ဒီႏွစ္ ဟာ အဂၤါသားသမီးေတြအတြက္ ေနတတ္မွအဆင္ေျပလိမ့္မယ္။ ကံစီမံရာကို နားလည္ၿပီး အဆင္ေျပသလိုေမၽွာလိုက္ သြားေစခ်င္ပါတယ္။ နားလည္ေအာင္ေျပာရရင္ေတာ့ ဒီႏွစ္မွာအဂၤါသားသမီးေတြ စိတ္ညစ္ရတတ္ပါတယ္။ ထစ္ခနဲေဒါသျဖစ္ေနတတ္ပါတယ္။ ဘာမဟုတ္တဲ့ကိစၥေလးကအစ သည္းမခံနိုင္ျဖစ္ေနပါလိမ့္မယ္။ ေဒါသထြက္ၿပီး အမွားလုပ္မိေအာင္ကံက ဖန္တီးတာပါ။ ဒါကိုနားလည္ၿပီး သည္းခံစိတ္ေမြးမွ အဆင္ေျပပါလိမ့္မယ္။ ထြက္ ေနတဲ့ေဒါသကို လႊတ္ေပးထားရင္ေတာ့ ရန္ျဖစ္၊အမႈျဖစ္ရသည္အထိ ၾကဳံရတတ္ပါတယ္။ အရင္ကတည္းကေဒါသႀကီးသူေတြ အထူးသတိထားပါလို႔မွာခ်င္ပါတယ္။

ဘာ မဟုတ္တဲ့ အေသးအမႊားကိစၥေလးေတြကိုေတာ့ ရင္ထဲေခါင္းထဲထည့္ၿပီး စိတ္ညစ္ခံေနတတ္ပါတယ္။ မိမိကိုယ္တိုင္ စိတ္ခ်မ္းသာသလိုေနတတ္မွ အဆင္ေျပပါလိမ့္မယ္။ စိတ္ညစ္ေန၊ ေဒါသႀကီးေနတဲ့အတြက္ အလုပ္ အကိုင္ေဆာင္ရြက္ရာမွာ မွားမွားယြင္းယြင္းေတြ ျဖစ္ရတတ္ပါတယ္။ တစ္ဦးတစ္ေယာက္အေပၚ မေက်နပ္တာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ အဲဒီမေက်နပ္သူဟာ မိမိရဲ့မိဘ၊ဆရာသမားဆိုရင္ေတာ့ မိမိအတြက္ တစ္ႏွစ္လုံးဒုကၡပင္လယ္ေဝပါလိမ့္မယ္။ အဂၤါသားသမီးေတြအားလုံး ဒီႏွစ္က ပါးနပ္လိမၼာရင္ေတာ့ အညံ့အဆိုးမေတြ႕သေလာက္ပါပဲ။ ကံညံ့ေနတဲ့ႏွစ္ျဖစ္တာေၾကာင့္ ေရွာင္ရမဲ့ကိစၥေတြကိုေတာ့ ဦးစားေပးေျပာသြားပါ့မယ္။

ပထမေျပာလိုတာက အလုပ္ကိစၥပါ။ အလုပ္နဲ႔ပက္သက္ရင္ လက္ရွိႏွစ္မွာ လုပ္လက္စအလုပ္ကို လုံးဝမေပ်ာ္ေတာ့တဲ့ အေျခအေနေလးေတြ ၾကဳံလာရလိမ့္မယ္။ မနက္ခင္းမိုးလင္းလို႔ ႐ုံးသြားရမွာကိုပဲ စိတ္ကေၾကာက္ေနသလို ျဖစ္ေနတတ္ပါတယ္။ အလုပ္အေပၚစိတ္ႏွစ္လို႔မရတဲ့ ခံစားခ်က္မ်ိဳးျဖစ္ပါလိမ့္မယ္။ အလုပ္ကလစာမတိုးတာ၊ O.T မရတာ၊ ခိုင္းလြန္းတာ၊ အထက္လူႀကီးနဲ႔အဆင္မေျပတာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ညႇိႏွိုင္းလို႔မရတာ စတဲ့အေျခအေန ေတြ ျဖစ္ေပၚလာတတ္ပါတယ္။

