လ တ်တလော အက်စတာတစ်ယောက် မြန်မာအိုင်ဒေါလ်မှာ Winner ရခဲ့တာနဲ့ပတ်သတ်ပြီး ပရိသတ်တွေဆီက ကောလဟာလတွေနဲ့ဝေဖန်မှုတွေအပြင်းအထန်ခံနေရတာဖြစ်ပါတယ် ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အက်စတာက ” အော် သမီးက 2017 မှာChin Idol မှာ winner ဆုရခဲ့တယ် အဲကနေတစ်ဆင့် winner ရတဲ့သူကို နိုင်ငံခြားမှာနေတဲ့ချင်းအဖွဲ့အစည်းကနေပီးတော့တစ်ဆင့်Gospel concert လုပ်ဖို့ခေါ်တယ်( သမီးတို့ချင်းလူမျိုးကဆင်းရဲတယ် ရှင့် သီချင်းဆိုပီးတော့ပိုက်ဆံအများကြီးရဖို့အရမ်းခက်ခဲတယ်

ဒါမယ့်ပြည်ပမှာနေတဲ့နိုင်ငံအသီးသီးကချင်းလမျိုးတွေကနေတစ်ဆင့် သမီးတို့ ချင်းလူမျိုးထဲက Gospel singer ပဲဖြစ်ဖြစ် love song singer ပဲဖြစ်ဖြစ် သူတို့ပံ့ပိုးမှုကနေတစ်ဆင့် အဆိုတော်တွေအရမ်းတော်လွန်းလို့ခေါ်တယ်ဆိုတာထက် ကိုယ့်လူမျိုးအချင်းချင်းသမီးတို့ရဲ့ ကြိုးစားမှုကိုအသိမှတ်ပြုပေးတဲ့အနေနဲ့မြှင့်တင်ပီးတော့ရိုင်းပင်းကူညီပေးခဲ့ကြတယ် အဲလိုမြှင့်တင်ခံရတဲ့ထဲမှာ သမီးလည်းပါတယ်ပေါ့နော်) ဒီလိုနိုင်ငံခြားသွားတာ သမီးပိုက်ဆံတစ်ပြားတောင်မကုန်ခဲ့ပါဘူး ကိုယ့်ပိုက်ဆံနဲ့ဆိုရင်လည်းမသွားနိုင်ပါဘူးအဲလောက်မချမ်းသာဘူးရှင့်

ပီးတော့ အနုပညာကြေးက မြန်မာနိုင်ငံကအနုပညာကြေးရသလိုမျိုးမရဘူးရှင့် ပီးတော့အဲတုန်းက အနုပညာကြေးကဘယ်လောက်ပါဆိုပီးတော့မသတ်မှတ်ရဲခဲ့ဘူးသတ်မှတ်ရအောင်လည်းကိုယ်ကချွန်ထွက်ပီးတော့တော်တာတက်နေတာလည်းမဟုတ်ခဲ့ဘူး သမီးရဲ့ကြိုးစားမှုကိုအသိမှတ်ပြုလို့သာ သမီးကိုမေတ္တာနဲ့ခေါ်တာဖြစ်တဲ့အတွက်သူတို့ပေးတဲ့လက်ဆောင်ကိုအမြဲတမ်းကျေကျေနပ်နပ်လက်ခံခဲ့တယ် ပျော်လည်းပျော်ခဲ့တယ် လက်ဆောင်မပေးလဲ အဲနိုင်ငံရောက်တာနဲ့တင်သမီးဘက်ကပြောပြလို့မရအောင်ကျေနပ်နေတယ်ခဲ့ပါတယ် ဘာလို့လဲဆိုတော့အမြင်တွေကျယ်လာခဲ့တယ် အဲတာဘာနဲ့မှဝယ်လို့မရတဲ့အရာမို့လို့ပါ ။

သမီးမြန်မာပြည်ပြန်လာတော့ ရထားတဲ့ပိုက်ဆံလေးထဲကနေ mission လုပ်တယ် အမေအတွက်ဆေးဖို့တက်နိုင်သလောက်ပေးတယ်ပီးတော့ နောက်ဆုံးနှစ်တက္ကသိုလ်ကိုအတက်နိုင်ဆုံးမိဘကိုတစ်ဖက်ကနေကူညီသောအားဖြင့်ကိုယ့်ဟာကိုအဆောင်ငှါးတယ် ကျောင်းတက်ပါတယ်မောင်လေးကိုလည်းတက်နိုင်သလောက်ကြည့်တယ်အဲတော့နည်းနည်းရထားတဲ့ပိုက်စံကလည်းအလုပ်ဘာမှမလုပ်နိုင်သေးတော့ကျောင်းဖိုးတွေနဲ့ကုန်တာပေါ့နော် အဲကနေတစ်ဆင့်Myanmar Idol ပြိုင်ခါနီးအဆောင်ဖိုးပေးဖို့မရှိတော့လို့ဖေဖေ့စီကအဆောင်ဖို့လှမ်းတောင်းတယ်ပို့လိုက်တဲ့ပိုက်စံကိုမစားဘဲစုတယ်ရှိတဲမုန့်ဖိုးနဲ့အဝတ်စားနည်းနည်းဝယ်တယ်ကျန်တဲ့ပိုက်ဆံနဲ့ မောင်လေးနဲ့အတူ Myanmar Idol မှာပြိုင်တာဖြစ်ပါတယ် That all about my story of Myanmar Idol ။

လူတစ်ယောက်ရဲ့ဘဝအကြောင်းကိုသေချာမသိဘဲနဲ့မပြောပါနဲ့အပူတွေမယူကြပါနဲ့ညီမကိုပြောတာအကြောင်းမဟုတ်ဘူးခံနိုင်ပါတယ်ဒါမယ့်ပြောနေတဲ့သူတွေဘဝသံသရာအဆက်ဆက်ဝဋ်ကြွေးတွေဆက်ရမှာစိုးလို့ပါ အားလုံးမေတ္တာနဲ့ပါ ပီးတော့သမီးကို ဘာသာခြားအမျိုးတို့အားလုံးကဘုရားမှာအလှူတွေလုပ်ပေးတဲ့သူအားလုံး အမျှ အမျှ အမျှပါ ကျန်းမာပါစေချမ်းသာကြပါစေ လို့ဆုတောင်းပေးပါတယ်နှစ်သစ်မှာဘုရားသခင်ငြိမ်သက်ခြင်းပေးကြပါစေရှင့် ဆိုတဲ့စာသားလေးနဲ့ ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှထက်ကနေ ပရိသတ်တွေကိုရှင်းပြလိုက်ပြီပဲဖြစ်ပါတယ် ။