ပရိ သတ်ကြီးရေ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။

ပရိသတ်တွေကလည်း သူမရဲ့အနုပညာခြေလှမ်းတိုင်းကို စောင့်ကြည့်ပြီး အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။သင်ဇာရဲ့ဖက်ရှင်ဒီဇိုင်းတွေဟာဆိုရင်လည်း ဘယ်တော့မှမရိုးသွားဘဲ အမြဲဆန်းသစ်နေတာကြောင့် လူအများရဲ့ငေးမောကြည့်ရှု့ခြင်းတွေကိုရရှိနေတာဖြစ်ပါတယ်။

လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး နုပျိုလင်းလက်နေတဲ့အလှတရားတွေနဲ့ ဆွဲဆောင်နေတာဖြစ်ပါတယ်။

သင်ဇာကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းနေတာဖြစ်ပြီး မိဘနှစ်ပါးကိုလည်း လုပ်ကျွေးပြုစုနေတဲ့သမီးလိမ္မာလေးဖြစ်ပါတယ်။အခုဆိုရင်လည်း သင်ဇာက ဖေဖေနဲ့မေမေ့ကို နှစ်သစ်ကူးအဖြစ် လက်ဆောင်တွေနဲ့ကန်တော့ခဲ့တဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။