အေမ ေရ ဒီ ဖိတ္စာက အေမ စုတ္ၿဖဲထားတာမို႔လား ဆိုေတာ့ စုတ္ေပါင္ေတာ္တဲ့ ေၾကမြပီး ဆုတ္ၿပဲေနတဲ့ ဖိတ္စာေလးကို ျပန္ဆက္ၾကည့္ရင္း ဒီဖိတ္စာေလး ကိုင္ၿပီး စက္ဘီးေလး တစီးနဲ႔ လိုက္ဖိတ္ ေနတဲ့ အသက္၁၇ ႏွစ္ စပ္စလူးမေလး ကိုျပန္ျမင္လာမိတယ္…

အဲ့ ဒါ အေမေပါ့…. မႈန္ေနေအာင္ လွတဲ့ အေမဟာ ၿမိဳ႕မွာ အလွလဲ နာမည္ႀကီး ေက်ာင္းမွာ အကလဲ နာမည္ႀကီး….. ဆရာဝန္ေတြ အရာရွိ အရာခံေတြ အပါဝင္ ကာလသားေတြ ဝိုင္းဝိုင္းလည္ ခ်စ္ခင္ ေတာင္းရမ္းၾကေပမယ့္ အဖိုးဟာ သူ႔သမီး ေပါက္စနကို ဘယ္သူနဲ႔မွ သေဘာမတူခဲ့ တူတန္ တန္တယ္ မထင္ခဲ့… အႏုပညာနဲ႔ အလွ​​ျပင္ဖို႔သာ ေတာ္တဲ့ အေမဟာ စာဘက္မွာ ဝါသနာေရာ ပါရမီပါ မပါခဲ့. ၁၀တန္း အေရာက္မွာပဲ…. အေဖနဲ႔ ခိုးရာ လိုက္ေျပးခဲ့ေလၿပီ………။

(၁) ညီကိုေလး ၂ေယာက္ရွိတဲ့ အေဖ့ဘက္အသိုင္းဝိုင္းမွာ ေဆြမ်ိဳး တသိုက္လုံး ဖိတ္စာထဲ ထည့္႐ိုက္ခဲ့ေပမယ့္ ေမာင္ႏွမ ၈ေယာက္နဲ႔ အေမ့ဘက္ေနရာေလးကေတာ့ တိုတိုနဲ႔ရွင္းရွင္းသာ အေဒၚတေယာက္ကေတာ့ အေမ့ မဂၤလာေဆာင္ေန႔ကို ဖြဲ႕ႏြဲ႕ ၿပီး ဒီလိုေျပာဘူးသည္.. ဆံပင္တိုေလးနဲ႔ စက္ဘီးတစီးနဲ႔ မဂၤလာေဆာင္က ေကြၽးတဲ့ ကိတ္ေတ လက္ဖက္ရည္ေတယူၿပီး အိမ္ထဲ တဟီဟီဝင္လာတာေပါ့ေအ ဘယ္သူကမွ ေစာက္ဂ႐ုမစိုက္တာကို အဲ့လို မ်က္နာေျပာင္တယ္တဲ့. ….

အသက္၁၇ ႏွစ္အေမဟာ မိဘ မပါ ေမာင္ႏွမ သားျခင္းမလာ နဲ႔ မဂၤလာေဆာင္ကို အေဖ့လက္ကို ဆြဲ ၿပီး က်င္းပခဲ့တယ္…

အ​ေေဒၚေတြ သတ္မွတ္သလို မ်က္ႏွာ ေျပာင္လို႔လား ဝမ္းနည္းရက္နဲ႔လား ေတာ့ အေမသာ သိပါလိမ့္မည္.. အေမရယ္ အဲ့ဒီအခ်ိန္ က တကယ္ ဒိတ္ဒိတ္က်ဲေတ ယူခဲ့ရမွာ လို႔အားမလိုအားမရ ေျပာမိရင္ ဟဲ့ အဲ့အခ်ိန္က ညီးအေဖက ဒိတ္ဒိတ္က်ဲ ပဲတဲ့

