မြတ်မြို့နယ်၊ သစ် ယာဝကျေးရွာအုပ်စုမှာ အပြစ်မဲ့လူတစ်ဦးအား သေနတ်ဖြင့်ပစ်တဲ့ရဲကို အရေးယူဖို့ စုံခုံစစ်ဆေး ရေးအဖွဲ့ဖြင့် လုပ်ဆောင်နေတယ်လို့ရဲတပ်ဖွဲ့မှပြောကြားခဲ့ပါတယ်။

မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စု၊ ကန်ပြင်ကျေးရွာမှာ သြဂုတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်မှုမှာဥပဒေမဲ့ လုပ်ရပ်ဖြစ်တာ ကြောင့် ကာယကံရှင်နှင့် ရပ်မိရပ်ဖများကဒီဇင်ဘာ ၂၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“”ကျေးရွာမှာ ကျွန်တော်ကအရိပ်(ပိတောက်)သစ်ပင်တွေ လိုက်စိုက် ပေးတာပါ။ သစ်ပင်နှစ်ပင်ကိုရွာက ကျောင်းဆရာမ ခုတ်ပစ်ခဲ့တယ်။ဒါကိုကျွန်တော်က ကျောင်းအစည်းအဝေးမှာ ဘာကြောင့်ခုတ်ပစ်တာ လဲ ဆိုပြီး မေးခဲ့တယ်။ ဒါကိုသူတို့ကရဲကိုသွားတိုင်တယ်၊
မြတ်ထွဋ် (မြိတ်)

သြဂုတ်လ ၂၀ ရက်၊ညပိုင်းမှာ ရွာထဲကမိတ်ဆွေတစ်ယောက်ရဲ့အိမ်မှာ စကားပြော နေချိန် ကျန်းမာရေးသွားဖို့ အိမ်နောက်ဘက် ရေကပြင် ဘက်ကို အထွက် ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ ရဲအဖွဲ့က ကျွန်တော်မျက်နှာကို ဓါတ်မီးနဲ့ထွန်းပြီး ဘာမှမမေးပဲ “ဟေ့ကောင်မပြေးနဲ့” ဆိုပြီးအော်ကာသေနတ်နဲ့ လှမ်းပစ်တယ်။

ကျွန်တော့်လက်မှာ သေနတ်မှန်ပြီး လက်ချောင်းလေတွေကျိုးခဲ့တဲ့ အပြင် ရိုက်လည်းရိုက်ခံရတယ်။ ဆေးရုံအချုပ်မှာ ချုပ်ခံရတယ်၊ရဲစခန်းမှာ အချုပ်ခံရတယ်၊ ကျွန်တော့်ကိုဓားကိုင်တယ်ဆိုပြီး ဘယ်ကမှန်းမသိတဲ့ ဓားတစ်ချောင်းကို အတင်းလာ ကိုင်ခိုင်းတယ်။

ပြီးတော့တရားရုံးတင်ပြီး တရားစွဲတယ်။ တရားရုံးမှာ ၅ လလောက် အမှုရင်ဆိုင်ခဲ့ရတယ်။ တရားသူကြီးက ကျွန်တော့်မှာအပြစ်မရှိလို့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တရားသေလွတ်ပေးခဲ့တယ်။
မြတ်ထွဋ် (မြိတ်)

ကျွန်တော်ကရေလုပ်သားတစ်ဦးဖြစ်တယ်။ ကျွန်တော့်ရဲ့ ရေလုပ်ငန်းတွေလည်း အကုန်ပျက်စီးသွားတယ်။ မိသားစုထဲမှာလည်း ဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့တယ်။ ဒါကြောင့်ကျွန်တော်တရားမျှတမှုကို လိုချင်တယ် ကျွန်တော်အခုနိုင်ငံတော်သမ္မတ၊နယ်/လုံဝန်ကြီး၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်အထိတိုင်ထားတယ်။

ရဲတွေကဒါကိုအရေးမယူပေးဘူး။ ဒါကြောင့်ကျွန်တော်သတင်းစာ ရှင်းလင်းပွဲလုပ်တယ်’”” လို့ သေနတ်ဖြင့်ပစ်ခံရသူကန်ပြင်ရွာသားဦးဌေးလွင်က ပြောပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူကို အရေးယူရန် စုံခုံဖွဲ့ပေးထားပြီး တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးနေကြောင်းသိရပါတယ်။ကန်ပြင်ရွာသားများနှင့်ရပ်မိရပ်ဖများက ရားမျှတမှုကိုလိုလားနေပြီး ပြစ်မှုကျူးလွန်သူကို အရေးယူပေးရန် ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ပြောကြား ခဲ့ပါတယ်။

မြတ်ထွဋ် (မြိတ်)