၎. ပြည်တွင်းစစ်များကတော့ မပျောက်သေးဘဲရှိနေပြီး အရင်နှစ်ထက် ရန်မီးများ ပိုများမှုရှိလာမည်။
လင်းညို့တာရာ
Unicode
၁. မြန် မာနိုင်ငံအပေါ် နိုင်ငံတကာမှ ပုဂ္ဂိုလ်များ သိသိသာသာ စိတ်ဝင်အစားဆုံး နှစ်ဖြစ်လာမည်။ နိုင်ငံတကာမှ ထူးခြားသောသူများ အကြိမ်ကြိမ်ရောက်ရှိလာမည်လည်း ဖြစ်သည်။
၂. နိုင်ငံရေးဆိုင်ရာနယ်ပယ်အချို့တွင် ထူးခြားသော ပြောင်းလဲမှုကို ခံစားရမည့်နှစ်ပါ။
၃. ၂၀၂၀ သည် အမျိုးသမီးအားကောင်းလျက်ရှိသောနှစ် ဖြစ်နေပြီးတော့ အမျိုးသမီးခေါင်းဆောင်များ ဆက်လက်တည်ရှိနေအုန်းမှာ ဖြစ်သည်။
၄. ပြည်တွင်းစစ်များကတော့ မပျောက်သေးဘဲရှိနေပြီး အရင်နှစ်ထက် ရန်မီးများ ပိုများမှုရှိလာမည်။
၅. စာအုပ်စာပေဆိုင်ရာနယ်ပယ်အတွင်း ထူးခြားသော ဥပဒေသော်လည်းကောင်း ၊ ထူးခြားသော ကြေငြာချက်သော်လည်းကောင်း ကြားရကိန်းရှိလာမည်။
၆. ဥပဒေမူကြမ်းတစ်ခုလည်း ထွက်ပေါ်လာမှာ ဖြစ်သည်။
၇. အနုပညာနယ်ပယ်တွင် သွေးရိုးသားရိုးသေဆုံးခြင်းမဟုတ်သော ထူးခြားစွာသေဆုံးမှုဖြစ်မည်။
၈. အကြီးဆုံး နိုင်ငံရေးဆိုင်ရာ ၊ စစ်ရေးဆိုင်ရာ စသော အကြီးအကဲပိုင်းများ အယူအဆကွဲပြားပြီး အခြေအနေတင်းမာလာမှုများ ဖြစ်ပေါ်နိုင်မည်။
၉. နိုင်ငံတော်ပိုင် အထိမ်းအမှတ်များ ပျက်စီးမှု ဖြစ်မည်။
၁၀. လူအများဆူပူမှု ဖြစ်ပေါ်လာစေမည့် အမှုကိစ္စများ အဖြစ်များဆုံးနှစ် ဖြစ်လာမည်။
၁၁. ရွာလိုက် နယ်လိုက် မြို့လိုက် ပျက်စီးခြင်း ၊ မြေပြိုခြင်း ၊ တိုက်ပြိုခြင်းကြောင့် လူအယောက်ငါးဆယ်ထက်မနည်း ဒဏ်ရာရခြင်း ၊ သေဆုံးခြင်း ဖြစ်ပေါ်နိုင်သည်။
၁၂. နိုင်ငံတော်အမွေအနှစ်ဆိုင်ရာ ထူးထူးခြားခြား တွေ့ရှိမှုများ ၊ တူးဖော်မှုများ ရှိလာမည်။
၁၃. သမိုင်းဝင်နေရာအချို့ လူအချို့ကြောင့် ပျက်စီးမှုရှိလာမည်။
၁၄. ရာဇဝတ်မှုများဖြစ်ပေါ်လာနိုင်ပြီး သူမတူသော ရာဇဝတ်မှုတစ်ခုထက်မနည်း ဖြစ်ပေါ်နိုင်သည်။
၁၅. ပျောက်ဆုံးလျက်ရှိသော ပုဂ္ဂိုလ်များ ပြန်လည်ထွက်ပေါ်လာပြီး နေရာယူကြလိမ့်မည်။
၁၆. ပညာရေး ၊ စစ်ရေး ၊ စာပေရေးရာကိစ္စများတွင် ထူးထူးခြားခြား မြန်မာနိုင်ငံအနေနဲ့ ပြောင်းလဲလာကိန်း ရှိသည်။
၁၇. ထင်ရှားထူးခြားဆရာတော်များ နှင့် ဝိဇ္ဇာလမ်းပေါ်မှာ ဆရာတော်များ ထွက်တော်မူကြသောနှစ် ဖြစ်ပါလိမ့်မည်။
ဒီအရာများသည် ၂၀၂၀ တစ်နှစ်တာအတွင်း ကြုံ့တွေ့ရနိုင်သော အခြေခံဟောချက်များဖြစ်ပေသည်။ အသေးစိတ်ဟောချက်များကို ၂၀၂၀ ခုနှစ် ၁ လပိုင်း ၁၃ ရက်နေ့ ရနိုင်မယ်ဟု ခန့်မှန်းရပြီး ရရှိပါက တင်ပေးမည်ဖြစ်ပါသည်။ နှစ်သစ်မှာ အဆင်ပြေကျန်းမာကြပါစေသတည်း။
လွတ်လပ်စွာရှယ်နိုင်သည်။ ဒီဟောချက်များသည် Popping တင်ခြင်းမဟုတ်မှန်းသိစေအပ်သည်။ နှစ်စဉ်နှစ်တိုင်းတင်ခြင်းဖြစ်သည်။ အခုမှစတင်ခြင်းမဟုတ်။ အသိ သတိထားရှိစေလိုခြင်း အလို့ငှာဖြစ်သည်။ ညစ်ညမ်းသောမန့်များအား လက်ခံမည်မဟုတ် ဖျက်မည်ဖြစ်သည်။
လင်းညို့တာရာ