ဒီအေျခအေနက အဂၤါသားသမီး ၇၀%ကို သက္ေရာက္မႈရွိပါလိမ့္မယ္။ ၃၀%ကပဲ လက္ရွိအလုပ္မွာ ေပ်ာ္ေနတတ္ပါတယ္။ ဒါေၾကာင့္ အလုပ္အဆင္မေျပတာနဲ႔ အလုပ္ထြက္ဖို႔ ႀကိဳးစားတာမ်ိဳး၊ စိတ္လိုက္မာန္ပါ resignတင္လိုက္တာမ်ိဳးေတြကို ေရွာင္ေစခ်င္ပါတယ္။ အလုပ္ထြက္လိုက္တာက လူအနည္းစုအတြက္ပဲေကာင္းၿပီး အမ်ားစုေသာ အဂၤါသားသမီးေတြက ေသခ်င္တဲ့က်ား ေတာေျပာင္း ျဖစ္သြားတတ္လို႔ပါပဲ။

ဒီႏွစ္မွာ မိဘဆရာတို႔ရဲ့ အထူးအေရးေပးျခင္းကိုေတာ့ ခံရတတ္ပါတယ္။ ဂုဏ္သတင္းေက်ာ္ေဇာျခင္း အက်ိဳးကိုေတာ့ရလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးသမားေတြကေတာ့ လုပ္ငန္းတိုးတတ္မဲ့ အခြင့္အလမ္းေတြ ရလာတတ္ပါတယ္။မိမိကဖမ္းဆုပ္ယူနိုင္ဖို႔လိုပါတယ္။ လုပ္ငန္းစီးပြားေတြကို စိတ္တည္ၿငိမ္စြာလုပ္ကိုင္မွ ေအာင္ျမင္ပါလိမ့္မယ္။ ေအာက္လက္ငယ္သား ဝန္ထမ္းအသစ္ေတြခန႔္မယ္ဆို ေသခ်ာအင္တာဗ်ဴးၿပီးမွခန႔္ပါ။ လုပ္ငန္းအေတြ႕အၾကဳံမရွိတဲ့ သူကိုခန႔္မိၿပီးေတာ့ လုပ္ငန္းေတြေရွ႕မေရာက္ ျဖစ္ေနတတ္ပါတယ္။

အခ်စ္ေရးတြင္ လြန္စြာမွစန္းပြင့္ေနတတ္ပါတယ္။ ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူသစ္ရရွိလိမ့္မယ္။ ခ်စ္သူရွိသူမ်ားကေတာ့ ေလွနံႏွစ္ဖက္နင္းဆိုသလို တစ္ေယာက္မကေသာ အခ်စ္ေရးကိုၾကဳံရလိမ့္မယ္။ အခ်စ္ေရးကံေကာင္းေသာ္လည္း လက္ထပ္ဖို႔ကိစၥကိုေတာ့ အလ်င္စလိုမဆုံးျဖတ္သင့္ပါဘူး။ မိဘလူႀကီးေတြရဲ့ သေဘာမတူတာမ်ိဳးေတြ အထူးပဲၾကဳံရနိုင္လို႔ပါပဲ။ သတိထားရမွာက အိမ္ေထာင္ေရးပါပဲ။ အိမ္ေထာင္ဘက္နဲ႔ တက်က္က်က္ျဖစ္ရတတ္ပါတယ္။ အရင္ကတည္းက နားလည္မႈရွိၾကတဲ့ အိမ္ေထာင္ဘက္ေတြေတာင္မွ ဒီႏွစ္မွာ ရန္ျပႆနာဆိုတာမ်ိဳးေတြ အထူးၾကဳံရတတ္ပါတယ္။ ပဋိပကၡအေသးစားေလးေတြ မၾကာခဏျဖစ္ေပၚတတ္တာေတြ႕ရပါတယ္။

စက္သုံးဆီလုပ္ငန္း၊ အစုရွယ္ယာလုပ္ငန္းမ်ား၊ ဖက္ရွင္ဆိုင္လုပ္ငန္း၊ အလွကုန္ႏွင့္ဖန္စီလုပ္ငန္းမ်ား၊ ကုန္ေလွာင္ၿပီး ျမတ္မွျပန္ေရာင္းတဲ့ ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းမ်ား၊ ပညာေရးဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ လက္ကားစီးပြားေရးမ်ား၊ ငပိ၊ငါးေျခာက္လုပ္ငန္းမ်ား၊ စာေပလုပ္ငန္းမ်ား၊ သစ္သီးလုပ္ငန္းမ်ား၊ ေဆးႏွင့္ေဆးပစၥည္းေရာင္းဝယ္ေရးလုပ္ငန္းမ်ား၊ ေဆးဘက္ဆိုင္ရာဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ အႏုစိပ္ျပဳျပင္ထိန္းသိမ္ရတဲ့ maintain အလုပ္မ်ား အထူးအက်ိဳးေပးေနတတ္ပါတယ္။

