



Unicode

ဒီလောကကြီး က ထူးဆန်းတယ်လို့ပြောရမလား၊ တစ်ခါတစ်ရံမှာ တိုက်ဆိုင်တာ လို့ ဆိုရမှာတော်တော်လေးကို ဇဝေဇဝါဖြစ်စေတဲ့ အဖြစ်တွေ များပါတယ်။ အခု ပရိတ်သတ်ကြီး ကို တင်ဆက်ပေးမယ့် ဗီဒီယိုဖိုင်လေးတစ်ခု ရှိပါတယ်။ ဒါကတော့ ဖခင်နဲ့ မိခင်အတွက် အုတ်ဂူလေး လုပ်ပေးနိုင်ဖို့အတွက် ညောင်ပင်မှာ ဆုတောင်းခဲ့ပြီး ယခုနှစ်ရဲ့ ပထမဦးဆုံးလမှာ သိန်း ၅၀၀ ဆုကို ဆွတ်ခူးခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။

ယ ခု အောင်ဘာလေထီ ၁၁ ကြိမ်မြောက် ကျပ်သိန်း ၅၀၀ ကို ရေကြည်မြို့နယ်က ကဃ ၆၄၂၁၅ နဲ့ ကံထူးခဲ့တာဖြစ်ပါတယ်။ ဆွတ်ခူးခဲ့သူဟာ အနှောင်းလို့ ခေါ်ဆိုပါတယ်။ သူမဟာ သစ်ပင်ကုန်းကျေးရွာ၊ ဆပ်ကွင်း အုပ်စု၊ အသုတ်မြို့၊ ရေကြည်မြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။ သူမရဲ့ ထီထိုးဖြစ်ပုံလေးကို သူမက ယခုလို ဖြေကြားခဲ့ပါတယ်။

သူမဟာ အဖေနဲ့ အမေအတွက် အုပ်ဂူလေး တည်ပေးချင်တာကြောင့် ညောင်ပင်ကြီးမှာ ဆုတောင်းထားတယ်လို့ ဆိုပါတယ်။ သူမဟာ ထီထိုးဖို့အတွက်တောင် မတက်နိုင်လို့ အလုပ်ရှင်ဆီကနေ ငွေ ၂၀၀၀ ချေးယူခဲ့ရပြီး ၁၅၀၀ နဲ့ ထီတစ်စောင်တည်းသာ ထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို မိဘအတွက် ရည်စူးပြီး ထီဆုကို ဆွတ်ခူးခဲ့တာ တော်တော်လေးအံသြဖို့ကောင်းပါတယ်။ ပရိတ်သတ်ကြီးရေ အနှောင်းရဲ့ ဗီဒီယိုလေးကို ကြည်ရှုပေးကြပါဦးနော်……..။

Writer- ME(Shwe Yaung Lan)