ျမန္ မာနိုင္ငံမွာရွိတဲ့တိုင္းရင္းသားေတြထဲမွာမွ အႏုပညာကိုဝါသနာပါတဲ့လူအသီးသီးေပၚေပါက္လာခဲ့ေပမယ့္ အခုေဖာ္ျပေပးမယ့္သုံးေယာက္ကေတာ့ ျပည္သူခ်စ္အႏုပညာရွင္ေတြလို႔ဆိုရေလာက္ေအာင္ပရိသတ္ရဲ့အခ်စ္ေတြကိုမ်ားစြာသိမ္းပိုက္ခဲ့သူေတြပါ။ ဘာသာစကားအခက္အခဲ၊ အသံဝဲတာေတြကသူတို႔အတြက္ အခက္အခဲဆိုတာမရွိခဲ့ဘဲ ျမန္မာျပည္သူအားလုံးရဲ့အခ်စ္ေတြကို ရရွိခဲ့သူေတြပါ။

(၁) သက္မြန္ျမင့္

သက္မြန္ျမင့္ကေတာ့ ေမာ္လ္ဒယ္သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကကို စတင္ဝင္ေရာက္ခဲ့သူျဖစ္ၿပီး စကားသံအခက္အခဲေၾကာင့္ ဇာတ္လမ္းေတြရိုက္ကူးဖို႔ အခက္အခဲအနည္းငယ္ရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ရပ္တည္လာနိုင္ခဲ့ၿပီျဖစ္ပါတယ္။ သူဟာ အႏုပညာခရီးလမ္းမွာ မွတ္တိုင္အေနနဲ႔ ႐ုပ္ရွင္ထူးခၽြန္ဆုႏွစ္ဆုကို ရယူနိုင္ခဲ့ၿပီျဖစ္ၿပီး ႐ုံတင္ဇာတ္ကားေတြဆက္တိုက္ဆိုသလို ရိုက္ကူးေနရသူလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ခ်စ္သက္ဆိုၿပီး ပရိသတ္ရဲ့ရင္ထဲမွာအခိုင္အမာရပ္တည္ေနသူတစ္ေယာက္ပါ။

(၂) ဆုန္သင္းပါရ္

ဆုန္သင္းပါရ္ကေတာ့ အသံပါဝါအားေကာင္းတဲ့ ခ်င္းတိုင္းရင္းသူအဆိုေတာ္တစ္ေယာက္အေနနဲ႔ ပရိသတ္ရဲ့အသိမွတ္ျပဳျခင္းကို ရရွိခဲ့သူတစ္ေယာက္ပါ။ သူ႔ရဲ့“ကမၻာႀကီးကက်ဥ္းတယ္ဆိုေပမယ့္” သီခ်င္းကလည္း ပရိသတ္ပါးစပ္ဖ်ားမွာေရပန္းစားခဲ့ၿပီး လက္ရွိအခ်ိန္မွာလည္း ပရိသတ္အတြက္သီခ်င္းေကာင္းေတြမ်ားစြာ ခ်ျပနိုင္ဖို႔ ႀကိဳးစားေနသူတစ္ေယာက္ပါ။ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း ကေလးေတြကိုအခ်ိန္ေပးျဖစ္ၿပီး ပရိသတ္ေရွ႕သိပ္မေရာက္ခဲ့ေပမယ့္လည္း ဂီတနဲ႔ပတ္သက္ၿပီး သူမတူတဲ့အရည္အခ်င္းေၾကာင့္ ပရိသတ္ရင္ထဲမွာ ယေန႔အခ်ိန္ထိအခိုင္အမာရပ္တည္နိုင္ဆဲအဆိုေတာ္တစ္ေယာက္ပါ။

(၃) အက္စတာေဒါ့သ္ခ်င္းဆုန္

အက္စတာကေတာ့ ယခုေလးႀကိမ္ေျမာက္က်င္းပၿပီးစီးသြားၿပီျဖစ္တဲ့ ျမန္မာအိုင္ေဒါသီခ်င္းဆိုၿပိဳင္ပြဲႀကီးရဲ့ ပထမဆုံးမိန္းကေလး Winner ဆုရွင္ျဖစ္ၿပီး အသံစစ္ေဆးစဥ္ကတည္းက ဒုတိယဆုန္သင္းပါရ္လို႔ တင္စားေခၚေဝၚခံခဲ့ရတဲ့အထိပရိသတ္ၾကားမွာ ေရပန္းစားခဲ့သူတစ္ေယာက္ပါ။ အခက္ခဲေတြ၊ စိန္ေခၚမႈေတြမ်ားစြာနဲ႔ၿပိဳင္ပြဲအဆင့္ဆင့္ကို တက္လွမ္းလာၿပီးေနာက္မွာေတာ့ ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးရဲ့ ပထမဆုံးအမ်ိဳးသမီးဆုရွင္အျဖစ္နဲ႔ ျမန္မာျပည္သူတစ္ခုလုံးရဲ့ရင္ထဲကို ေရာက္ရွိလာခဲ့သူတစ္ေယာက္ပါ။

