ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။အခုအချိန်မှာ ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးလာတာဖြစ်ပြီး ပရိသတ်တွေကသရုပ်ဆောင်တစ်ယောက်အနေနဲ့အသိအမှတ်ပြုလာခဲ့ပြီလည်းဖြစ်ပါတယ်။ရွှေထူးကတော့ မင်းသမီးချေောလေး ရွှေမှုံရတီနဲ့လက်ထပ်ထားတာဖြစ်ပြီး ပရိသတ်ချစ်ခင်ရတဲ့အနုပညာရှင်စုံတွဲလေးပါ။

လက်ထပ်ပြီးနောက်ပိုင်းမှာလည်း နှစ်ယောက်အတူသီချင်းလေးတွေဖန်တီးခဲ့ပါတယ်။ပထမဆုံးထွက်ရှိတာကတော့ အမှားသီချင်းဖြစ်ပြီး လူကြိုက်များခဲ့ပါတယ်။အမှားသီချင်းမှာတော့ အဆိုပိုင်းနဲ့ပတ်သက်တဲ့ ရွှေမှုံရတီရဲ့အနုပညာအရည်အချင်းကို ပရိသတ်တွေကအသိအမှတ်ပြုခဲ့ပါတယ်။ဒီဇင်ဘာ(၈)ရက်(၂၀၁၈)မှာထွက်ရှိခဲ့တဲ့ဒီသီချင်းဟာ လူကြိုက်များခဲ့သလို အောင်မြင်မှုရခဲ့တယ်ဆိုရမှာပါ။

အခုဆိုရင် Legacy Music YouTube မှာ၂၀၁၉ တစ်နှစ်တာအတွင်း ပရိတ်သတ်ကြိုက်နှစ်သက်မှုအများဆုံးစားရင်းဝင် သီချင်းတစ်ပုဒ်ကတော့ ရွှေထူး နှင့် ရွှေမှုန်ရတီ ရဲ့ အမှား သီချင်းဖြစ်ခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုလည်းရွှေထူးက သူ့ရဲ့ဖေ့ဘွတ်မှာပြန်လည်မျှဝေထားပါတယ်။အောင်မြင်မှုအတွက် ကွန်ကရက်ကျူလေးရှင်းပါ….
Source : ShweHtoo ,Legacy Music
Moe – Cele Gabar