ယ ခုခေတ် မှာ ဈေးသက်သာပြီး စားသုံးရလွယ်ကူတဲ့ အသင့်စား ခေါက်ဆွဲ ခြောက်ထုပ်တွေ ခေတ်စားလာခဲ့ပါတယ်။ ဒီလို ခေတ်စားလာတာနဲ့အမျှ ကမ္ဘာတစ်ဝှမ်းလုံးကလည်း စားသုံးသူဟာ အလွန်ကို များပြားလာခဲ့ပါတယ်။ ဒီတစ်ခါ အသင့်စားခေါက်ဆွဲခြောက်တွေနဲ့ပတ်သတ်ပြီး အန္တရာယ်ကြုံနေရတဲ့ အဖြစ်လေးကို ပရိတ်သတ်ကြီးကို မျှဝေပါရစေနော်…………။

အ ဆိုပါဖြစ်ရပ်လေးကတော့ ထိုင်ဝမ်က အထက်တန်းကျောင်းသား တစ်ဦးရဲ့အဖြစ်ပဲဖြစ်ပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အဆိုပါကျောင်းသားဟာ နောက်ဆုံး နှစ်စာမေးပွဲအတွက် မနားမနေကြိုးစားရင် ညစာတောင် ချက်ပြုတ်ပြီး မစားနိုင်ဘူးလို့ ဆိုပါတယ်။ သူဟာ ဒီလို ချက်ပြုတ်မစားနိုင်တာကြောင့် တစ်နှစ်လုံး အသင့်စားခေါက်ဆွဲခြောက်ကို နေ့စဉ်စားသုံးခဲ့ပါတယ်။ သူဟာ ထိုင်ဝမ်ရဲက နာမည် စက်မှု တက္ကသိုလ်ကို တက်ရောက်နိုင်ရေးအတွက် ယခုလို ကြိုးစားခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူ့ရဲ့ အိပ်မက်ဟာ ပျောက်ကွယ်လုဖြစ်ခဲ့ရပါတယ်။ အဆာလွန်ချိန်တွေမှာ အသင့်စားခေါက်ဆွဲထဲက မယ်လ်မင်းဓာတ်တွေကြောင့် အစာအိမ်ကင်ဆာကို ခံစားနေရပြီဖြစ်ပါတယ်။

ဗိုက်အောင်တာ စစဖြစ်ခြင်းမှာတော့ သူဟာ ရိုးရိုးတန်းတန်း လေအောင့်တာလို့ ထင်ခဲ့ပါတယ်။ သို့ပေမယ့် မပျောက်တာကြောင့် နာမည်ကြီး ဆေးရုံမှာ ပြသပြီး အသားစကို စစ်ဆေးတဲ့အခါမှာ အစာအိမ်ကင်ဆာ S 3 တတိယအဆင့်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ကင်ဆာဆဲလ်တွေဟော အူနံရံကိုလည်း ရောက်ရှိနေပြီး သူ့ရဲ့အသည်းဟာလည်း ပျက်စီးနေတာကို တွေ့ခဲ့ရပါတယ်။ အဆိုပါရောဂါကြောင့် သူဟာ ၁ နှစ်သာ နေထိုင်နိုင်တော့မှာ ဖြစ်ပါတယ်။

အဆိုပါကျောင်းသားဟာ ယခုလို အသင့်စား ခေါက်ဆွဲခြောက်တွေကို ချက်ပြုတ်တဲ့အခါမှာလည်း သန့်ရှင်းမှု မရှိတဲ့ မိဖိုခန်းနဲ့ ဘေစင်တွေကြောင့်ပါ ဖြစ်ခဲ့တာလို့ သိရပါတယ်။ ပရိတ်သတ်ကြီးရေ ဒီလို အသင့်စား ခေါက်ဆွဲခြောက်တွေဟာ အစာအိမ်ကင်ဆာသာမက စားသုံးမှုများရင် ဆံပင်ကျွတ်တာ အရိုးကျွတ်ဆက်တာ သွေးတိုး၊ လေးဘတ်နာရောဂါတွေကိုပါ ဖြစ်ပွားစေပါတယ်။ ဒ့ါကြောင့် မိမိတို့ ပတ်ဝန်းကျင်မှာ အသင့်စား ခေါက်ဆွဲခြောက်စားသုံးတာ များပြားတဲ့ အသိမိတ်ဆွေတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော်……….။

Writer- ME(Shwe Yaung Lan)