၂၀၁၉ ခုနှစ်အတွင်း ကြွေလွင့်ခဲ့ရတဲ့ ပြည်သူ့ အချစ်တော် အနုပညာရှင်များ

၂၀၁၉ ခုနှစ်အတွင်းကွယ်လွန်ခဲ့တဲ့ အနုပညာရှင်များဟာအသက်အရွယ်၊ ရောဂါဝေဒနာစတဲ့အကြောင်းအမျိုးမျိုး ကြောင့်ကြွေလွင့်ခဲ့ကြရပါတယ်။

ဒါကြောင့် ၂၀၁၉နှစ်တွေအတွင်း ကြွေလွင့်ခဲ့ကြတဲ့အနုပညာရှင် များ အ ကြောင်းအောက်မေ့လွမ်းဆွတ်ဖွယ် အနေနဲ့ စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်။

ကင်းကောင်၊ဟာသသရုပ်ဆောင်ကင်းကောင်ဟာ ၂၀၁၉ ဇန်နဝါရီလ၂၂ရက် မနက် ၇ နာရီဝန်းကျင်ကပုပ္ပါးမှာချွဲကျပ်ပြီးရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ကင်းကောင်ဟာ အသက်၅၅နှစ်ရှိပြီ

ဖြစ်ပြီးကျန်းမာရေးအနည်းငယ်ပြန်လည် ကောင်းမွန်လာချိန်ပါ။ကျန်းမာရေးကောင်းလို့ဇာတ်ကားများပြန်လည်ရိုက်ကူးလာရာမှဇာတ်ကားရိုက်ကူးရေး ခရီးစဉ်အတွင်းကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။အနုပညာလောကမှာ

ဆယ်စုနှစ်များစွာအောင်မြင်မှုတွေရရှိထားတဲ့ကင်းကောင်ဟာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများစွာမှာလည်းဟာသသရုပ်ဆောင်တဦးအဖြစ်ပါဝင်ခဲ့သူလည်းဖြစ်ပြီးလူရွှင်တော်အသင်းရဲ့ နာယကတဦးလည်းဖြစ်ပါတယ်။

ဟာသသရုပ်ဆောင်ကင်းကောင်ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက အနုပညာလုပ်ငန်းများကိုပါဝင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး “အရှည်ကြီး”အမည်နဲ့ လူရွှင်တော်တဦးအဖြစ်စတင်ခဲ့ကာမြပုဏ္ဏမာ

အငြိမ့်မှာကင်းကောင်အမည်ဖြင့်စတင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ကင်းကောင်ဟာ ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)စီစဉ်တင်ဆက်သည့် “သရဲလေးကောင်နှင့်ကျွန်တော်”ပြဇာတ်မှာလည်း အကယ်ဒမီ လွင်မိုး၊အရိုင်း

ငှက်ပျောကြော်၊ဖိုးဖြူတို့နှင့်တွဲဖက်ညီညီ တင်ဆက်ခဲ့သူဖြစ်ပြီး “သရဲလေးကောင်” ပြဇာတ်မှာအောင်မြင်မှု များစွာရရှိခဲ့ပြီး လက်ရှိအချိန်ထိပရိသတ်များရင်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည့်ပြဇာတ်တခု ဖြစ်ပါတယ်။

ကစ်ကစ်၊မြန်မာနိုင်ငံမှာရှားပါးတဲ့ အမျိုး သမီးဟာသမယ်တဦးဖြစ်တဲ့ကစ်ကစ်ကတော့၂၀၁၉ နိုဝင်ဘာ ၂၆ ရက်နေ့ မှာ သူချစ်တဲ့အနုပညာလောကကို ကျော ခိုင်းထွက်ခွာသွားခဲ့တာပါ။ကစ်ကစ်ဟာ ကွယ်လွန်ချိန်

မှာတော့အသက် ၄၈ နှစ် အရွယ် ရှိပြီဖြစ်ပြီးသမီးတယောက်ကျန်ရစ်ခဲ့ပါတယ်။ ကစ်ကစ်ဟာမကွယ်လွန်သေးတဲ့အချိန်အထိကျောက်ကပ်ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီးအလှူရှင်များ

ပေးလှူခဲ့တဲ့အလှူငွေများနဲ့ ရောဂါကို ကုသခဲ့ရသူပါ။ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာအနုပညာလောကထဲမှာ ဗီဒီယိုဇာတ်ကားများ၊ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပြီးပရိသတ်တွေကို ရယ်မော