က်န္းမာေရးနဲ႔ပက္သက္ၿပီး ဦးေႏွာက္နဲ႔အာ႐ုံေၾကာေရာဂါ၊ က်ီးေပါင္းေရာဂါ၊ဆီးေရာဂါ၊ မ်က္စိေရာဂါ၊လိင္အဂၤါႏွင့္ခြဲစိပ္ကုသရျခင္း စေသာေရာဂါေတြျဖစ္တတ္ပါတယ္။မေတာ္တဆထိခိုက္မႈေတြ၊ ဓာတ္လိုက္တာမ်ိဳးေတြလဲျဖစ္ တတ္တာကိုဒီႏွစ္ေတြ႕ရပါတယ္။ သြားကိုက္ေဝဒနာကို ခံစားရတတ္ပါတယ္။ မိမိအိမ္မွာ မီးလန႔္တတ္ပါတယ္။လၽွပ္စစ္ႀကိဳးအေဟာင္း ပလပ္ေပါက္အေဟာင္းေတြရွိရင္လဲပါ။သူခိုးခိုးခံရတတ္ပါတယ္။ဘာပစၥည္းမဆိုလြယ္လြယ္ မထားပါနဲ႔။ တံခါးေတြ၊ေသာ့ေတြ၊ ၿခံစည္းရိုးေတြကို လိုအပ္သလိုအဆင့္ျမႇင့္လိုက္ပါ။

ၾကာသပေတးသားသမီး၊ တနဂၤေႏြသားသမီး၊ စေနသားသမီးေတြက ဒီႏွစ္မွာအက်ိဳးေပးတဲ့သားသမီးေတြျဖစ္လာတတ္ပါတယ္။ဗုဒၶဟူး/ရာဟုသားသမီးေတြနဲ႔ကေတာ့နီးနီးစပ္စပ္လုပ္ကိုင္ေဆာင္ရြက္လို႔မရဘူးဆိုတာသိထားေစခ်င္ပါတယ္။ဇန္နဝါရီလ၊ေမလ၊ဇူလိုင္လေတြမွာေတာ့အမႈအခင္းျဖစ္လြယ္ပါတယ္။ဒီႏွစ္မွာေရလမ္းခရီး တတ္နိုင္သမၽွေရွာင္လိုက္ပါ။ေရကူးမကၽြမ္းဘဲ ျမစ္ေခ်ာင္း၊အင္းအိုင္ေတြမွာ ေရကစားျခင္းမ်ိဳး အထူးေရွာင္လိုက္ပါ။

ဒီႏွစ္အတြက္ အႀကိဳက္ဆုံးကံတစ္ခုကိုုျပပါဆိုရင္ေတာ့ ပညာေရးကံပဲျဖစ္ပါတယ္။နည္းပညာ၊ စက္မႈလက္မႈပညာစတဲ့ အသက္ေမြးမႈပညာမွန္သမၽွသင္ယူလို႔ေကာင္းပါတယ္။ ေက်ာင္းသားမ်ားဘြဲ႕လြန္တတ္ျခင္း၊နိုင္ငံရပ္ျခားပညာေတာ္သင္သြားျခင္းေတြ အထူးေကာင္းပါတယ္။ေက်ာင္းပညာကိုခဏရပ္ထားၿပီးအလုပ္ခြင္ဝင္ေနသူမ်ား ေက်ာင္းျပန္တတ္မယ္ဆို ရလဒ္ေကာင္းေတြရလာနိုင္တာကိုအထူးျမင္ရတတ္ပါတယ္။စာေမးပြဲကိစၥေတြ၊အင္တာဗ်ဴးကိစၥ၊သင္တန္းကိစၥေတြ အထူးေကာင္းပါတယ္။ႏွစ္နဲ႔ခ်ီအခ်ိန္ေပးရမယ့္ပညာေတြကို ဒီႏွစ္မွာစတင္ၿပီး သင္ယူမယ္ ပညာဆုံးခန္းတိုင္သည္အထိ တတ္ေျမာက္ပါလိမ့္မယ္။

