၂၀၀၄ ခုနှစ်က စင်ကာပူနိုင်ငံမှာ အသက်၈နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ပျောက်ဆုံးမှုဟာ လူအများကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။

အသက် ၈နှစ်အရွယ် Huang Na ဆိုတဲ့ ကလေးမလေးဟာ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး မိခင်ဟာ သူမရဲ့ပညာရေးအတွက် စင်ကာပူမှာ ပညာသင်ယူစေခဲ့တာဖြစ်ပါတယ်။

သူတို့သားအမိဟာ ဟင်းသီးဟင်းရွက်တွေကို လက်ကားရောင်းတဲ့စင်တာရဲ့အပေါ်ထပ်မှာ ငှားနေခဲ့ကြပြီး မိခင်ဖြစ်သူဟာ သားသမီးအငယ်တွေရှိသေးတာကြောင့် Huang Na ကိုထားခဲ့ကာ တရုတ်ကိုပြန်သွားခဲ့ပါတယ်။

သူမပျောက်ဆုံးခါနီးမှာ Huang Na ဟာ မိခင်ကို ဖုန်းခေါ်ဆိုကာ အဘိဓာန်စက်မှာခဲ့ပါတယ်။ 2004ခုနှစ် အောက်တိုဘာ ၁၀ရက်နေ့ နေ့ခင်း၁နာရီအချိန်မှာ Huang Na ကို မုန့်ဆိုင်တစ်ခုမှာ နောက်ဆုံးမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

သူမရဲ့ပျောက်ဆုံးခြင်းကို သတင်းစာတွေ ရုပ့်မြင်သံကြားတွေမှာလည်း ကြေညာခဲ့ပြီး သတင်းပေးသူကို ဆုပေးမယ်လို့ကြေညာကာ စုံစမ်းခဲ့ကြပါတယ်။ မိခင်ဖြစ်သူကလည်း နေရာအနှံ့ သမီးဖြစ်သူကို ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ရဲတွေဟာ Huang Na တို့နဲ့ တိုက်ခန်းအတူနေကြတဲ့ ဟင်းရွက်ရောင်းသူ အသက် ၂၂နှစ်အရွယ် Took Leng How ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

Took ဟာ Huang Naအတွက် မုန့်ဝယ်ပေးကာ ဆိုင်ကယ်နဲ့လိုက်ပို့နေကြဖြစ်တဲ့အတွက် ရင်းနှီးတယ်လို့ သိရကြပါတယ်။

ရဲတွေဘက်က စုံစမ်းစစ်ဆေးမှုတွေအဆုံးမှာတော့ Took ဟာ ကလေးပျောက်ဆုံးမှုရဲ့ တရားခံဖြစ်ကြောင်း သိခဲ့ရပါတယ်။

Took ဟာ Huang Na ကို စတိုခန်းထဲမှာ ဖမ်းခဲ့တာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပြုလုပ်ခဲ့ပါတယ်။ သေဆုံးသွားတဲ့ Huang Na ရဲ့အလောင်းကို ပလတ်စတစ် ၉ထပ်နဲ့အုတ်ကာ ကတ်ထူပုံးထဲထည့်ကာ ပန်းခြံထဲကို ပစ်ခဲ့တာဖြစ်တယ်လို့ သိခဲ့ရပါတယ်။

ဒီပြစ်မှုအတွက် Took ကိုသေဒဏ်ချမှတ်ခဲ့ပါတယ်။ Took ဘက်က အယူခံတွေဝင်ကာ တောင်းဆိုခဲ့ပေမယ့် သူ့ကို ၂၀၀၆ခုနှစ် နိုဝင်ဘာလမှာ သေဒဏ်စီရင်ခဲ့တယ်လို့ သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )
Source-Mothership