ဟုတ္ေတာ့လည္း ဟုတ္သည္ အေဖတို႔ညီကိုဟာ အသားေရက ေဖြး႐ုံမက စိမ္းပါေနေသးသည္တဲ့. .. မ်က္ခုံးေတက ထူပိန္းေနကာ မ်က္လုံးေတြ လွသည္ ညီကို ၂ေယာက္ လံုးက ေျပာင္းလာကာစကဆို ဒီၿမိဳ႕သူေတြ အဲ့အိမ္ေရွ႕ တဝဲဝဲ ေပါ့ေအတဲ့ ပတ္ဆံကလဲရွိေတာ့ ေငြေတာ့ သုံးတာေပါ့တဲ့…. ေငြကိုသုံး႐ုံတင္မကပဲ ျဖဳန္းပါျဖဳန္းတာေတြ ဘာေတြ အဲ့ဒီအ႐ြယ္ေလးနဲ႔ အေမသုံးသပ္တက္ပုံမရ အေမ ႐ူးသြပ္တဲ့ ကျခင္း အႏုပညာ ကိုလဲ အေဖ့ရဲ႕ သဝန္တိုမူ႔ ေအာက္မွာ စုံးစုံးျမဳပ္ ေပ်ာက္ ကြယ္သြားရေတာ့သည္…

ကိုယ္ သိတက္စအ႐ြယ္ေရာက္ေတာ့ အေမနဲ႔အေဖ ဆိုတာ တခါတရံသာ ေတြ႕ရတဲ့ ဧည့္သည္ ေတြ ျဖစ္ေနခဲ့ၿပီ….

တခါတေလ ေတာ့ အေမတို႔က မန္းေလးမွာ ေနၾကတာလို႔ ၾကားၿပီး တခါတေလေတာ့ ျပင္အူးလြင္ မွာ ေနၾကတာလို႔ ၾကားဘူးသည္ အေမတို႔ လာလည္မာ ဆိုတဲ့အခါ လဲ ကိုယ္ဟာ ထင္သေလာက္ မေပ်ာ္

နင္တို႔ကို နင့္အေဖတို႔နဲ႔ ထည့္လိုက္ေတာ့မယ္ လို႔ အေဒၚေတ ၿခိမ္းေျခာက္ရင္ ဘာမွန္းမသိပဲ ေၾကာက္ ခဲ့ရသည္… ၾကည့္စမ္း သူ႔အေဖနဲ႔ တူလာတယ္ေတာ့ လို႔ အေဒၚေတစရင္ ကိုယ္တို႔ ေမာင္ႏွမ ေတြ အေဒၚေတ စိတ္တိုင္းက် စိတ္ဆိုးျပၾကရတာပါပဲ… ။

အေဖက အေမ့အိမ္ကို ေနာက္ဆုံးခ်ိန္ထိ ဝင္ထြက္ ခြင့္မရခဲ့ပါဘူး…. ေယာက်ာ္းနဲ႔ အမေတ အကိုေတ ၾကားလဲ အေမဟာ အၿမဲလို ေစ့စပ္ရင္း ဗ်ာမ်ားေနခဲ့ရပါတယ္…

အေဖ နဲ႔ ျပသနာတက္ရင္ အမေတြ အကိုေတြ ၾကည္ၾကည္မၾကည္ၾကည္ ျပန္လာတက္ပီး အေဖလာေခၚရင္ ဘသူတားတား ေပၚတင္တမ်ိဳး ခိုးၿပီးတမ်ိဳး ျပန္လိုက္ သြားတက္သည္… အေဖ က ေသြးဆိုးသည္… အရက္ေသာက္ၿပီး တကိုယ္ေကာင္းဆန္တက္သည္..

အလြန္သိတက္တဲ့ အ႐ြယ္ေရာက္လာေတာ့ ကိုယ္ဟာ အေဖ့ကို မေတြ႕ခ်င္ေတာ့ တကယ္ေတာ့ အေဖက ကိုယ့္အထင္ အဆိုးႀကီးထဲမပါပါ အရက္ေသာက္ၿပီး အေမ့ကို ေအာ္ဟစ္ဆဲဆိုတက္ ေပမယ့္… ကိုယ့္ကို အႀကီးဆုံးသမီး အေနေဝးတဲ့သမီးမို႔လား မသိ တခါေလးမွ ေလသံမာမာနဲ႔ မေျပာ လက္နဲ႔မ႐ြယ္ခဲ့ပါ…