အဂၤါေန႔ဖြားေတြဟာ အခုႏွစ္(၂၀၂၀)မွာ အသက္အားျဖင့္ ၁ႏွစ္၊၈ႏွစ္၊၁၅ႏွစ္၊၂၂ႏွစ္၊၂၉ႏွစ္၊ ၃၆ႏွစ္၊ ၄၃ႏွစ္၊ ၅၀ႏွစ္၊ ၅၇ႏွစ္၊ ၆၄ႏွစ္၊ ၇၁ႏွစ္စေသာအသက္အပိုင္းအျခားေတြမွာ ေရာက္ေနခ်ိန္ဆိုရင္ေတာ့ ကံအညံ့ေတြမ်ားျပားၿပီးကံဇာတာညႇိုးႏြမ္းေနတယ္ဆိုတာကိုေတာ့သိထားသင့္ပါတယ္။ဒီအသက္အပိုင္းအျခားေရာက္ေနသူေတြကေတာ့ နီးစပ္တဲ့ဆရာေတြဆီမွာေမးျမန္းၿပီး အေသးစိပ္အႀကံဉာဏ္ယူေစခ်င္ပါတယ္။

ဒီႏွစ္မွာဝန္ထမ္းမ်ား ပစ္စာ၊တိုင္စာခံရတတ္ပါတယ္။ စစ္ေဆးေမးျမန္းျခင္းေတြခံရတတ္ပါတယ္။လာဘ္မ စားလိုက္ပါနဲ႔။ ဒုကၡေရာက္သြားတတ္ပါတယ္။ေငြေၾကးေခ်းငွားျခင္းလုပ္ငန္း၊ အတိုးေပးစားတာမ်ိဳးေတြ၊ဆုမဲစုတာမ်ိဳးေတြ လုံးဝမလုပ္ပါနဲ႔။ အဆုံးအရႈံးမ်ားတတ္ပါတယ္။ဒီႏွစ္ဟာကိုယ္ကေငြေခ်းရင္လဲ ေတာ္ေတာ္နဲ႔ျပန္မဆပ္နိုင္သလို၊သူမ်ားကိုေခ်းလိုက္ရင္လဲ ျပန္ရဖို႔ခက္ခဲတတ္ပါတယ္။အိမ္တြင္းေရးမွာေတာ့ညီအကိုေမာင္ႏွမေတြနဲ႔ စိတ္ဝမ္းကြဲ စရာေတြၾကဳံေနရတတ္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔ေျပာရမယ္ဆိုရင္ေတာ့ ဒီႏွစ္မွာကံၾကမၼာက မိမိကိုဒုကၡေရာက္ေအာင္ ဆြဲေဆာင္တတ္ပါတယ္။မိမိကပါးနပ္လိမၼာစြာ ေရွာင္တိမ္းတတ္ဖို႔လိုပါတယ္။စိတ္လိုက္မာန္ပါဘာမွမလုပ္ပါနဲ႔။ ဘာကိစၥမဆို ေခါင္းေအးေအးနဲ႔ အခ်ိန္ယူစဥ္းစားလိုက္ေစခ်င္ပါတယ္။ ရသမၽွေရာင့္ရဲပါ။ရရစားစားမတိုးတတ္ဘူးေလ။ အေျပာင္းအလဲတစ္ခုခုလုပ္ခ်င္တယ္ဆိုရင္ေတာ့ ေသခ်ာအကြက္ခ်ၿပီး အေျပာင္းအလဲလုပ္ေစခ်င္ပါတယ္။ဒီႏွစ္မွာ အားမနာပါနဲ႔။ေျပာစရာရွိတာေျပာလိုက္ပါ။

တစ္ႏွစ္စာအထူးယၾတာ

-ေမြးေန႔နံနက္တြင္ အေရာင္ေဖ်ာ့ေသာ အကၤ်ီဝတ္ဆင္ၿပီး နီးစပ္ရာဘုရားေစတီရဲ့တနဂၤေႏြေထာင့္မွာ ဒန္ေပါက္ဆြမ္းကပ္ၿပီး၊ ပ႒ာန္းတစ္ေခါက္ရြတ္ပြားပါ ။ ၿပီးရင္လိုရာဆုေတာင္းပါ။

