



Unicode

မြန်မာ့ စီးပွားရေးဘဏ်ခွဲများတွင် လစဉ် ၂၁ ရက် တရက်တည်းတွင်သာ ပင်စင်လစာစုပြုံထုတ်ယူလေ့ ရှိကြသဖြင့် ယင်းနေ့ရက်တွင် မိဘပင်စင်စားများအနေဖြင့် ဘဏ်တွင် တန်းစီတိုးဝှေ့ရခြင်း၊ အချိန်ကုန် လူပန်းခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်းများ ဖြစ်ပေါ်နေရပါသည်။

မြန် မာ့စီးပွားရေးဘဏ်အနေဖြင့် လစဉ် ၂၁ ရက်မှစ၍ ယင်းလအတွက် ပင်စင်လစာအပြည့်အဝကို ထုတ်ပေးလျက်ရှိပြီး ယင်းနေ့နောက်ပိုင်း ဘဏ်ဖွင့်ရက်များတွင်လည်း ပင်စင်လစာ အပြည့်အဝ ထုတ်ယူရရှိနိုင်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ယခင်က ပင်စင်ထုတ်ရက် သတ်မှတ်ခဲ့သော်လည်း ယခုအခါ မသတ်မှတ်တော့ပါ။ ဘဏ်ဖွင့်ရက်တိုင်းတွင် ပင်စင်လစာထုတ်ပေးလျက် ရှိပါသဖြင့် ၂၁ ရက်နေ့ တရက်တည်းတွင်သာ စုပြုံထုတ်ယူရန် မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်ရက်များတွင်လည်း လွယ်ကူ အဆင်ပြေစွာ ထုတ်ယူနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်