ကျိုက်ထို ၊ ဒီဇင်ဘာ ၃၀ သထုံခရိုင်၊ ကျိုက်ထိုမြို့ ၊ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသိုတက်ရောက်ရာ(ခြေလျှင်)လမ်းရှိ နဂါးပတ်စခန်းတွင်ဒီဇင်ဘာ ၂၅ ရက်၊ ညနေပိုင်းက(သက်ငယ်)မုဒိန်းမှု့တစ်ခုဖြစ်ပွားခဲကြောင်းနယ်မြေခံရဲစခန်း၏မှတ်တမ်းများအရသိရှိရသည် ဖြစ်စဉ်မှာဒီဇင်ဘာ ၂၅ ရက်၊ည​နေ(၅)နာရီအချိန်ခန့်ကကျိုက်ထီးရိုးဘုရားသို.တက်ရောကရာ(ခြေလျင်)လမ်း နဂါးပတ် စခန်းလမ်းရှိတရားလိုဒေါ်ခင်သက်ဝေသည်နေအိမ်ရှေ.တွင်အဝတ်များလှန်​နေစဉ် ၎င်း၏တူမဖြစ်သူ မ အသက်(၈)နှစ်(ဘ)ဦးမင်းမင်း၏သမီးဖြစ်သူ(ဒုတိယတန်း)ကျောင်းသူလေးအား နဂါးပတ်စခန်းလမ်း အိမ်နားနီးချင်းနေသူ မောင်ဗညာအောင်(၁၁)နှစ်(ဘ) ဦးကိုရဲ၏သား(ကျောင်းမနေ)နှင့်လိပ်စာတူသူ(အဘ) ဦးစိုးသီဟ၏သားအသက်(၁၅)နှစ်ခန့်ရှိ မောင်ခန့်မင်းသူတို.မှ သားမယားပြုကျင့်ခဲ.ကြောင်းကို လိပ်စာတူ အိမ်နီးနားချင်းဖြစ်သူ (ဘ) ဦးကိုရဲသမီး မအိမွန်ကျော်(၁၃)နှစ်(ပဉ္စမ)တန်းကျောင်းသူမှ၎င်း၏မောင်ဖြစ်သူနှင့်စကားများရန်ဖြစ်နေကြစဉ် ဖြစ်စဉ်ကိုကြားသိခဲ.ရ၍ မအိမွန်ကျော် ထံသို.သွားရောက်မေမြန်းခဲ.ရာတွင် ဒီဇင်ဘာ(၂၃)ရက်ညနေ(၁၇း၀၀)နာရီချိန်ခန့်တွင် မ—-၊ ၎င်း၏မောင်ဖြစ်သူ ဗညားအောင်နှင့်အိမ်နားနီးချင်နေသူ ခန့်မင်းသူတို.(သုံး)ဦးမှာ​​နေအိမ်တွင်တူးတူပုန်းတမ်း

ကစားနေကြကြောင်း၊အသံတိတ်သွားသဖြင့် ထင်းချက်နေရာမှလှမ်း​ကြည့်ရာတွင် မောင်ဖြစ်သူ ဗညားအောင်နှင့် ခန့်မင်းသူတို.နှစ်မှာ မ—-ဝတ်ဆင်ထားသော ဘောင်ဘီအားဆွဲချွတ်၍ သားမယားအဖြစ်တစ်ကြိမ်စီပြုကျင်.ခဲ.သည်ကိုမြင်တွေ.သိရှိကြောင်း ပြန်လည်ပြောပြသိရှိရ၍ ဒေါ်ခင်သက်ဝေ အသက်(၄၂)နှစ်(ဘ) ဦးဘမောင်မှတရားလိုပြုလုပ်၍ တိုင်ကြားခဲ့သည့်အမှုဖြစ်သည် တိုင်ကြားလာသူတရားလိုနှင့် အရပ်လက်သည် ဒေါ်ဌေးဝင်း(၅၀)နှစ်(ဘ) ဦးထွန်း (လိပ်စာ)တူတို.မှတူမဖြစ်သူ မ—-၊၏ မိန်းမကိုယ်အားကြည့်ရှု.စစ်ဆေးခဲ.ရာတွင် လက်နှင့်အကိုင်မခံနိုင်ဘဲနာကျင်နေခဲ.ပြီး အနည်းငယ်ရောင်ရမ်းနေသည်ကိုတွေ.မြင်သိရှိခဲ့ရသည်ဟုဆိုသည် ၎င်းမှာအလုပ်အားလပ်သေး၍ ယနေ.နံနက်မှ နဂါးပတ်စခန်းလမ်း ဆယ်အိမ်မှူး ဉီးသိန်းရွှေ(၅၇)နှစ်ထံသို့သွားရောက်တိုင်တန်းခဲ.ခြင်းဖြစ်သည် ထိုသို.သွားရောက်တိုင်ကြားရာ ဆယ်အိမ်မှူးမှ ဥပဒေအရဆက်လက်ဆောင်ရွက်ပါရန် ညွှန်ကြားလာသဖြင့် ယခုမှအမှု.ဖွင့်တိုင်ကြားခဲ.ရခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပါတ်သက်၍တရားလို၏တိုင်ကြားချက်အရ ဗညားအောင်(၁၁)နှစ်နှင်. ခန်.မင်းသူ(၁၅)နှစ်(နှစ်ဦး)တို.အား တူမဖြစ်သူ မ—-၊အား သားမယားအ​​ဖြစ်ပြုကျင့်မှု.​ဖြင့်ဉပဒေအရအရေးယူပေးပါရန်တိုင်ကြားလာမှု.အပေါ်ကင်မွန်းချောင်းနယ်မြေရဲစခန်းမှဒီဇင်ဘာ ၂၇ ရက်တွင် ပ/၁၄၁၇/၁၉ရာဇသတ်ကြီးဥပဒေ၊ပုဒ်မ ၃၇၆ အမှု.ကြီးအမှတ်စဉ်(၄/၁၉)အရ အမှု.ဖွင့်လှစ်ပေးခဲ.ပြီး အဆိုပါ အမှု.ဖြစ်စဉ်အားကျိုက်ထီးရိုး(ရင်ပြင်တော်)ရဲကင်းစခန်း မှရဲအုပ် ထွန်းထွန်းလင်းမှ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Media Top 4 Online News.သတင်းအေဂျင်စီ

ဇေယျာဦး(ကျိုက်ထို)