အေဖဟာ အလုပ္ေတာ့ တကယ္လုပ္ေပမယ့္ မၿမဲ စိတ္ဆတ္လြန္းတာမို႔ အလုပ္တိုင္းမွာ ျပသနာတက္ကာ ထြက္လာရတာကမ်ားသည္ အေဖ အလုပ္ေျပာင္းတိုင္း အေဖသြားေလရာ အေမဟာ ဖဝါးထပ္မွ်ပါစၿမဲ တိုက္ခန္းရရ တဲစုတ္ေနေန ဖြယ္ဖြယ္ရာရာ ျပဳစုသည္ ပြဲလမ္းသဘင္မွာ အေဖေအာ္ဟစ္ ဆဲဆိုေနလဲ အေမဟာ အေဖ့ေဘးမွာ အေဖ ဘယ္သူနဲ႔ရန္ျဖစ္လို႔ အေဖမွားမွား မွန္မွန္ အေမဟာ အေဖ့ေဘးမွာ အေမဟာ အေဖ့ကို ကိုယ္တို႔ အ႐ြယ္ေရာက္တဲ့အခ်ိန္ထိ ကိုကို ဟုသာ ေခၚသည္…။

(၂) ဘုရားစင္ ေရွ႕မွာ အေဖနဲ႔ မေတြ႕ပါရေစနဲ႔ လို႔ ဆုေတာင္းဘူးေပမယ့္ အေဖလာ ရင္ တမင္ၿပဳံးကာ ေဖ့ ေဖ့နဲ႔ တီတာ တက္ဲတဲ့ ကိုယ္ ဟာ တေန႔မွာ…

ေရာ့ ငါ့သမီးတြက္ တဲ့ ထမင္း ပန္းကန္ထဲေရာက္လာဲတဲ့ ဟင္းတုံးကို ဖက္ခနဲ ဖယ္ပစ္ရင္း စားပြဲကထ ထြက္လာ တာက အေဖ့ အေပၚ ပထမဆုံးနဲ႔ ေနာက္ဆုံး ဆန္႔က်င္ ႐ိုင္းစိုင္းဘူးခဲ့ျခင္းသာ……

အေဖဟာ တာဝန္မသိမူ႔ တကိုယ္ေကာင္းဆန္မူ႔ အျပင္ ကိုယ္တို႔ မိသားစုအေပၚ လုံးလုံးခြင့္လြတ္လို႔မရတဲ့ အမွား တခုကို လုပ္ခဲ့ေလၿပီ…… အငယ္ေႏွာင္း ဆီ အေဖ ေရာက္ေနခ်ိန္ တ႐ြာထဲေန အေမဟာ အငယ္ဆုံး ၂ႏွစ္သားေလးကို ဖက္ကာ ငိုရင္း အိပ္ေနခဲ့တယ္….. ဒါလဲ အေမဟာ ခြင့္လြတ္ႏိုင္ဆဲ အေမ သူနဲ႔ကြာမလား သမီးတို႔နဲ႔ ျပတ္မလား လို႔ ကိုယ္ဟာ ဘယ္လိုနာက်င္မူ႔နဲ႔ ေမးခဲ့မိလဲမသိ ကိုယ့္ေမးခြန္းေၾကာင့္ ပဲ လား အေဖ့ကို နာက်ည္း လြန္းသြားလို႔လား ဒါမွ မဟုတ္ ဝဋ္ေႂကြးပဲ ေၾကခဲ့ေလပီလား မသိ ခုေတာ့ အေဖ့ဆီက အေမလြတ္ေျမာက္လာတာ ၁၅ႏွစ္ ေက်ာ္ခဲ့ပါၿပီ….။

