မြန်မာအိုင်ဒေါ ပြိုင်ပွဲပြီးသည့်နောက်ရက် (ယနေ့) တွင် ”ဆုမ်ဆုမ် Winner ဖြစ်ပြီးနဲ့မဖြစ်ခင်မင်းကတော့သိနိုင်မယ်မထင်” စာသားခေါင်းစဉ်တပ်ထားသည့် ဓာတ်ပုံ ၂ ပုံ အွန်လိုင်းပေါ်တွင် ခေတ်စားနေသည်ဟု

သိရသည်။ အဆိုပါအကောင့်မှာ Salai Kyaw Moe Htun နာမည်ဖြင့်အကောင့်ဖြစ်ပြီး သူ၏ ဓါတ်ပုံ ၂ ပုံ နှင့် အတူ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် အက်စတာဒေါ့ချင်းဆုမ် ကို ဗုတ်တင်ပေးထားသည့် ဓါတ်ပုံတစ်ပုံလည်း

ဖော်ပြထားပါသည်။ အကောင့်နာမည်ကို ကြည့်ခြင်းအားဖြင့် အကောင့်ပိုင်ရှင်မှာ ချင်းအမျိုးသားတစ်ဦး ဖြစ်မည်ဟုယူဆရပြီး မြန်မာအိုင်ဒေါပြိုင်ပွဲတွင် Winner ဆုရသည့်အဆိုတော် အက်စတာကို တစိုက်မတ်မတ်

အားပေးခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာအိုင်ဒေါ ဂရင်းဖိုင်နယ် မစတင်မှီအချိန်ကလည်း အက်စတာဒေါ့ချင်းဆုမ် ကိုအားပေးသည့် Fan များကို စည်းကမ်းရှိစွာ အားပေးရန်အတွက်လည်း သူ၏ အကောင့်မှတဆင့်

”Idol Final Winner ဆုမ်ဆုမ် ဆုယူပြီးအပြန်မှာ တစ်ဖက်ပြိုင်ဖက် အသင်းကသူတွေ မညိုငြင်အောင် စည်းကမ်းရှိစွာ အားပေးကြမယ်နော်” ဟုရေးသား၍ အားပေးထားသည်ကိုလည်း သိရှိရပါသည်။ အွန်လိုင်းပေါ်ပျံ့နှံ့နေသည့်

အဆိုပါပုံနှစ်ပုံနှင့်ပတ်သက်၍ ကာယကံရှင်သို့ ဆက်သွယ်မေးမြန်းရန်အတွက် ဖုန်းဘေမရှိ၍ ကာယကံရှင်၏ အကောင့်ကိုသာ Tag တွဲ၍ ဖော်ပြလိုက်ရပေသည်။ မည်သူမဆို လွတ်လပ်စွာ ရှယ် ယူနိုင်ပါသည်။