ပျော်ရွှင်စေခဲ့သူပါ။သရုပ်ဆောင်ကစ်ကစ်ကလယ်ဝေးဇာတိဖြစ်ပြီး ရန်ကုန်ကို ရောက်ရှိကာအနုပညာလောကထဲ ဝင်ရောက်လာခဲ့သူပါ။ကျောက်ကပ်ရောဂါကြောင့်ဝေဒနာခံစားနေရချိန်မှာတောင် အနုပညာ

အလုပ်တွေကိုဆက်လုပ်ချင်နေခဲ့တဲ့ အနုပညာရှင်တဦးပါ။ဒါပေမယ့် မြန်မာ နိုင်ငံရဲ့ရှားရှားပါးပါး အမျိုးသမီးဟာသ သရုပ်ဆောင်ကစ်ကစ်က ၂၀၁၉ခုနှစ်အတွင်းမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

သာဇံ၊ ဟားငါးကောင်အဖွဲ့ဝင်ဟောင်း လူရွှင်တော်သာဇံဟာ ၂၀၁၉ နိုဝင်ဘာ ၂၉ ရက်နေ့ကရန်ကုန်မြို့၊အနောက်ပိုင်း ဆေးရုံမှာအသည်းရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။သာဇံကွယ်လွန်ချိန်မှာတော့အသက်

၃၄နှစ် ရှိနေပြီဖြစ်ပါတယ်။သာဇံကတော့ ကွယ်လွန်သွားတော့မိန်းမနဲ့ကလေးကတော့ကျန်ခဲ့ပါတယ်။ကလေးလေးက မွေးခါစအရွယ်လေးဖြစ်လို့လည်းသူရဲ့ ကျန်ရစ်ခဲ့တဲ့ဇနီးနဲ့ကလေးကို

ကျန်ရစ်တဲ့လူရွှင်တော်များကကူညီစောင့်ရှောက်ပေးခဲ့ရပါတယ်။သာဇံကလည်းသူမကွယ်လွန်ခင်မှာပရိသတ်များကိုရယ်မောစရာဟာသပြက်လုံးများနဲ့ ရယ်မောပျော်ရွှင်စေခဲ့သူတဦးပါ။

တေးရေး ကမ္ဘာ၊အဆိုတော်ဂျီလတ်ရဲ့ ညီဖြစ်သူတေးရေးကမ္ဘာကတော့ ၂၀၁၉ ခုနှစ် မတ်လအတွင်းကနေပြည်တော် ပုဗ္ဗသီရိမြို့နယ်လမ်းပေါ်မှာသေဆုံးလျက် တွေ့ရှိခဲ့ကြတာပါ။ထိုးသွင်းဒဏ်ရာများနဲ့

သေဆုံးခဲ့တာဖြစ်ပေမယ့်ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကိုတော့အတိအကျ မသိခဲ့ရပါဘူး။တေးရေးကမ္ဘာက အဆို တော်ဂျီလတ်ရဲ့အောင်မြင်ကျော်ကြားခဲ့တဲ့တေးသီချင်းများစွာကိုရေးသားပေးခဲ့သူပါ။

ကမ္ဘာရဲ့ထင်ရှားပြီးလူကြိုက်များခဲ့တဲ့ တေးသီချင်းတွေကတော့ “ခဏတာ”၊ “အချိန်လွန်ငှက်”၊“မြို့ပြလမ်းခွဲ”၊ “ထို့ ကြောင့် ဝေးရသည်” စတဲ့တေးသီချင်းတွေပဲဖြစ်ပါတယ်။

ခရက်ဒစ်

၂၀ ၁၉ခုႏွစ္အတြင္း ေႂကြလြင့္ခဲ့ရတဲ့ ျပည္သူ႕ အခ်စ္ေတာ္ အႏုပညာရွင္မ်ား

၂၀၁၉ ခုႏွစ္အတြင္းကြယ္လြန္ခဲ့တဲ့ အႏုပညာရွင္မ်ားဟာအသက္အ႐ြယ္၊ ေရာဂါေဝဒနာစတဲ့အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ေႂကြလြင့္ခဲ့ၾကရပါတယ္။

ဒါေၾကာင့္ ၂၀၁၉ႏွစ္ေတြအတြင္း ေႂကြလြင့္ခဲ့ၾကတဲ့အႏုပညာရွင္ မ်ား အ ေၾကာင္းေအာက္ေမ့လြမ္းဆြတ္ဖြယ္ အေနနဲ႕ စုစည္းၿပီးေဖာ္ျပေပးလိုက္ပါတယ္။

