ပ ရိသတ္ၾကီးေရ ၊ ဘင္ဂ်မင္ေလးတစ္ေယာက္ အိုင္ေဒါဆုရွင္ မျဖစ္ခဲ့ေပမယ့္ ပရိသတ္အမာခံေတြရဲ႕ ေမတၱာေၾကာင့္ အိုင္ေဒါထက္သာတဲ့ ရလာဒ္ကို ခံစားလိုက္ရျပီျဖစ္ပါတယ္။

Myanmar Idol Season 4 ရဲ႕ Top 3 စာရင္းဝင္ Benjamin Sum ကို ဂုဏ္ျပဳခ်ီးျမႇင့္ဖို႔ Gofundme မွ ႏွစ္ရက္အတြင္း က်ပ္ (၂၂၆)သိန္းေက်ာ္ရရွိေနပါျပီ ။အေမရိကန္ေဒၚလာနဲ႔ ဆို (၁၆,၁၈၅)ေဒၚလာျဖစ္ၿပီး တစ္ေဒၚလာတြင္ ေငြလဲႏႈန္း ၁၄၀၀က်ပ္နဲ႔ တြက္ထားပါတယ္။ယင္း Gofundme ကို အေမရိကႏိုင္ငံ အင္ဒီယာနားပိုလစ္ၿမိဳ႕က Summer တစ္ေယာက္ျဖစ္တဲ့ David Taisun က ဒီဇင္ဘာလ (၂၉)ရက္က စတင္ျပဳလုပ္ခဲ့တာပါ။

ရည္႐ြယ္ခ်က္ကေတာ့ Benjamin Sum ရဲ႕ေရွ႕ေလွ်ာက္ အႏုပညာလုပ္ငန္းအတြက္ ျဖစ္ၿပီး ယင္း ဂုဏ္ျပဳခ်ီးျမႇင့္ေငြအားလုံးဟာ Benjamin Sum ထံေပးအပ္သြားမယ္လို႔ဆိုပါတယ္။Benjamin Sum အတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြေပးအပ္လိုသူမ်ားအတြက္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၈)ရက္ထိ ထည့္ဝင္ႏိုင္ပါတယ္လို႔ေရးထားပါတယ္။ ေခါက္ဆြဲေျခာက္ေလးအတြက္ ဝမ္းသာစကားေလးေတြေျပာေပးခဲ့ပါဦး ။

ယူနီကုဒ်

ပရိသတ်ကြီးရေ ၊ ဘင်ဂျမင်လေးတစ်ယောက် အိုင်ဒေါဆုရှင် မဖြစ်ခဲ့ပေမယ့် ပရိသတ်အမာခံတွေရဲ့ မေတ္တာကြောင့် အိုင်ဒေါထက်သာတဲ့ ရလာဒ်ကို ခံစားလိုက်ရပြီဖြစ်ပါတယ်။

Myanmar Idol Season 4 ရဲ့ Top 3 စာရင်းဝင် Benjamin Sum ကို ဂုဏ်ပြုချီးမြှင့်ဖို့ Gofundme မှ နှစ်ရက်အတွင်း ကျပ် (၂၂၆)သိန်းကျော်ရရှိနေပါပြီ ။အမေရိကန်ဒေါ်လာနဲ့ ဆို (၁၆,၁၈၅)ဒေါ်လာဖြစ်ပြီး တစ်ဒေါ်လာတွင် ငွေလဲနှုန်း ၁၄၀၀ကျပ်နဲ့ တွက်ထားပါတယ်။ယင်း Gofundme ကို အမေရိကနိုင်ငံ အင်ဒီယာနားပိုလစ်မြို့က Summer တစ်ယောက်ဖြစ်တဲ့ David Taisun က ဒီဇင်ဘာလ (၂၉)ရက်က စတင်ပြုလုပ်ခဲ့တာပါ။

ရည်ရွယ်ချက်ကတော့ Benjamin Sum ရဲ့ရှေ့လျှောက် အနုပညာလုပ်ငန်းအတွက် ဖြစ်ပြီး ယင်း ဂုဏ်ပြုချီးမြှင့်ငွေအားလုံးဟာ Benjamin Sum ထံပေးအပ်သွားမယ်လို့ဆိုပါတယ်။Benjamin Sum အတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်လိုသူများအတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်ထိ ထည့်ဝင်နိုင်ပါတယ်လို့ရေးထားပါတယ်။ ခေါက်ဆွဲခြောက်လေးအတွက် ဝမ်းသာစကားလေးတွေပြောပေးခဲ့ပါဦး ။