ဖွေးဖွေး ဟာလက်ရှိ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်….ငယ်စဉ်ကအဆိုတော်ဖြစ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ အောင်မြင်ကျော်ကြားတဲ့ အကယ်ဒမီမင်းသမီးတစ်ဦးအနေနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်…နောက်ထပ် ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်နဲ့လည်း ညီမဝမ်းကွဲ တော်စပ်သူဖြစ်ပါတယ်…..

ချစ် စရာကောင်းပြီး မာနမကြီးတတ်သလို သရုပ်ဆောင်ပိုင်နိုင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း ရရှိထားသူပါ……၂၀၁၂ ခုနှစ်မှာ “လက်ပံ” ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာလည်း “ကျွန်မက နှင်းဆီပါမောင်” ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ကို ရရှိထားသူလည်း ဖြစ်ပါတယ်…၂၀၁၈ ခုနှစ်မှာလည်း ဖွေးဖွေးဟာ “ရွှေကြာ” ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုလည်း ထပ်မံရရှိခဲ့ပါတယ်…

လက်ရှိအချိန်မှာတော့ ဖွေးဖွေးဟာ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေဆီကို ငယ်ဘဝဓာတ်ပုံလေးအချို့ကို မျှဝေခဲ့ပါတယ်…. ဒီပုံလေးတွေထဲမှာ ဖွေးဖွေးဟာ ပုံစံတမျိုးလေးနဲ့ ပရိသတ်တွေ မမှတ်လောက်အောင်လှနေတာဖြစ်ပြီး ခုလိုစာသားလေးလည်း ရေးခဲ့ပါသေးတယ်..

“ဟင့်အင်း… ရွှေရည်. . ရန်ကုန်ပြန်မလာသေးဘူး …” ဆိုပြီး ရေးသားခဲ့တာပါ…ဖွေးဖွေးရဲ့ နာမည်အရင်းက ရွှေရည်ကိုဦးဖြစ်ပါတယ်…

ဒါကြောင့်လည်း သူ့နာမည်အရင်းလေးကို ထည့်ရေးပြီး ခုလို ငယ်ဘဝဓာတ်ပုံလေးတွေ မျှဝေခဲ့တာ ဖြစ်ပါတယ်… ပရိသတ်ကြီးတို့လည်း ဖွေးဖွေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကြည့်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်..

Writer – HW (Shwe Yaung Lan)
Source : Phway Phway