ကင္းေကာင္၊ဟာသသ႐ုပ္ေဆာင္ကင္းေကာင္ဟာ ၂၀၁၉ ဇန္နဝါရီလ၂၂ရက္ မနက္ ၇ နာရီဝန္းက်င္ကပုပၸါးမွာခြၽဲက်ပ္ၿပီး႐ုတ္တရက္ကြယ္လြန္သြားခဲ့ပါတယ္။ ကြယ္လြန္ခ်ိန္မွာေတာ့ကင္းေကာင္ဟာ အသက္၅၅ႏွစ္ရွိၿပီ

ျဖစ္ၿပီးက်န္းမာေရးအနည္းငယ္ျပန္လည္ ေကာင္းမြန္လာခ်ိန္ပါ။က်န္းမာေရးေကာင္းလို႔ဇာတ္ကားမ်ားျပန္လည္ရိုက္ကူးလာရာမွဇာတ္ကားရိုက္ကူးေရး ခရီးစဥ္အတြင္းကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။အႏုပညာေလာကမွာ

ဆယ္စုႏွစ္မ်ားစြာေအာင္ျမင္မႈေတြရရွိထားတဲ့ကင္းေကာင္ဟာ႐ုပ္ရွင္ႏွင့္ ဗီဒီယိုဇာတ္ကားမ်ားစြာမွာလည္းဟာသသ႐ုပ္ေဆာင္တဦးအျဖစ္ပါဝင္ခဲ့သူလည္းျဖစ္ၿပီးလူ႐ႊင္ေတာ္အသင္းရဲ႕ နာယကတဦးလည္းျဖစ္ပါတယ္။

ဟာသသ႐ုပ္ေဆာင္ကင္းေကာင္ဟာ တကၠသိုလ္ေက်ာင္းသားဘဝကတည္းက အႏုပညာလုပ္ငန္းမ်ားကိုပါဝင္လုပ္ကိုင္ခဲ့သူျဖစ္ၿပီး “အရွည္ႀကီး”အမည္နဲ႕ လူ႐ႊင္ေတာ္တဦးအျဖစ္စတင္ခဲ့ကာျမပုဏၰမာ

အၿငိမ့္မွာကင္းေကာင္အမည္ျဖင့္စတင္ပါဝင္ခဲ့သူျဖစ္ပါတယ္။ကင္းေကာင္ဟာ ဒါရိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)စီစဥ္တင္ဆက္သည့္ “သရဲေလးေကာင္ႏွင့္ကြၽန္ေတာ္”ျပဇာတ္မွာလည္း အကယ္ဒမီ လြင္မိုး၊အရိုင္း

ငွက္ေပ်ာေၾကာ္၊ဖိုးျဖဴတို႔ႏွင့္တြဲဖက္ညီညီတင္ဆက္ခဲ့သူျဖစ္ၿပီး“သရဲေလးေကာင္” ျပဇာတ္မွာေအာင္ျမင္မႈ မ်ားစြာရရွိခဲ့ၿပီးလက္ရွိအခ်ိန္ထိပရိသတ္မ်ားရင္ထဲတြင္ စြဲထင္က်န္ရစ္ခဲ့သည့္ျပဇာတ္တခု ျဖစ္ပါတယ္။

ကစ္ကစ္၊ျမန္မာနိုင္ငံမွာရွားပါးတဲ့ အမ်ိဳး သမီးဟာသမယ္တဦးျဖစ္တဲ့ကစ္ကစ္ကေတာ့၂၀၁၉နိုဝင္ဘာ၂၆ ရက္ေန႕ မွာ သူခ်စ္တဲ့အႏုပညာေလာကကို ေက်ာခိုင္းထြက္ခြာသြားခဲ့တာပါ။ကစ္ကစ္ဟာ ကြယ္လြန္ခ်ိန္

မွာေတာ့အသက္ ၄၈ ႏွစ္ အ႐ြယ္ ရွိၿပီျဖစ္ၿပီးသမီးတေယာက္က်န္ရစ္ခဲ့ပါတယ္။ ကစ္ကစ္ဟာမကြယ္လြန္ေသးတဲ့အခ်ိန္အထိေက်ာက္ကပ္ေရာဂါေဝဒနာကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီးအလႉရွင္မ်ား

