Myanmar Idol Season 4 ရဲ့ Winner ဆု ရှင် အက်စတာ ဒေါ့ချင်းဆုမ်း အပါအဝင် Top 11 ဝင်အားလုံးကို ဟားခါးမြို့သို့လာရောက်ဖို့ဖိတ်ခေါ်ပြီး မြို့မိမြို့ဖကိုယ်တိုင်ဦးဆောင်ကာ ကြိုဆိုရန်စီစဉ်နေကြကြောင်းသတင်းရရှိပါတယ်။

၎င်းတို့ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃)ရက် မှ (၈)ရက် ဟားခါးမြို့သို့ရောက်နိုင်မယ်လို့ယူဆရပါတယ်။ ဒါပေမယ့် Top 11 ပြိုင်ပွဲဝင်တွေအားလုံး ဟားခါးမြို့သို့လိုက်လာနိုင်မလာဆိုတာ မသေချာသေးပါ။ဟားခါးမြို့မှ အက်စတာတို့ကို ကြိုဆိုမယ့်ကိစ္ဒနဲ့ပတ်သက်ပြီး ဒီနေ့ ဟားခါးမြို့ CACC စာပေရုံးမှာအစည်းအဝေးပြုလုပ်ကြပါတယ်။

ပြိုင်ပွဲဝင်များသာမက ပြိုင်ပွဲစီစဉ်သူတွေနဲ့ ပြိုင်ပွဲ Sponsor တွေကိုလည်းဖိတ်ခေါ်ဖို့ဆုံးဖြတ်ထားပါတယ်။အက်စတာ နဲ့ ပြိုင်ပွဲဝင်တွေဟာ ကလေးမြို့ဘက်ကနေတက်လာမှာဖြစ်ပြီး ဟားခါးမြို့အဝင်ကနေ မြို့မိမြို့ဖ နဲ့ ဦးဆောင်ကော်မတီတွေကကြိုဆိုပြီး မြို့တွင်းရှိ ဝမ္မသူးမောင်းအားကစားကွင်းတွင် ဒေသခံလူထုကသောင်သောင်ဖျဖျကြိုဆိုကြမှာဖြစ်ပါတယ်။