ကျွန်တော်ရွာရောက်တော့ရုံးပတီသီး စိုက်သည့်တောင်သူ တစ်ဦးမှ ပြောပြသဖြင့် ထပ်ဆင့်မျှဝေခြင်းဖြစ်ပါသည်။ရုံးပတီသီးကိုအစိမ်းတို့စားရတာ ကြိုက်သည်ဆိုကရုံးပတီသီးကိုဆား ရည်ဖြင့်နာရီဝက်ခန့်စိမ်ပြီးမ စားပါရန် အကြံပေးပါသည်။ရုံးပတီသီး ကြိုက်သောပိုးမွှားများတွင်လှေးပိုးသည် နှိမ် နင်းရန်အခက်ခဲဆုံးပိုးဖြစ်၏၊အပင်ကို ဖျက်ဆီးသောထိုပိုးသည်အကောင်မမြင်ရ၊ဆေးမျိုးစုံသုံးသော်လည်းထိုပိုးကို မနိုင်။

ထို့ကြောင့်စိုက်ပျိုးရေးဝန်ကြီးဌာနက တားမြစ်ထားသောအန္ဒိယ မှလာသည့် ဆေးတစ်မျိုးကိုသုံးကြ၏၊ထိုဆေးကို သုံးမှရုံးပတီပင်ကိုဖျက်ဆီးသောလှေးပိုးကိုနိုင်၏၊အပင်သန်၏၊အသီးလှ၏၊ သို့သော်ထိုဆေး၏အာနိသင်ကားအလွန်ပြင်းထန်လှ၏၊ဆေးသုံးစွဲသဖြင့်သေသောပိုးကောင်ကိုငှက်စားကငှက်သေ၏၊ထိုသေသောငှက်ကိုခွေးကစားမိပြန်က ခွေးသေ၏။ထိုဆေးအာနိသင်ကား ပိုးကောင်လည်းသေ၊ပိုးကောင်သေစားသောငှက်လည်းသေ၊ငှက် သေစားသော ခွေးလည်းသေသဖြင့်သုံးဆင့်ခန့် အာနိ သင်ပြင်းထန်၏။

ထိုကဲ့သို့အာနိသင်ပြင်းထန်သော ဆေး ကိုနိုင်ငံတော်ကတားမြစ်ထားပြီး စိုက် ပျိုးရေးပညာပေးဟောပြောမှုတွေပြုလုပ်ပါသော်လည်းအရင်းမရှုံးလိုသော တောင်သူများကမှောင်ခိုဝင်လာလို့ ရလျှင်သုံးစွဲမည်သာဖြစ်၏။ထိုအာနိသင်ပြင်းသောဆေးကိုယနေ့ပက်ဖျန်းပြီး မနက်ဖြန် ရုံးပတီသီးခူးကာမြို့တက်ရောင်းသည်လည်းရှိ၏။

ထိုရုံးပတီသီး ကိုအစိမ်းစားသုံးမိပါကဘေးထွက်ဆိုးကျိုးကိုခံရမည်ဖြစ်၏။ထို့ကြောင့် ရုံးပတီသီး ကို အစိမ်းကြိုက်ပါက နာရီဝက်ခန့် ဆားရည်စိမ်စားသုံးပါရန်တောင်သူဦးကြီးတစ်ယောက်၏ ပြောပြချက်အားမျှဝေလိုက်ပါသည်။

Credit

႐ုံးပတီသီး အစိမ္းတို႔စားတတ္သူမ်ားအတြက္ သတိျပဳစရာမ်ား

ကြၽန္ေတာ္႐ြာေရာက္ေတာ့႐ုံးပတီသီး စိုက္သည့္ေတာင္သူ တစ္ဦးမွ ေျပာျပသျဖင့္ ထပ္ဆင့္မွ်ေဝျခင္းျဖစ္ပါသည္။႐ုံးပတီသီးကိုအစိမ္းတို႔စားရတာ ႀကိဳက္သည္ဆိုက႐ုံးပတီသီးကိုဆား ရည္ျဖင့္နာရီဝက္ခန႔္စိမ္ၿပီးမ စားပါရန္ အႀကံေပးပါသည္။႐ုံးပတီသီး ႀကိဳက္ေသာပိုးမႊားမ်ားတြင္ေလွးပိုးသည္ ႏွိမ္ နင္းရန္အခက္ခဲဆုံးပိုးျဖစ္၏၊အပင္ကို ဖ်က္ဆီးေသာထိုပိုးသည္အေကာင္မျမင္ရ၊ေဆးမ်ိဳးစုံသုံးေသာ္လည္းထိုပိုးကို မနိုင္။

ထို႔ေၾကာင့္စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက တားျမစ္ထားေသာအႏၵိယ မွလာသည့္ ေဆးတစ္မ်ိဳးကိုသုံးၾက၏၊ထိုေဆးကို သုံးမွ႐ုံးပတီပင္ကိုဖ်က္ဆီးေသာေလွးပိုးကိုနိုင္၏၊အပင္သန္၏၊အသီးလွ၏၊ သို႔ေသာ္ထိုေဆး၏အာနိသင္ကားအလြန္ျပင္းထန္လွ၏၊ေဆးသုံးစြဲသျဖင့္ေသေသာပိုးေကာင္ကိုငွက္စားကငွက္ေသ၏၊ထိုေသေသာငွက္ကိုေခြးကစားမိျပန္က ေခြးေသ၏။ထိုေဆးအာနိသင္ကား ပိုးေကာင္လည္းေသ၊ပိုးေကာင္ေသစားေသာငွက္လည္းေသ၊ငွက္ ေသစားေသာ ေခြးလည္းေသသျဖင့္သုံးဆင့္ခန႔္ အာနိ သင္ျပင္းထန္၏။

ထိုကဲ့သို႔အာနိသင္ျပင္းထန္ေသာ ေဆး ကိုနိုင္ငံေတာ္ကတားျမစ္ထားၿပီး စိုက္ ပ်ိဳးေရးပညာေပးေဟာေျပာမႈေတြျပဳလုပ္ပါေသာ္လည္းအရင္းမရႈံးလိုေသာ ေတာင္သူမ်ားကေမွာင္ခိုဝင္လာလို႔ ရလွ်င္သုံးစြဲမည္သာျဖစ္၏။ထိုအာနိသင္ျပင္းေသာေဆးကိုယေန႕ပက္ဖ်န္းၿပီး မနက္ျဖန္ ႐ုံးပတီသီးခူးကာၿမိဳ႕တက္ေရာင္းသည္လည္းရွိ၏။

ထို႐ုံးပတီသီး ကိုအစိမ္းစားသုံးမိပါကေဘးထြက္ဆိုးက်ိဳးကိုခံရမည္ျဖစ္၏။ထို႔ေၾကာင့္ ႐ုံးပတီသီး ကို အစိမ္းႀကိဳက္ပါက နာရီဝက္ခန႔္ ဆားရည္စိမ္စားသုံးပါရန္ေတာင္သူဦးႀကီးတစ္ေယာက္၏ ေျပာျပခ်က္အားမွ်ေဝလိုက္ပါသည္။

Credit