ေပးလႉခဲ့တဲ့အလႉေငြမ်ားနဲ႕ ေရာဂါကို ကုသခဲ့ရသူပါ။ဟာသ သ႐ုပ္ေဆာင္ ကစ္ကစ္ဟာအႏုပညာေလာကထဲမွာ ဗီဒီယိုဇာတ္ကားမ်ား၊႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာကိုရိုက္ကူးခဲ့ၿပီးပရိသတ္ေတြကို ရယ္ေမာ

ေပ်ာ္႐ႊင္ေစခဲ့သူပါ။သ႐ုပ္ေဆာင္ကစ္ကစ္ကလယ္ေဝးဇာတိျဖစ္ၿပီး ရန္ကုန္ကို ေရာက္ရွိကာအႏုပညာေလာကထဲ ဝင္ေရာက္လာခဲ့သူပါ။ေက်ာက္ကပ္ေရာဂါေၾကာင့္ေဝဒနာခံစားေနရခ်ိန္မွာေတာင္ အႏုပညာ

အလုပ္ေတြကိုဆက္လုပ္ခ်င္ေနခဲ့တဲ့ အႏုပညာရွင္တဦးပါ။ဒါေပမယ့္ ျမန္မာ နိုင္ငံရဲ႕ရွားရွားပါးပါး အမ်ိဳးသမီးဟာသ သ႐ုပ္ေဆာင္ကစ္ကစ္က ၂၀၁၉ခုႏွစ္အတြင္းမွာပဲ ကြယ္လြန္သြားခဲ့တာပါ။

သာဇံ၊ ဟားငါးေကာင္အဖြဲ႕ဝင္ေဟာင္း လူ႐ႊင္ေတာ္သာဇံဟာ ၂၀၁၉ နိုဝင္ဘာ ၂၉ ရက္ေန႕ကရန္ကုန္ၿမိဳ႕၊အေနာက္ပိုင္း ေဆး႐ုံမွာအသည္းေရာဂါနဲ႕ကြယ္လြန္သြားခဲ့ပါတယ္။သာဇံကြယ္လြန္ခ်ိန္မွာေတာ့အသက္

၃၄ႏွစ္ ရွိေနၿပီျဖစ္ပါတယ္။သာဇံကေတာ့ ကြယ္လြန္သြားေတာ့မိန္းမနဲ႕ကေလးကေတာ့က်န္ခဲ့ပါတယ္။ကေလးေလးက ေမြးခါစအ႐ြယ္ေလးျဖစ္လို႔လည္းသူရဲ႕ က်န္ရစ္ခဲ့တဲ့ဇနီးနဲ႕ကေလးကို

က်န္ရစ္တဲ့လူ႐ႊင္ေတာ္မ်ားကကူညီေစာင့္ေရွာက္ေပးခဲ့ရပါတယ္။သာဇံကလည္းသူမကြယ္လြန္ခင္မွာပရိသတ္မ်ားကိုရယ္ေမာစရာဟာသျပက္လုံးမ်ားနဲ႕ ရယ္ေမာေပ်ာ္႐ႊင္ေစခဲ့သူတဦးပါ။

ေတးေရး ကမာၻ၊အဆိုေတာ္ဂ်ီလတ္ရဲ႕ ညီျဖစ္သူေတးေရးကမာၻကေတာ့ ၂၀၁၉ ခုႏွစ္ မတ္လအတြင္းကေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္လမ္းေပၚမွာေသဆုံးလ်က္ ေတြ႕ရွိခဲ့ၾကတာပါ။ထိုးသြင္းဒဏ္ရာမ်ားနဲ႕

ေသဆုံးခဲ့တာျဖစ္ေပမယ့္ဘာေၾကာင့္ ဒီလိုျဖစ္တယ္ဆိုတာကိုေတာ့အတိအက် မသိခဲ့ရပါဘူး။ေတးေရးကမာၻက အဆို ေတာ္ဂ်ီလတ္ရဲ႕ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ေတးသီခ်င္းမ်ားစြာကိုေရးသားေပးခဲ့သူပါ။

ကမာၻရဲ႕ထင္ရွားၿပီးလူႀကိဳက္မ်ားခဲ့တဲ့ ေတးသီခ်င္းေတြကေတာ့ “ခဏတာ”၊ “အခ်ိန္လြန္ငွက္”၊“ၿမိဳ႕ျပလမ္းခြဲ”၊ “ထို႔ ေၾကာင့္ ေဝးရသည္” စတဲ့ေတးသီခ်င္းေတြပဲျဖစ္ပါတယ္။

ခရက္ဒစ္