Myanmar Idol ရဲ့ ပ ထမဦးဆုံး အမျိုးသမီး Winner ဆုရှင်တစ်ဦးဖြစ်တဲ့ အက်စတာဒေါ့ချင်ဆုန် ကတော့ Winner ဆုကို ရရှိပြီးတဲ့ နောက်မှာ ဝေဖန်မှုတွေ မျိုးစုံ ခံလာရပါတယ်။ဘာကြောင့်လဲ ဆိုတော့ သူမဟာ Idol ပြိုင်ပွဲကို ပိုက်ဆံ တစ်သောင်းနဲ့ လာခဲ့ရတယ်ဆိုပြီး ဖြေဆိုလိုက်တဲ့ နောက်မှာ ပရိသတ်များက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ပ ရိသတ်တွေရဲ့ ဝေဖန်ချက်တွေကတော့ အက်စတာ ဒေါ့ချင်ဆုန်ရဲ့ လူမှုကွန်ယက် စာမျက်နှာက Screen Shot တွေပဲ ဖြစ်ပါတယ်။ ဒီ SS တွေကတော့ အက်စတာ တစ်ယောက် ပိုက်ဆံ တစ်သောင်းပဲရှိခဲ့တယ်ဆိုတာတွေရဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။ အထူးသဖြင့် မလေးရှား ၊ စင်္ကာပူ ၊ အမေရိကန် စတဲ့ နိုင်ငံတွေကို သွားရောက်လည်ပတ်ခဲ့တဲ့ အက်စတာရဲ့ ကမ္ဘာတစ်လွှားက ပုံရိပ်များစုစည်းမှုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သာမာန်လူတွေ ကိုင်လေ့မရှိပဲ ပြေလည်သူတွေရဲ့ အဆင်တန်ဆာလို့ ဆိုကြတဲ့ Iphone X နဲ့ တကွ Air Pop ၊ iWatch တွေကိုလည်း ပိုင်ဆိုင်ထားကြောင်း တွေ့မြင်သိကြတာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေက သူမဟာ ပြိုင်ပွဲ တစ်လျှောက်မှာ အမြဲတမ်း ငိုယို မျက်ရည်ခံထိုးပြီး ပရိသတ်တွေကို လိမ်ညာခဲ့တဲ့ ပြိုင်ပွဲဝင် တစ်ယောက်လားဆိုတဲ့ ဝေဖန်မှုတွေကတော့ မြင့်တက်လျှက်ရှိပါတယ်။

Writer- SMT(Shwe Yaung Lan)