-ပစ္တိုင္းေထာင္အ႐ုပ္ေလး မိမိအလုပ္ခန္း၊ ဆိုင္ခန္း၊ မိမိအိမ္ရဲ့ဧည့္ခန္းမွာ အလွထားေစခ်င္ပါတယ္။

-ငါးလႊတ္ပါ။ ငါးအရွင္ဝယ္လႊတ္ပါ။

-ခႏၶာကိုယ္ေအာက္ပိုင္းမေကာင္းသူေတြကို မၾကာခဏအာဟာရဒါနျပဳေပးေစခ်င္ပါတယ္။

-ကနကၠတံ ထီးတစ္လက္ အိမ္ကဘုရားမွာထီးဖြင့္ၿပီး လႉဒါန္းေပးပါ။ဘုရားဉာဏ္ေတာ္အလိုက္ ထီးအႀကီးအေသး ေရြးဝယ္ပါ။
.
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Unicode

ဒီနှစ် ဟာ အင်္ဂါသားသမီးတွေအတွက် နေတတ်မှအဆင်ပြေလိမ့်မယ်။ ကံစီမံရာကို နားလည်ပြီး အဆင်ပြေသလိုမျှောလိုက် သွားစေချင်ပါတယ်။ နားလည်အောင်ပြောရရင်တော့ ဒီနှစ်မှာအင်္ဂါသားသမီးတွေ စိတ်ညစ်ရတတ်ပါတယ်။ ထစ်ခနဲဒေါသဖြစ်နေတတ်ပါတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးကအစ သည်းမခံနိုင်ဖြစ်နေပါလိမ့်မယ်။ ဒေါသထွက်ပြီး အမှားလုပ်မိအောင်ကံက ဖန်တီးတာပါ။ ဒါကိုနားလည်ပြီး သည်းခံစိတ်မွေးမှ အဆင်ပြေပါလိမ့်မယ်။ ထွက် နေတဲ့ဒေါသကို လွှတ်ပေးထားရင်တော့ ရန်ဖြစ်၊အမှုဖြစ်ရသည်အထိ ကြုံရတတ်ပါတယ်။ အရင်ကတည်းကဒေါသကြီးသူတွေ အထူးသတိထားပါလို့မှာချင်ပါတယ်။

ဘာ မဟုတ်တဲ့ အသေးအမွှားကိစ္စလေးတွေကိုတော့ ရင်ထဲခေါင်းထဲထည့်ပြီး စိတ်ညစ်ခံနေတတ်ပါတယ်။ မိမိကိုယ်တိုင် စိတ်ချမ်းသာသလိုနေတတ်မှ အဆင်ပြေပါလိမ့်မယ်။ စိတ်ညစ်နေ၊ ဒေါသကြီးနေတဲ့အတွက် အလုပ် အကိုင်ဆောင်ရွက်ရာမှာ မှားမှားယွင်းယွင်းတွေ ဖြစ်ရတတ်ပါတယ်။ တစ်ဦးတစ်ယောက်အပေါ် မကျေနပ်တာမျိုး ဖြစ်နေတတ်ပါတယ်။ အဲဒီမကျေနပ်သူဟာ မိမိရဲ့မိဘ၊ဆရာသမားဆိုရင်တော့ မိမိအတွက် တစ်နှစ်လုံးဒုက္ခပင်လယ်ဝေပါလိမ့်မယ်။ အင်္ဂါသားသမီးတွေအားလုံး ဒီနှစ်က ပါးနပ်လိမ္မာရင်တော့ အညံ့အဆိုးမတွေ့သလောက်ပါပဲ။ ကံညံ့နေတဲ့နှစ်ဖြစ်တာကြောင့် ရှောင်ရမဲ့ကိစ္စတွေကိုတော့ ဦးစားပေးပြောသွားပါ့မယ်။

