လ တ်တလောမှာ ပရိသတ်တွေကြားဂယက်အကြီးအကျယ်ရိုက်နေတာကတော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးရဲ့ ပထမဆုံး မိန်းကလေး Winner ဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ရဲ့ ကောလဟာလသတင်းတွေပဲဖြစ်ပါတယ်။ အဲဒီထဲမှာတော့ အက်စတာတစ်ယောက် ဟာပြိုင်ပွဲကြီးကို ပိုက်ဆံတစ်သောင်းထဲနဲ့ လာရောက်ယှဉ်ပြိုင်ရတယ်လို့ လူပြောများလာတဲ့နောက်မှာတော့ သူ့ရဲ့ နိုင်ငံခြားဖျော်ဖြေရေးခရီးစဉ်တွေ သွာရောက်ခဲ့တဲ့ မှတ်တမ်းတွေအပေါ် မေးခွန်းထုတ်ဝေဖန်ခဲ့မှုတွေက ပိုမိုပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုတော်မလေး လာဒင့်ထားရီကိုတော့ “မောင်အဆင်ပြေရဲ့လား” သီချင်းလေးနဲ့ ပရိသတ်တွေ သတိထားမိကြပြီး လာဒင့်ထားရီ ဟာ အက်စတာနဲ့အတူ နိုင်ငံခြားဖျော်ဖြေရေးခရီစဉ် အတူသွားခဲ့သူပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို့ နိုင်ငံခြားဖျော်ဖြေရေးခရီးစဉ်တွေ သွားတဲ့အပေါ် ဝေဖန်နေမှုနဲ့ ပတ်သတ်ပြီးတော့ “ဟုတ်ကဲ့ နောက်ဆို ညီမတို့လို သာမန် အချို့တွေလို တာဇံတွေအတွက် မရောက်ဖူးတဲ့နေရာ လူတိုင်းမတတ်နိုင်မသွားနိုင်တဲ့နေရာတွေ ရောက်ဖြစ်ခဲ့ရင် ဘယ်သူ ဘယ်ဝါက အကုန်ခံပြီး ဘယ်လိုလိုက်ပို့ပေးတာပါ ဆိုပြီး ပုံနှင့်တကွ အသေးစိပ်တင်ပေးသွားပါ့မယ်ရှင့်…ကျေးဇူးတင်ပါတယ် ပုံ/ သူများလိုက်ပို့ပေး စီစဉ်ပေးမှသာ နေရာစုံရောက်သော ကောင်မလေး….” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ အဆိုတော်မလေး လာဒင့်ထားရီကတော့ အက်စတာနဲ့အတူတူ နိုင်ငံခြားဖျော်ဖြေရေး ခရီးစဉ်အတူတူထွက်ခဲ့တာကြောင့် အခုလိုဝေဖန်မှုတွေနဲ့ အက်စတာတစ်ယောက် ရင်ဆိုင်နေခဲ့ရတာကိုကြည့်ပြီး နောက်နောင် နိုင်ငံခြားဖျော်ဖြေရေးခရီးစဉ်တွေရှိခဲ့ရင် အသေးစိတ်တင်ပေးပါမယ့်လို့ အရွန်းဖောက်ထားပါတယ်။

Source: Dint Htar Yi
Credit – DarDar-CeleGabar