


Source: Kyaw Htet Aung
Credit – CeleGabar

Unicode

မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးပြိုင်ပွဲဝင်(၃)ဦးဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ ဘင်ဂျမင်ဆုမ်း၊ အေးမြဖြူ တို့ရဲ့ Grand Final ပြိုင်ပွဲကြီးရဲ့ နောက်ဆုံး Winner Result မကြေငြာခင် စင်နောက်မှာ အစီစဉ်တင်ဆက်သူ ကျော်ထက်အောင်နဲ့အတူတူ ပျော်ပျော်ပါးပါး သီချင်းတွေလိုက်ဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကို ကျော်ထက်အောင်ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပြိုင်ပွဲဝင်(၃)ဦးဟာ Winner ဘယ်သူရရှိမလဲမသိသေးပေမယ့် ပျော်ပျော်ပါးပါးသီချင်းတွေ လိုက်ဆိုနေကြတာကိုကြည့်ရင် မောင်နှမရင်းချာတွေလုံး စည်းလုံးပျော်ရွှင်နေတာကြတာကို မြင်တွေ့ရမှာပါ။လက်ရှိမှာတော့ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်မှာ Winner ဆုကြီးကိုရရှိခဲ့ပြီး Winner ဆုနဲ့လွဲချော်ခဲ့တဲ့ အေးမြဖြူ၊ဘင်ဂျမင်ဆုမ်းကို (၁၀)သိန်းစီ ပြန်လည်ပေးသွားမှာလည်းဖြစ်ပါတယ်။ (၁၀)သိန်းစီပေးတာကတော့ နောက်ဆုံးပြိုင်ပွဲ(၃)ဦးကြာမှာထားရှိခဲ့တဲ့ Winnerရရှိသူများ ကျန်(၂)ယောက်ကို (၁၀)သိန်းစီပေးရမယ်ဆိုတဲ့ ချစ်စဖွယ်ကတိလေးတစ်ခုကြောင့်ပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးအတွက် မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးရဲ့ နောက်ဆုံးပြိုင်ပွဲဝင်(၃)ဦးဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ ဘင်ဂျမင်ဆုမ်း၊ အေးမြဖြူ တို့ရဲ့ Winner Result မကြေငြာခင် စင်နောက်က ချစ်စရာဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပါတယ်။

Source: Kyaw Htet Aung
Credit – CeleGabar