ပထမပြောလိုတာက အလုပ်ကိစ္စပါ။ အလုပ်နဲ့ပက်သက်ရင် လက်ရှိနှစ်မှာ လုပ်လက်စအလုပ်ကို လုံးဝမပျော်တော့တဲ့ အခြေအနေလေးတွေ ကြုံလာရလိမ့်မယ်။ မနက်ခင်းမိုးလင်းလို့ ရုံးသွားရမှာကိုပဲ စိတ်ကကြောက်နေသလို ဖြစ်နေတတ်ပါတယ်။ အလုပ်အပေါ်စိတ်နှစ်လို့မရတဲ့ ခံစားချက်မျိုးဖြစ်ပါလိမ့်မယ်။ အလုပ်ကလစာမတိုးတာ၊ O.T မရတာ၊ ခိုင်းလွန်းတာ၊ အထက်လူကြီးနဲ့အဆင်မပြေတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်းလို့မရတာ စတဲ့အခြေအနေ တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ဒီအခြေအနေက အင်္ဂါသားသမီး ၇၀%ကို သက်ရောက်မှုရှိပါလိမ့်မယ်။ ၃၀%ကပဲ လက်ရှိအလုပ်မှာ ပျော်နေတတ်ပါတယ်။ ဒါကြောင့် အလုပ်အဆင်မပြေတာနဲ့ အလုပ်ထွက်ဖို့ ကြိုးစားတာမျိုး၊ စိတ်လိုက်မာန်ပါ resignတင်လိုက်တာမျိုးတွေကို ရှောင်စေချင်ပါတယ်။ အလုပ်ထွက်လိုက်တာက လူအနည်းစုအတွက်ပဲကောင်းပြီး အများစုသော အင်္ဂါသားသမီးတွေက သေချင်တဲ့ကျား တောပြောင်း ဖြစ်သွားတတ်လို့ပါပဲ။

ဒီနှစ်မှာ မိဘဆရာတို့ရဲ့ အထူးအရေးပေးခြင်းကိုတော့ ခံရတတ်ပါတယ်။ ဂုဏ်သတင်းကျော်ဇောခြင်း အကျိုးကိုတော့ရလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားတွေကတော့ လုပ်ငန်းတိုးတတ်မဲ့ အခွင့်အလမ်းတွေ ရလာတတ်ပါတယ်။မိမိကဖမ်းဆုပ်ယူနိုင်ဖို့လိုပါတယ်။ လုပ်ငန်းစီးပွားတွေကို စိတ်တည်ငြိမ်စွာလုပ်ကိုင်မှ အောင်မြင်ပါလိမ့်မယ်။ အောက်လက်ငယ်သား ဝန်ထမ်းအသစ်တွေခန့်မယ်ဆို သေချာအင်တာဗျူးပြီးမှခန့်ပါ။ လုပ်ငန်းအတွေ့အကြုံမရှိတဲ့ သူကိုခန့်မိပြီးတော့ လုပ်ငန်းတွေရှေ့မရောက် ဖြစ်နေတတ်ပါတယ်။

အချစ်ရေးတွင် လွန်စွာမှစန်းပွင့်နေတတ်ပါတယ်။ ချစ်သူမရှိသေးသူများ ချစ်သူသစ်ရရှိလိမ့်မယ်။ ချစ်သူရှိသူများကတော့ လှေနံနှစ်ဖက်နင်းဆိုသလို တစ်ယောက်မကသော အချစ်ရေးကိုကြုံရလိမ့်မယ်။ အချစ်ရေးကံကောင်းသော်လည်း လက်ထပ်ဖို့ကိစ္စကိုတော့ အလျင်စလိုမဆုံးဖြတ်သင့်ပါဘူး။ မိဘလူကြီးတွေရဲ့ သဘောမတူတာမျိုးတွေ အထူးပဲကြုံရနိုင်လို့ပါပဲ။ သတိထားရမှာက အိမ်ထောင်ရေးပါပဲ။ အိမ်ထောင်ဘက်နဲ့ တကျက်ကျက်ဖြစ်ရတတ်ပါတယ်။ အရင်ကတည်းက နားလည်မှုရှိကြတဲ့ အိမ်ထောင်ဘက်တွေတောင်မှ ဒီနှစ်မှာ ရန်ပြဿနာဆိုတာမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ပဋိပက္ခအသေးစားလေးတွေ မကြာခဏဖြစ်ပေါ်တတ်တာတွေ့ရပါတယ်။

