ပြီးပြည့်စုံ တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်တွေကြားမှာ တဟုန်ထိုး နာမည်ကြီးလာတဲ့ မော်ဒယ်မလေး လုလုအောင်ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတာမို့ ပုရိသကိုကိုတွေရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေသူလေးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ လုလုအောင်က သူမရဲ့ တစ်ဉီးတည်းသော ချစ်စရာသမီးလေးနဲ့အတူ ရိုက်ကူးထားတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ လုလုအောင်ရဲ့ သမီးလေးကတော့ အမေနဲ့ မတိမ်းမယိမ်းအရွယ်တောင်ရောက်နေပြီမို့ ခေးကြီးတစ်ယောက် အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရတာပါနော်။

မို မိုလေးချစ်ပရိသတ်တွေအတွက် သူမနဲ့ မတိမ်းမယိမ်း အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးလေးရဲ့ပုံတွေကို ထုတ်ပြလိုက်တဲ့ လုလုအောင်ရဲ့ အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

လု လုအောင်ကတော့ “အမေ နဲ့ သမီး 🥰👩‍👧” ဆိုပြီး သူမတို့သားအမိရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာပါ။

လုရဲ့သမီးလေးက အမေနဲ့တောင် တစ်ရွယ်တည်းဖြစ်နေပြီနော်…။

လုလုအောင်ကတော့ Single Mother တစ်ဦးအနေနဲ့ ချစ်စရာသမီးလေးကို စောင့်ရှောက်ရင်း ဘဝကို အကောင်းဆုံး ရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခေးကြီးက အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေပြီး သမီးလေးကိုလည်း အချိန်ပေးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ ခေးကြီးလုတို့ သားအမိကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Lu Lu Aung’s Facebook