(၃) ဝါသနာပါရာကို ငယ္ႏုစဥ္က စြန္႔လႊတ္ခဲ့ၿပီး အသက္ ၅၀ ေက်ာ္မွ စတင္ႏိုင္ခဲ့တဲ့ အေမက ကဖို႔ ဆိုခါးနာတာလဲ မသိ ပင္ပန္းတာလဲမသိ အကနည္းျပ အျဖစ္ သြက္လက္ ေနခဲ့သည္..။ ေတာ္လြန္းတဲ့ အေမ့ပါရမီကို ႏွေမ်ာတသ စြာ ျဖစ္မိေပမယ့္ အေမကေတာ့ သူျဖတ္သန္းခဲ့တဲ့ ႏွစ္ ေပါင္း ၃၀ေက်ာ္ကို ေနာင္တသံနဲ႔ ဘယ္ေသာအခါမွ မေျပာခဲ့ပါဘူး တခါတရံ ေလသင့္လို႔ အေဖ့ေၾကာင္းေတြၾကားရတဲ့အခါ အေမဟာ ခပ္ဆိတ္ဆိတ္သာ ေနတယ္ ေနာက္အိမ္ေထာင္နဲ႔ ကေလးနဲ႔ လို႔ၾကားလဲ အေမဟာ မသိလိုက္မသိဘာသာ….

ေသပီတဲ့ လို႔ ၾကားလဲ အေမဟာ မၾကား သေယာင္ေယာင္ …..

တရက္ကေတာ့ မ်က္မွန္တဝင့္ဝင့္နဲ႔ ကိုယ္ fb သုံးေနရာသို႔ ေရာက္လာသည္…..။

Fb မွာ နင့္အ​ေဖကို ရွာၾကည့္ လို႔ရသလား တဲ့ ကိုယ္ မ်က္ေစာင္းခဲ မွ ဟိုလိုလိုဒီလိုလို ေလ်ာခ် သြားတဲ့ အေမဟာ အေဖ့ကို လြမ္းေနမယ္လို႔ မေတြးမိခဲ့ပါ….

ဒီဖိတ္စာ ေလးကို အေမဟာ အေဖကို အၿပီးစြန္႔လႊတ္ ေတာ့မယ္လို႔ ဆုံးျဖတ္စဥ္က စုတ္ၿဖဲခဲ့သလား… အေဖ ေနာက္အိမ္ေထာင္ က်သြားပီးကေလးေတာင္ ရေနပီ လို႔ၾကားစဥ္ကစုတ္ၿဖဲ ခဲ့ေလသလား…

ဖိတ္စာအစုတ္ေလးကို ျပန္သိမ္းထားတဲ့ အေမဖို႔ကေရာ ပ်က္စီးယိုင္နဲ႔ခဲ့တဲ့ဘဝတခုရဲ႕အမွတ္တရ အျဖစ္လား ေယာက်ာ္းအေပၚ လြမ္းတဲ့ အလြမ္းေတြအျဖစ္လား တသက္မွာ တခါပဲ ျဖစ္ခဲ့တဲ့ အခ်စ္အတြက္လားေတာ့ အေမပဲ သိပါလိမ့္မည္……… ။

dawray

Unicode

အမေ ရေ ဒီ ဖိတ်စာက အမေ စုတ်ဖြဲထားတာမို့လား ဆိုတော့ စုတ်ပေါင်တော်တဲ့ ကြေမွပီး ဆုတ်ပြဲနေတဲ့ ဖိတ်စာလေးကို ပြန်ဆက်ကြည့်ရင်း ဒီဖိတ်စာလေး ကိုင်ပြီး စက်ဘီးလေး တစီးနဲ့ လိုက်ဖိတ် နေတဲ့ အသက်၁၇ နှစ် စပ်စလူးမလေး ကိုပြန်မြင်လာမိတယ်…

အဲ့ ဒါ အမေပေါ့…. မှုန်နေအောင် လှတဲ့ အမေဟာ မြို့မှာ အလှလဲ နာမည်ကြီး ကျောင်းမှာ အကလဲ နာမည်ကြီး….. ဆရာဝန်တွေ အရာရှိ အရာခံတွေ အပါဝင် ကာလသားတွေ ဝိုင်းဝိုင်းလည် ချစ်ခင် တောင်းရမ်းကြပေမယ့် အဖိုးဟာ သူ့သမီး ပေါက်စနကို ဘယ်သူနဲ့မှ သဘောမတူခဲ့ တူတန် တန်တယ် မထင်ခဲ့… အနုပညာနဲ့ အလှ​​ပြင်ဖို့သာ တော်တဲ့ အမေဟာ စာဘက်မှာ ဝါသနာရော ပါရမီပါ မပါခဲ့. ၁ဝတန်း အရောက်မှာပဲ…. အဖေနဲ့ ခိုးရာ လိုက်ပြေးခဲ့လေပြီ………။

