲ့ရတာပါ။အကောင်းလုံး သရုပ်ဆောင်ချက်တွေကို ချပြနိုင်ခဲ့ပေမဲ့လည်း ထူးချွန်ဆုကြေညာချိန်မှာတော့ လွဲချော်ခဲ့ပြီး အကယ်ဒမီဆုရရှိခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

သို့ပေမဲ့လည်း ဒီနှစ်မှာတော့ ကြိုးစားလွန်းလှတဲ့ ဦးဟိန်းမင်းအတွက်တော့ အခွင့်အရေးကထပ်မံရောက်ရှိလာပြန်ပါတယ်။လတ်တလော ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ “ချည်”ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဦးဟိန်းမင်းကသူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ထပ်မံချပြခွင့်ရခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ပြခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ “ချည်”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဦးဟိန်းမင်းကဒီနှစ်မှာ အကယ်ဒမီဆုကြီးကို အရယူနိုင်လိမ့်မလား။

Credit – Chilli – CeleGabar