



Unicode

Tik Tok ပေါ်မှာ အခွီဗီဒီယိုတွေနဲ့ တင်ဆက်လေ့ရှိတဲ့ မော်ဒယ်နဲ့ သရုပ်ဆောင် ငြိမ်းသော်က ပရိသတ်တွေနဲ့ အထူးတလည် နွေးထွေးရင်းနှီးမှုရှိသူဖြစ်ပြီး ပရိသတ်တွေအတွက် ပျော်ရွှင်စရာ အပြောင်ဗီဒီယို လေးတွေနဲ့ ဖျော်ဖြေပေးပြီး သူ့ရဲ့ချစ်ပရိသတ်တွေနဲ့ အဆက်မပြတ်ထိတွေ့နေသူဖြစ်ပါတယ်။

ငြိမ်းသော်က ည ရုပ်ရှင်ဇာတ်ကားနဲ့အတူ တဟုန်ထိုးနာမည်ကြီးပြီး အနုပညာလောကမှာ နေရာတစ်နေရာကို အခိုင်အမာရရှိခဲ့သလို သူ့ရဲ့ ချစ်ပရိသတ်တွေကြားမှာ ထိုင်းမင်းသားလေးလို ချစ်ဖို့သိပ်ကောင်းတဲ့ အနုပညာရှင် အဖြစ် ရေပန်းစားခဲ့တာပါ။

လတ်တလောမှာတော့ ညိမ်းသော်က မြန်မာနိုင်ငံရဲ့ ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ ပြင်ဦးလွင်မြို့ကိုရောက်ရှိနေပါတယ်။အခုလို ပြင်ဦးလွင်မြို့ကို ရောက်ရှိနေချိန်မှာတော့ ညိမ်းသော်ဟာ သူငယ်ငယ်လေးကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ အိုင်ဒေါမမ သရုပ်ဆောင်ဟောင်း နဝရတ်ဆီကို အလည်သွားရောက်ခဲ့ပါတယ်။

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “ငယ်ငယ်တည်းကသဘောကျခဲ့ရတဲ့ idol မမနဲ့” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အတူတူတွဲရိုက်ထားတဲ့ပုံလေးတွေနဲ့အတူ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ချစ်စရာကောင်းလှတဲ့ နဝရတ်နဲ့ညိမ်းသော်တို့ရဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။