(၁) ညီကိုလေး ၂ယောက်ရှိတဲ့ အဖေ့ဘက်အသိုင်းဝိုင်းမှာ ဆွေမျိုး တသိုက်လုံး ဖိတ်စာထဲ ထည့်ရိုက်ခဲ့ပေမယ့် မောင်နှမ ၈ယောက်နဲ့ အမေ့ဘက်နေရာလေးကတော့ တိုတိုနဲ့ရှင်းရှင်းသာ အဒေါ်တယောက်ကတော့ အမေ့ မင်္ဂလာဆောင်နေ့ကို ဖွဲ့နွဲ့ ပြီး ဒီလိုပြောဘူးသည်.. ဆံပင်တိုလေးနဲ့ စက်ဘီးတစီးနဲ့ မင်္ဂလာဆောင်က ကျွေးတဲ့ ကိတ်တေ လက်ဖက်ရည်တေယူပြီး အိမ်ထဲ တဟီဟီဝင်လာတာပေါ့အေ ဘယ်သူကမှ စောက်ဂရုမစိုက်တာကို အဲ့လို မျက်နာပြောင်တယ်တဲ့. ….

အသက်၁၇ နှစ်အမေဟာ မိဘ မပါ မောင်နှမ သားခြင်းမလာ နဲ့ မင်္ဂလာဆောင်ကို အဖေ့လက်ကို ဆွဲ ပြီး ကျင်းပခဲ့တယ်…

အ​ေဒေါ်တွေ သတ်မှတ်သလို မျက်နှာ ပြောင်လို့လား ဝမ်းနည်းရက်နဲ့လား တော့ အမေသာ သိပါလိမ့်မည်.. အမေရယ် အဲ့ဒီအချိန် က တကယ် ဒိတ်ဒိတ်ကျဲတေ ယူခဲ့ရမှာ လို့အားမလိုအားမရ ပြောမိရင် ဟဲ့ အဲ့အချိန်က ညီးအဖေက ဒိတ်ဒိတ်ကျဲ ပဲတဲ့

ဟုတ်တော့လည်း ဟုတ်သည် အဖေတို့ညီကိုဟာ အသားရေက ဖွေးရုံမက စိမ်းပါနေသေးသည်တဲ့. .. မျက်ခုံးတေက ထူပိန်းနေကာ မျက်လုံးတွေ လှသည် ညီကို ၂ယောက် လုံးက ပြောင်းလာကာစကဆို ဒီမြို့သူတွေ အဲ့အိမ်ရှေ့ တဝဲဝဲ ပေါ့အေတဲ့ ပတ်ဆံကလဲရှိတော့ ငွေတော့ သုံးတာပေါ့တဲ့…. ငွေကိုသုံးရုံတင်မကပဲ ဖြုန်းပါဖြုန်းတာတွေ ဘာတွေ အဲ့ဒီအရွယ်လေးနဲ့ အမေသုံးသပ်တက်ပုံမရ အမေ ရူးသွပ်တဲ့ ကခြင်း အနုပညာ ကိုလဲ အဖေ့ရဲ့ သဝန်တိုမူ့ အောက်မှာ စုံးစုံးမြုပ် ပျောက် ကွယ်သွားရတော့သည်…

ကိုယ် သိတက်စအရွယ်ရောက်တော့ အမေနဲ့အဖေ ဆိုတာ တခါတရံသာ တွေ့ရတဲ့ ဧည့်သည် တွေ ဖြစ်နေခဲ့ပြီ….