စက်သုံးဆီလုပ်ငန်း၊ အစုရှယ်ယာလုပ်ငန်းများ၊ ဖက်ရှင်ဆိုင်လုပ်ငန်း၊ အလှကုန်နှင့်ဖန်စီလုပ်ငန်းများ၊ ကုန်လှောင်ပြီး မြတ်မှပြန်ရောင်းတဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ လက်ကားစီးပွားရေးများ၊ ငပိ၊ငါးခြောက်လုပ်ငန်းများ၊ စာပေလုပ်ငန်းများ၊ သစ်သီးလုပ်ငန်းများ၊ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ အနုစိပ်ပြုပြင်ထိန်းသိမ်ရတဲ့ maintain အလုပ်များ အထူးအကျိုးပေးနေတတ်ပါတယ်။

ကျန်းမာရေးနဲ့ပက်သက်ပြီး ဦးနှောက်နဲ့အာရုံကြောရောဂါ၊ ကျီးပေါင်းရောဂါ၊ဆီးရောဂါ၊ မျက်စိရောဂါ၊လိင်အင်္ဂါနှင့်ခွဲစိပ်ကုသရခြင်း စသောရောဂါတွေဖြစ်တတ်ပါတယ်။မတော်တဆထိခိုက်မှုတွေ၊ ဓာတ်လိုက်တာမျိုးတွေလဲဖြစ် တတ်တာကိုဒီနှစ်တွေ့ရပါတယ်။ သွားကိုက်ဝေဒနာကို ခံစားရတတ်ပါတယ်။ မိမိအိမ်မှာ မီးလန့်တတ်ပါတယ်။လျှပ်စစ်ကြိုးအဟောင်း ပလပ်ပေါက်အဟောင်းတွေရှိရင်လဲပါ။သူခိုးခိုးခံရတတ်ပါတယ်။ဘာပစ္စည်းမဆိုလွယ်လွယ် မထားပါနဲ့။ တံခါးတွေ၊သော့တွေ၊ ခြံစည်းရိုးတွေကို လိုအပ်သလိုအဆင့်မြှင့်လိုက်ပါ။

ကြာသပတေးသားသမီး၊ တနင်္ဂနွေသားသမီး၊ စနေသားသမီးတွေက ဒီနှစ်မှာအကျိုးပေးတဲ့သားသမီးတွေဖြစ်လာတတ်ပါတယ်။ဗုဒ္ဓဟူး/ရာဟုသားသမီးတွေနဲ့ကတော့နီးနီးစပ်စပ်လုပ်ကိုင်ဆောင်ရွက်လို့မရဘူးဆိုတာသိထားစေချင်ပါတယ်။ဇန်နဝါရီလ၊မေလ၊ဇူလိုင်လတွေမှာတော့အမှုအခင်းဖြစ်လွယ်ပါတယ်။ဒီနှစ်မှာရေလမ်းခရီး တတ်နိုင်သမျှရှောင်လိုက်ပါ။ရေကူးမကျွမ်းဘဲ မြစ်ချောင်း၊အင်းအိုင်တွေမှာ ရေကစားခြင်းမျိုး အထူးရှောင်လိုက်ပါ။

ဒီနှစ်အတွက် အကြိုက်ဆုံးကံတစ်ခုကိုုပြပါဆိုရင်တော့ ပညာရေးကံပဲဖြစ်ပါတယ်။နည်းပညာ၊ စက်မှုလက်မှုပညာစတဲ့ အသက်မွေးမှုပညာမှန်သမျှသင်ယူလို့ကောင်းပါတယ်။ ကျောင်းသားများဘွဲ့လွန်တတ်ခြင်း၊နိုင်ငံရပ်ခြားပညာတော်သင်သွားခြင်းတွေ အထူးကောင်းပါတယ်။ကျောင်းပညာကိုခဏရပ်ထားပြီးအလုပ်ခွင်ဝင်နေသူများ ကျောင်းပြန်တတ်မယ်ဆို ရလဒ်ကောင်းတွေရလာနိုင်တာကိုအထူးမြင်ရတတ်ပါတယ်။စာမေးပွဲကိစ္စတွေ၊အင်တာဗျူးကိစ္စ၊သင်တန်းကိစ္စတွေ အထူးကောင်းပါတယ်။နှစ်နဲ့ချီအချိန်ပေးရမယ့်ပညာတွေကို ဒီနှစ်မှာစတင်ပြီး သင်ယူမယ် ပညာဆုံးခန်းတိုင်သည်အထိ တတ်မြောက်ပါလိမ့်မယ်။

