




Unicode

New Year စင်မြင့်ထက်ကေ န တစ်နိုင်ငံလုံးက ပရိသတ်တွေကို တိုင်တည်ပြီး စင်မြင့်ပေါ်ကနေ ချစ်သူ အိမ့်ချစ်ချောကို လက်ထပ်ခွင့် တောင်းခံခဲ့တဲ့ နေဝင်း

ပရိ သတ်ကြီးရေ.. တစ်နိုင်ငံလုံးကလူငယ်တွေ အားကျရတဲ့ ဆယ်လီစုံတွဲတွေထဲမှာ Snare အဖွဲ့က နေဝင်းနဲ့ Travel Blogger လေး အိမ့်ချစ်ချော တို့စုံတွဲက အပါဝင်ပါပဲနော် ။ ချစ်သူသက်တမ်း (၉) နှစ်ကျော်တဲ့ထိ မပြောင်းလဲတဲ့ချစ်ခြင်း မေတ္တာတွေနဲ့ အတူတူ ကြိုးစားရုန်းကန်ရင်း အောင်မြင်လာခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေကိုတော့ စာဖွဲ့လို့တောင်ကုန်နိုင်မယ်မထင်ပါဘူးနော် .

ဒီ (၂၀၁၉) ခုနှစ်ရဲ့ နောက်ဆုံးညလေးမှာတော့ ဦးနေဝင်းတစ်ယောက် New Year စင်မြင့်ထက်ကနေ တစ်နိုင်ငံလုံးက ပရိသတ်တွေကို တိုင်တည်ပြီး စင်မြင့်ပေါ်ကနေ ချစ်သူ အိမ့်ချစ်ချောကို လက်ထက်ခွင့် တောင်းခံခဲ့ပါတယ် ။ တစ်နိုင်ငံလုံးက မိန်းကလေး ပရိသတ်တွေ အားလုံး အားကျလွန်းလို့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပလူပျံအောင် ရေးသားနေကြတာလည်းတွေ့ရပါတယ် ။ နောက်ဆုံးတော့ ပရိသတ်တွေအားလုံးမျှော်လင့်တောင့်တ နေကြတဲ့ နေဝင်းတို့စုံတွဲရဲ့ မင်္ဂလာပွဲလေးကို မြင်ရတော့မှာဆိုတော့ အားလုံးလည်း ဝမ်းသာနေကြမယ်ထင်ပါတယ် ။

အိမ့်ချစ်ချောက လည်း ပရိသတ်တွေရှေ့မှာပဲ လက်ထွက်ခွင့်တောင်းတာကို ခေါင်းငြိမ့်ခဲ့ပြီဆိုတော့ ဘယ်တော့ Pre-Wedding ပုံလေးတွေနဲ့ထပ်အားကျအောင် လုပ်ဦးမလဲဆိုတာကလည်း ရင်ခုန်စရာပါပဲနော် ။ Congratulations ပါ နေဝင်းနဲ့အိမ့်ချစ်ချောရေ.သာယာပျော်ရွှင်တဲ့ဘဝတစ်ခုကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

Source : Nay Win : Credit Molly ( Cele Connections)