တခါတလေ တော့ အမေတို့က မန်းလေးမှာ နေကြတာလို့ ကြားပြီး တခါတလေတော့ ပြင်အူးလွင် မှာ နေကြတာလို့ ကြားဘူးသည် အမေတို့ လာလည်မာ ဆိုတဲ့အခါ လဲ ကိုယ်ဟာ ထင်သလောက် မပျော်

နင်တို့ကို နင့်အဖေတို့နဲ့ ထည့်လိုက်တော့မယ် လို့ အဒေါ်တေ ခြိမ်းခြောက်ရင် ဘာမှန်းမသိပဲ ကြောက် ခဲ့ရသည်… ကြည့်စမ်း သူ့အဖေနဲ့ တူလာတယ်တော့ လို့ အဒေါ်တေစရင် ကိုယ်တို့ မောင်နှမ တွေ အဒေါ်တေ စိတ်တိုင်းကျ စိတ်ဆိုးပြကြရတာပါပဲ… ။

အဖေက အမေ့အိမ်ကို နောက်ဆုံးချိန်ထိ ဝင်ထွက် ခွင့်မရခဲ့ပါဘူး…. ယောကျာ်းနဲ့ အမတေ အကိုတေ ကြားလဲ အမေဟာ အမြဲလို စေ့စပ်ရင်း ဗျာများနေခဲ့ရပါတယ်…

အဖေ နဲ့ ပြသနာတက်ရင် အမတွေ အကိုတွေ ကြည်ကြည်မကြည်ကြည် ပြန်လာတက်ပီး အဖေလာခေါ်ရင် ဘသူတားတား ပေါ်တင်တမျိုး ခိုးပြီးတမျိုး ပြန်လိုက် သွားတက်သည်… အဖေ က သွေးဆိုးသည်… အရက်သောက်ပြီး တကိုယ်ကောင်းဆန်တက်သည်..

အလွန်သိတက်တဲ့ အရွယ်ရောက်လာတော့ ကိုယ်ဟာ အဖေ့ကို မတွေ့ချင်တော့ တကယ်တော့ အဖေက ကိုယ့်အထင် အဆိုးကြီးထဲမပါပါ အရက်သောက်ပြီး အမေ့ကို အော်ဟစ်ဆဲဆိုတက် ပေမယ့်… ကိုယ့်ကို အကြီးဆုံးသမီး အနေဝေးတဲ့သမီးမို့လား မသိ တခါလေးမှ လေသံမာမာနဲ့ မပြော လက်နဲ့မရွယ်ခဲ့ပါ…

အဖေဟာ အလုပ်တော့ တကယ်လုပ်ပေမယ့် မမြဲ စိတ်ဆတ်လွန်းတာမို့ အလုပ်တိုင်းမှာ ပြသနာတက်ကာ ထွက်လာရတာကများသည် အဖေ အလုပ်ပြောင်းတိုင်း အဖေသွားလေရာ အမေဟာ ဖဝါးထပ်မျှပါစမြဲ တိုက်ခန်းရရ တဲစုတ်နေနေ ဖွယ်ဖွယ်ရာရာ ပြုစုသည် ပွဲလမ်းသဘင်မှာ အဖေအော်ဟစ် ဆဲဆိုနေလဲ အမေဟာ အဖေ့ဘေးမှာ အဖေ ဘယ်သူနဲ့ရန်ဖြစ်လို့ အဖေမှားမှား မှန်မှန် အမေဟာ အဖေ့ဘေးမှာ အမေဟာ အဖေ့ကို ကိုယ်တို့ အရွယ်ရောက်တဲ့အချိန်ထိ ကိုကို ဟုသာ ခေါ်သည်…။

(၂) ဘုရားစင် ရှေ့မှာ အဖေနဲ့ မတွေ့ပါရစေနဲ့ လို့ ဆုတောင်းဘူးပေမယ့် အဖေလာ ရင် တမင်ပြုံးကာ ဖေ့ ဖေ့နဲ့ တီတာ တက်ဲတဲ့ ကိုယ် ဟာ တနေ့မှာ…

ရော့ ငါ့သမီးတွက် တဲ့ ထမင်း ပန်းကန်ထဲရောက်လာဲတဲ့ ဟင်းတုံးကို ဖက်ခနဲ ဖယ်ပစ်ရင်း စားပွဲကထ ထွက်လာ တာက အဖေ့ အပေါ် ပထမဆုံးနဲ့ နောက်ဆုံး ဆန့်ကျင် ရိုင်းစိုင်းဘူးခဲ့ခြင်းသာ……

