(၂) သူရိယနဲ့ ဆုအိမ်စံ
Credit -CeleGabar
Unicode
အချစ်ရေးမှာ ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုရရိကြတဲ့ အနုပညာရှင်တွေထဲကမှာ နှစ်အတော်ကြာလက်တွဲလာခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် အချစ်ကံခေကာ ကွဲကွာခဲ့တဲ့ အနုပညာရှင်စုံတွဲတွေကတော့ ဘန်နီဖြိုးနဲ့ဟန်နာယူရီ၊ သူရိယနဲ့ဆုအိမ်စံ၊ G Fatte နဲ့နန်းဆုရတီစိုး တို့ပဲဖြစ်ပါတယ်။
(၁) ဘန်နီဖြိုးနဲ့ဟန်နာယူရီ
နိုင်ငံကျော် အဆိုတော် ဘန်နီဖြိုးလို့ ပြောလိုက်ရင် ပရိသတ်တော်တော်များကို အဆွေးသီချင်းလေးနဲ့ လိုက်ဖက်လွန်တေးသံရှင်းလေးအဖြစ်မြင်ကြတာလည်းဖြစ်ပါတယ်။ ဘန်နီဖြိုးဟာလည်း ချစ်သူဟောင်းဖြစ်တဲ့ Special MakeUp ပညာရှင် ဟန်နာယူရီ နဲ့ဟာ (၇)နှစ်ကျော်လက်တွဲခဲ့ကြတာဖြစ်ပြီး (၂၀၁၆)ခုနှစ်တွင် အဆိုတော်ဘန်နီဖြိုးမှ သူနှင့်ဟန်နာယူရီတို့ရဲ့ (၇)နှစ်တာချစ်သူသက်တမ်း ပြီဆုံးသွားပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ပါတယ်။ပရိသတ်တွေကတော့ အခုလိုနှစ်ကြာရှည်လက်တွဲလာပြီမှ အဆုံးသတ်သွားတဲ့ သူတို့(၂)ယောက်ရဲ့အချစ်ရေးအပေါ် မေးခွန်းထုတ်ဝေဖန်မှုတွေရှိခဲ့ပါသေးတယ်။
(၂) သူရိယနဲ့ ဆုအိမ်စံ
မင်း သားချော သူရိယနဲ့ ဆုအိမ်စံကတော့ ပရိသတ်တွေရဲ့ Idol Couple လို့ပါ သတ်မှတ်ခံရတဲ့အထိ လိုက်ဖက်လွန်းခဲ့ကြပြီး (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီလ (၁၄) မှာ နှစ်ဖက်မိဘများနဲ့အတူ စေ့စပ်ခဲ့ပြီး မင်္ဂလာပွဲကိုလည်း (၂၀၁၉) ခုနှစ်အတွင်းမှာပါပဲ စီစဉ်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့လအနည်းလောက်က သူရိယဘက်မှ တစ်ဖက်သက် လမ်းခွဲကြောင်းကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၂)နှစ်ကျော်ကြာမြင့်ခဲ့ကာ စေ့စပ်ခဲ့တဲ့အထိ ချစ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ ကိုယ်စီအနုပညာလမ်းကို လျှောက်လှမ်းနေကြပြီလည်းဖြစ်ပါတယ်။
(၃) G-Fatt နဲ့ နန်းဆုရတီစိုး
အ ဆိုတော် G-Fatt နဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးတို့ကတော့ ရွှေလက်တွဲလာခဲ့တာ (၂)နှစ်ကျော် (၃)နှစ်နီးပါးရှိနေခဲ့ပြီး ချစ်စရာကောင်းလှတဲ့ မမနဲ့မောင်လေးစုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကစပြီးတော့ ဒီချစ်စရာကောင်းတဲ့ စုံတွဲလေးဟာ ပြဿနာလေးတွေ အနည်းငယ်ရှိနေခဲ့ပြီး စိတ်ဆိုးစိတ်ကောက်ဖြစ်နေခဲ့ကြပါသေးတယ်။မကြာသေးမီကမှာ နန်းဆုတစ်ယောက်ဟာ အင်းတာဗျူးတစ်ခုမှာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို “ချစ်သူတွေလည်း မဟုတ်တော့သလို ရန်သူတွေတော့လည်း မဟုတ်ကြဘူး။” လို့ ဖြေကြားခဲ့တာဖြစ်ပြီး ပရိသတ်တွေစိုးရိမ်နေတာတွေ ဖြစ်လာတဲ့အတွက် စိတ်မကောင်းဝမ်းနည်းကြောင်းေြကြာခဲ့ကာ မမနဲကမောင်လေးစုံတွဲရဲ့ အချစ်ရေးဟာလည်း အဆုံးသတ်ခဲ့ပါတယ်။
CeleGabar ပရိသတ်ကြီးရေ ဘယ်လောက်ပဲနှစ်ကာလကြာရှည်လက်တွဲခဲ့ပေမယ့် ဖူးစာမပါ ချစ်ကံခေခဲ့ရင်တော့ ခွဲခွာခဲ့ကြောင်းကိုတော့ နှစ်အတော်ကြာလက်တွဲလာခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် အချစ်ကံခေကာ ကွဲကွာခဲ့တဲ့ အနုပညာရှင်စုံတွဲတွေကတော့ ဘန်နီဖြိုးနဲ့ဟန်နာယုရီ၊ သူရိယနဲ့ဆုအိမ်စံ၊ G Fatte နဲ့နန်းဆုရတီစိုး တို့က သာဓကတွေပါပဲနော်။
Credit -CeleGabar