



#crd

naethitmyanmar

Unicode

ထီပေါက်ရင် ထီ ရုံးချုပ် ၃ရလမ်းမှာ သွားထုတ်ရပါမယ် ဘာတွေ ထည့်သွားရမလည်း ဆိုတော့

1. အိမ်ထောင်စုစာရင်း မူရင်း နဲ့ မိတ္တူ 2. မှတ်ပုံတင်မူရင်း မိတ္တူ 3. ထီလက်မှတ် 4.ပတ်စပို့စ် ပုံ ၃ပုံ ( ၅သောင်းဆုဆိုရင်တော့ ၁ ပုံဆိုရပါတယ်) အပေါ်ကအချက်အလက်များကိုယူသွားရပါမယ် ရုံးချုပ်ရောက်ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့ အန်တီ(သို့)ဦးလေးကို ထီသွားထုတ်မလို့ပြောပြီးနာမည်ရယ် မှတ်ပုံတင်ရယ်ရေး လက်မှတ် ထိုးရပါမယ်ပြီးရင် ၃လွှာကို ဓါတ်လှေကား (သို့) ရိုးရိုးလှေကားက တတ်သွားပါ ဝင်ဝင်ချင်း ဓါတ်လှေကား ဘယ်ဘက်ခြမ်းမှာ ထီဆုငွေများထုတ်ယူရန်ဆိုပြီးရေးထားတယ်

အာ့မှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးရတယ် အာ့ ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် ပြီးရင် လက်ဗွေနားမှာ လက်မှတ်ထိုးပေးရမယ် အိမ်ထောင်စုစာရင်း မိတ္တူ မှတ်ပုံတင်မိတ္တူတွေကို ပေးရပါမယ် ပြီးရင်သူတို့တွေက ဖောင်ဖြည့်ဖို့အတွက် ဖောင်ပေးလိမ့်မယ်ဆုသေးတွေဆိုရင်တော့ ၁ ရက်နဲ့ပြီးပါတယ် ဆုငွေကြီးရင်တော့ ရက်ချိန်းတရက်ပြန်ချိန်းပါတယ် ချက်လက်မှတ်ရဖို့အတွက် ဖောင်ထဲကနေရပ်လိပ်စာကို အိမ်ထောင်စု စာရင်းထဲမှာပါတဲ့ အတိုင်းထည့်ပေးရမှာနော် ဖောင်ဖြည့်ပြီးရင် ခဏထိုင်စောင့်ရပါတယ်နာမည်ခေါ်တာနဲ့ ဖောင်ထဲမှာ လက်ဗွေထပ်နှိပ်ရပါတယ် တံဆိပ်ခေါင်းဖိုး ၅၀၀ ပေးရပါတယ် ပြီးရင် ဘေးနားက အခန်းကို ဝင်သွားပါ အာ့မှာ စာရေးမ အန်တီကြီးတွေက သူတို့ အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် လက်မှတ်ထိုးပေး ဆက်သွယ်ရန် ph no. ရေးပေး ပြီးရင် ချက်လက်မှတ်တစ်ခုပေးလိုက်လိမ့်မယ်အာ့ ချက်လက်မှတ်ကို လသာလမ်းနဲ့ ကမ်းနားလမ်းက မြန်မာ့စီးပွားရေးဘဏ် ၅ မှာသွားထုတ်ရပါမယ်…မောဒါကိုပဲ

(မှတ်ချက်)ဆုသေးရင်တော့ ကိုယ်သွားထိုးခဲ့တဲ့ ထီဆိုင်မှာပဲ ထုတ်တာ ကောင်းပါတယ်

#crd

naethitmyanmar