အဖေဟာ တာဝန်မသိမူ့ တကိုယ်ကောင်းဆန်မူ့ အပြင် ကိုယ်တို့ မိသားစုအပေါ် လုံးလုံးခွင့်လွတ်လို့မရတဲ့ အမှား တခုကို လုပ်ခဲ့လေပြီ…… အငယ်နှောင်း ဆီ အဖေ ရောက်နေချိန် တရွာထဲနေ အမေဟာ အငယ်ဆုံး ၂နှစ်သားလေးကို ဖက်ကာ ငိုရင်း အိပ်နေခဲ့တယ်….. ဒါလဲ အမေဟာ ခွင့်လွတ်နိုင်ဆဲ အမေ သူနဲ့ကွာမလား သမီးတို့နဲ့ ပြတ်မလား လို့ ကိုယ်ဟာ ဘယ်လိုနာကျင်မူ့နဲ့ မေးခဲ့မိလဲမသိ ကိုယ့်မေးခွန်းကြောင့် ပဲ လား အဖေ့ကို နာကျည်း လွန်းသွားလို့လား ဒါမှ မဟုတ် ဝဋ်ကြွေးပဲ ကြေခဲ့လေပီလား မသိ ခုတော့ အဖေ့ဆီက အမေလွတ်မြောက်လာတာ ၁၅နှစ် ကျော်ခဲ့ပါပြီ….။

(၃) ဝါသနာပါရာကို ငယ်နုစဉ်က စွန့်လွှတ်ခဲ့ပြီး အသက် ၅၀ ကျော်မှ စတင်နိုင်ခဲ့တဲ့ အမေက ကဖို့ ဆိုခါးနာတာလဲ မသိ ပင်ပန်းတာလဲမသိ အကနည်းပြ အဖြစ် သွက်လက် နေခဲ့သည်..။ တော်လွန်းတဲ့ အမေ့ပါရမီကို နှမျောတသ စွာ ဖြစ်မိပေမယ့် အမေကတော့ သူဖြတ်သန်းခဲ့တဲ့ နှစ် ပေါင်း ၃ဝကျော်ကို နောင်တသံနဲ့ ဘယ်သောအခါမှ မပြောခဲ့ပါဘူး တခါတရံ လေသင့်လို့ အဖေ့ကြောင်းတွေကြားရတဲ့အခါ အမေဟာ ခပ်ဆိတ်ဆိတ်သာ နေတယ် နောက်အိမ်ထောင်နဲ့ ကလေးနဲ့ လို့ကြားလဲ အမေဟာ မသိလိုက်မသိဘာသာ….

သေပီတဲ့ လို့ ကြားလဲ အမေဟာ မကြား သယောင်ယောင် …..

တရက်ကတော့ မျက်မှန်တဝင့်ဝင့်နဲ့ ကိုယ် fb သုံးနေရာသို့ ရောက်လာသည်…..။

Fb မှာ နင့်အ​ဖေကို ရှာကြည့် လို့ရသလား တဲ့ ကိုယ် မျက်စောင်းခဲ မှ ဟိုလိုလိုဒီလိုလို လျောချ သွားတဲ့ အမေဟာ အဖေ့ကို လွမ်းနေမယ်လို့ မတွေးမိခဲ့ပါ….

ဒီဖိတ်စာ လေးကို အမေဟာ အဖေကို အပြီးစွန့်လွှတ် တော့မယ်လို့ ဆုံးဖြတ်စဉ်က စုတ်ဖြဲခဲ့သလား… အဖေ နောက်အိမ်ထောင် ကျသွားပီးကလေးတောင် ရနေပီ လို့ကြားစဉ်ကစုတ်ဖြဲ ခဲ့လေသလား…

ဖိတ်စာအစုတ်လေးကို ပြန်သိမ်းထားတဲ့ အမေဖို့ကရော ပျက်စီးယိုင်နဲ့ခဲ့တဲ့ဘဝတခုရဲ့အမှတ်တရ အဖြစ်လား ယောကျာ်းအပေါ် လွမ်းတဲ့ အလွမ်းတွေအဖြစ်လား တသက်မှာ တခါပဲ ဖြစ်ခဲ့တဲ့ အချစ်အတွက်လားတော့ အမေပဲ သိပါလိမ့်မည်……… ။

dawray