Zin Moe
unicode version
ချောင်းဆိုးပျောက်ဆေးနှင့် ပိုးသတ်ဆေး မှားသောက်မိ၍(၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုဖြစ်ပွား
30.12.2019 ညနေ (3:00)အချိန်
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စုရွာသစ်ကျေးရွာနေ အသက်(16)နှစ်ရှိ မအေးရနံ့ဇော် သည် ချောင်းဆိုးပျောက်ဆေးနှင့် ပိုးသတ်ဆေးမှားသောက်မိပြီး ခေတ်သစ် လူမှုကူညီရေးအဖွဲ့မှ ကျုံကူးဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆရာဝန်များမှ အဆိပ်ထုတ်ကာ ကျုံကူးဆေးရုံ မှ ပုသိမ်ဆေးရုံသို့ လွှဲပြောင်းနေစဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။
သေဆုံးသူ၏ DB အား ခေတ်သစ်လူမှုကူညီရေးအသင်းမှ ငပုတောမြို့နယ် တင်းချောင်းအုပ်စုရွာသစ်ကျေးရွာ နေအိမ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရပါသည်။
ဓါတ်ပုံ – ဝေဖြိုး(ခေတ်သစ်လူမှုကူညီရေးအသင်း)