ဘုံ ကမာၻထြန္း၊ ဒီဇင္ဘာ-၃၀ မႏၲေလးၿမိဳ႕တြင္ သမီးရည္းစားခ်င္း စကားမ်ားရာမွ အမ်ိဳးသားျဖစ္သူက ဓာတ္ဆီျဖင့္ပက္ကာ မီးရွို႔မႈ ဒီဇင္ဘာ ၂၈ရက္ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံးမွ သတင္းရရွိသည္။

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ေဆးရံုၾကီးေရွ႕ လမ္း၃၀ေပၚ၊ ၇၆လမ္းႏွင့္၇၇လမ္းၾကားတြင္ ဒီဇင္ဘာ၂၈ရက္ ည(၁၀)နာရီေက်ာ္က သမီးရည္းစားႏွစ္ဦး စကားမ်ားရာမွ အသက္၃၄ႏွစ္အ႐ြယ္ အမ်ိဳးသမီးျဖစ္သူကို အသက္ ၂၉ႏွစ္အရြယ္ အမ်ိဳးသားက ဓာတ္ဆီျဖင့္ပက္ကာ မီးရွို႔ထြက္‌ေျပးခဲ့ျခင္းျဖစ္သည္ဟု ရဲမွတ္တမ္းတြင္ေဖာ္ျပထားသည္။ ဓာတ္ဆီျဖင့္ပက္ကာ မီးရွို႔သည့္အမ်ိဳးသားသည္ မဟာေအာင္ေျမၿမိဳ႕ နယ္တြင္ ေနထိုင္သူျဖစ္ၿပီး ရဲတပ္ဖြဲ႕မွ ၎ကို ညတြင္းခ်င္းပင္ ဖမ္းဆီးရမိခဲ့သည္ဟု ဆိုသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ၎တို႔ႏွစ္ဦးသည္ ယခင္ထဲက အသိမိတ္ေဆြမ်ားျဖစ္သည္ဟုသာ သိရွိထားၿပီး သမီးရည္းစား ဟုတ္၊ မဟုတ္ ဆိုသည္ႏွင့္ ျဖစ္ပြားရသည့္အေၾကာင္းရင္းကိုမူ စစ္ေဆးၿပီးမွသာ သိရွိနိုင္မည္ဟု အမွတ္(၈)ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိကေျပာသည္။

“ဓာတ္ဆီပုလင္းနဲ႕ေပါ့၊ အဲ့ဒီအမ်ိဳးသမီးကို သူက ေလာင္းလည္းျပီးေရာ ဆိုင္ကယ္ေပၚကေန မီးျခစ္နဲ႕ရွို႔ျပီး ထြက္သြားတာ။ သမီးရည္းစားလား ဘာလားညာလားဆိုတာေတာ့ ကြၽန္ေတာ္လည္း မသိေသးဘူး”ဟု တာဝန္ရွိ ရဲအရာရွိက ေျပာသည္။

မီးရွို႔ခံရသျဖင့္ အသက္၃၄ႏွစ္အ႐ြယ္ အမ်ိဳးသမီးတြင္ မ်က္ႏွာ၊ခႏၶာကိုယ္ႏွင့္လက္မ်ားတြင္ မီးေလာင္ဒဏ္ရာမ်ားရရွိကာ မႏၲေလးေဆး႐ုံႀကီးသို႔ တင္ပို႔ကုသထားရေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမ်ိဳးသမီးကို ဓာတ္ဆီေလာင္း မီးရွို႔ခဲ့သည့္ အမ်ိဳးသားကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆(ေဘးျဖစ္ေစတတ္ေသာ လက္နက္ျဖင့္ အျပင္းအထန္ နာက်င္ေစမႈ)ျဖင့္ ခ်မ္းေအးသာစံၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ဖမ္းဆီးစစ္ေဆးလ်က္ရွိေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

MIN

Unicode

ဘုံ ကမ္ဘာထွန်း၊ ဒီဇင်ဘာ-၃၀ မန္တလေးမြို့တွင် သမီးရည်းစားချင်း စကားများရာမှ အမျိုးသားဖြစ်သူက ဓာတ်ဆီဖြင့်ပက်ကာ မီးရှို့မှု ဒီဇင်ဘာ ၂၈ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဆေးရုံကြီးရှေ့ လမ်း၃ဝပေါ်၊ ၇၆လမ်းနှင့်ရရလမ်းကြားတွင် ဒီဇင်ဘာ၂၈ရက် ည(၁၀)နာရီကျော်က သမီးရည်းစားနှစ်ဦး စကားများရာမှ အသက်၃၄နှစ်အရွယ် အမျိုးသမီးဖြစ်သူကို အသက် ၂၉နှစ်အရွယ် အမျိုးသားက ဓာတ်ဆီဖြင့်ပက်ကာ မီးရှို့ထွက်‌ပြေးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ ဓာတ်ဆီဖြင့်ပက်ကာ မီးရှို့သည့်အမျိုးသားသည် မဟာအောင်မြေမြို့ နယ်တွင် နေထိုင်သူဖြစ်ပြီး ရဲတပ်ဖွဲ့မှ ၎င်းကို ညတွင်းချင်းပင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးသည် ယခင်ထဲက အသိမိတ်ဆွေများဖြစ်သည်ဟုသာ သိရှိထားပြီး သမီးရည်းစား ဟုတ်၊ မဟုတ် ဆိုသည်နှင့် ဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ စစ်ဆေးပြီးမှသာ သိရှိနိုင်မည်ဟု အမှတ်(၈)မြို့မရဲစခန်းမှ ရဲအရာရှိကပြောသည်။

“ဓာတ်ဆီပုလင်းနဲ့ပေါ့၊ အဲ့ဒီအမျိုးသမီးကို သူက လောင်းလည်းပြီးရော ဆိုင်ကယ်ပေါ်ကနေ မီးခြစ်နဲ့ရှို့ပြီး ထွက်သွားတာ။ သမီးရည်းစားလား ဘာလားညာလားဆိုတာတော့ ကျွန်တော်လည်း မသိသေးဘူး”ဟု တာဝန်ရှိ ရဲအရာရှိက ပြောသည်။

မီးရှို့ခံရသဖြင့် အသက်၃၄နှစ်အရွယ် အမျိုးသမီးတွင် မျက်နှာ၊ခန္ဓာကိုယ်နှင့်လက်များတွင် မီးလောင်ဒဏ်ရာများရရှိကာ မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသမီးကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် အမျိုးသားကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆(ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)ဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

MIN