အင်္ဂါနေ့ဖွားတွေဟာ အခုနှစ်(၂၀၂၀)မှာ အသက်အားဖြင့် ၁နှစ်၊၈နှစ်၊၁၅နှစ်၊၂၂နှစ်၊၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅ဝနှစ်၊ ၅ရနှစ်၊ ၆၄နှစ်၊ ၇၁နှစ်စသောအသက်အပိုင်းအခြားတွေမှာ ရောက်နေချိန်ဆိုရင်တော့ ကံအညံ့တွေများပြားပြီးကံဇာတာညှိုးနွမ်းနေတယ်ဆိုတာကိုတော့သိထားသင့်ပါတယ်။ဒီအသက်အပိုင်းအခြားရောက်နေသူတွေကတော့ နီးစပ်တဲ့ဆရာတွေဆီမှာမေးမြန်းပြီး အသေးစိပ်အကြံဉာဏ်ယူစေချင်ပါတယ်။

ဒီနှစ်မှာဝန်ထမ်းများ ပစ်စာ၊တိုင်စာခံရတတ်ပါတယ်။ စစ်ဆေးမေးမြန်းခြင်းတွေခံရတတ်ပါတယ်။လာဘ်မ စားလိုက်ပါနဲ့။ ဒုက္ခရောက်သွားတတ်ပါတယ်။ငွေကြေးချေးငှားခြင်းလုပ်ငန်း၊ အတိုးပေးစားတာမျိုးတွေ၊ဆုမဲစုတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အဆုံးအရှုံးများတတ်ပါတယ်။ဒီနှစ်ဟာကိုယ်ကငွေချေးရင်လဲ တော်တော်နဲ့ပြန်မဆပ်နိုင်သလို၊သူများကိုချေးလိုက်ရင်လဲ ပြန်ရဖို့ခက်ခဲတတ်ပါတယ်။အိမ်တွင်းရေးမှာတော့ညီအကိုမောင်နှမတွေနဲ့ စိတ်ဝမ်းကွဲ စရာတွေကြုံနေရတတ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒီနှစ်မှာကံကြမ္မာက မိမိကိုဒုက္ခရောက်အောင် ဆွဲဆောင်တတ်ပါတယ်။မိမိကပါးနပ်လိမ္မာစွာ ရှောင်တိမ်းတတ်ဖို့လိုပါတယ်။စိတ်လိုက်မာန်ပါဘာမှမလုပ်ပါနဲ့။ ဘာကိစ္စမဆို ခေါင်းအေးအေးနဲ့ အချိန်ယူစဉ်းစားလိုက်စေချင်ပါတယ်။ ရသမျှရောင့်ရဲပါ။ရရစားစားမတိုးတတ်ဘူးလေ။ အပြောင်းအလဲတစ်ခုခုလုပ်ချင်တယ်ဆိုရင်တော့ သေချာအကွက်ချပြီး အပြောင်းအလဲလုပ်စေချင်ပါတယ်။ဒီနှစ်မှာ အားမနာပါနဲ့။ပြောစရာရှိတာပြောလိုက်ပါ။

တစ်နှစ်စာအထူးယတြာ

-မွေးနေ့နံနက်တွင် အရောင်ဖျော့သော အင်္ကျီဝတ်ဆင်ပြီး နီးစပ်ရာဘုရားစေတီရဲ့တနင်္ဂနွေထောင့်မှာ ဒန်ပေါက်ဆွမ်းကပ်ပြီး၊ ပဋ္ဌာန်းတစ်ခေါက်ရွတ်ပွားပါ ။ ပြီးရင်လိုရာဆုတောင်းပါ။

-ပစ်တိုင်းထောင်အရုပ်လေး မိမိအလုပ်ခန်း၊ ဆိုင်ခန်း၊ မိမိအိမ်ရဲ့ဧည့်ခန်းမှာ အလှထားစေချင်ပါတယ်။

-ငါးလွှတ်ပါ။ ငါးအရှင်ဝယ်လွှတ်ပါ။

-ခန္ဓာကိုယ်အောက်ပိုင်းမကောင်းသူတွေကို မကြာခဏအာဟာရဒါနပြုပေးစေချင်ပါတယ်။

-ကနက္ကတံ ထီးတစ်လက် အိမ်ကဘုရားမှာထီးဖွင့်ပြီး လှူဒါန်းပေးပါ။ဘုရားဉာဏ်တော်အလိုက် ထီးအကြီးအသေး ရွေးဝယ်ပါ။
.
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)