Credit – Cele Gabar

Unicode

မြန် မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတွေထဲမှာမှ အနုပညာကိုဝါသနာပါတဲ့လူအသီးသီးပေါ်ပေါက်လာခဲ့ပေမယ့် အခုဖော်ပြပေးမယ့်သုံးယောက်ကတော့ ပြည်သူချစ်အနုပညာရှင်တွေလို့ဆိုရလောက်အောင်ပရိသတ်ရဲ့အချစ်တွေကိုများစွာသိမ်းပိုက်ခဲ့သူတွေပါ။ ဘာသာစကားအခက်အခဲ၊ အသံဝဲတာတွေကသူတို့အတွက် အခက်အခဲဆိုတာမရှိခဲ့ဘဲ မြန်မာပြည်သူအားလုံးရဲ့အချစ်တွေကို ရရှိခဲ့သူတွေပါ။

(၁) သက်မွန်မြင့်

သက်မွန်မြင့်ကတော့ မော်လ်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး စကားသံအခက်အခဲကြောင့် ဇာတ်လမ်းတွေရိုက်ကူးဖို့ အခက်အခဲအနည်းငယ်ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ အနုပညာခရီးလမ်းမှာ မှတ်တိုင်အနေနဲ့ ရုပ်ရှင်ထူးချွန်ဆုနှစ်ဆုကို ရယူနိုင်ခဲ့ပြီဖြစ်ပြီး ရုံတင်ဇာတ်ကားတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချစ်သက်ဆိုပြီး ပရိသတ်ရဲ့ရင်ထဲမှာအခိုင်အမာရပ်တည်နေသူတစ်ယောက်ပါ။

(၂) ဆုန်သင်းပါရ်

ဆုန်သင်းပါရ်ကတော့ အသံပါဝါအားကောင်းတဲ့ ချင်းတိုင်းရင်းသူအဆိုတော်တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အသိမှတ်ပြုခြင်းကို ရရှိခဲ့သူတစ်ယောက်ပါ။ သူ့ရဲ့“ကမ္ဘာကြီးကကျဉ်းတယ်ဆိုပေမယ့်” သီချင်းကလည်း ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့ပြီး လက်ရှိအချိန်မှာလည်း ပရိသတ်အတွက်သီချင်းကောင်းတွေများစွာ ချပြနိုင်ဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ကလေးတွေကိုအချိန်ပေးဖြစ်ပြီး ပရိသတ်ရှေ့သိပ်မရောက်ခဲ့ပေမယ့်လည်း ဂီတနဲ့ပတ်သက်ပြီး သူမတူတဲ့အရည်အချင်းကြောင့် ပရိသတ်ရင်ထဲမှာ ယနေ့အချိန်ထိအခိုင်အမာရပ်တည်နိုင်ဆဲအဆိုတော်တစ်ယောက်ပါ။

(၃) အက်စတာဒေါ့သ်ချင်းဆုန်

အက်စတာကတော့ ယခုလေးကြိမ်မြောက်ကျင်းပပြီးစီးသွားပြီဖြစ်တဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးရဲ့ ပထမဆုံးမိန်းကလေး Winner ဆုရှင်ဖြစ်ပြီး အသံစစ်ဆေးစဉ်ကတည်းက ဒုတိယဆုန်သင်းပါရ်လို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့အထိပရိသတ်ကြားမှာ ရေပန်းစားခဲ့သူတစ်ယောက်ပါ။ အခက်ခဲတွေ၊ စိန်ခေါ်မှုတွေများစွာနဲ့ပြိုင်ပွဲအဆင့်ဆင့်ကို တက်လှမ်းလာပြီးနောက်မှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ ပထမဆုံးအမျိုးသမီးဆုရှင်အဖြစ်နဲ့ မြန်မာပြည်သူတစ်ခုလုံးရဲ့ရင်ထဲကို ရောက်ရှိလာခဲ့သူတစ်ယောက်ပါ။

Credit – Cele Gabar