Myanmar Idol Season 4 က Winner ကို ရွေးချယ် နိုင်ခဲ့ပေမယ့် သရုပ်ဆောင် ခင်ဇာခြည်ကျော် တို့ သားအမိကတော့ Idol ပြီးမှပဲ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ကြတယ်ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် ခင်ဇာခြည်ကျော် တစ်
ယောက်ကတော့ တစ်ခါက နာမည်ကျော်ခဲ့တဲ့သရုပ်ဆောင် မင်းသမီး တစ်လက်ဖြစ်သလို သူမရဲ့ သရုပ်ဆောင်ကောင်းမွန်မှုတွေကြောင့်လည်း ပရိသတ်က အထူးအားပေးခဲ့သူလည်း ဖြစ်ပါတယ်နော်။

သူမ မှာ ဘုန်းမင်းနေလ ဆိုတဲ့ ချစ်စရာ သားလေးလည်း ရှိပါတယ်နော်။ သူကတော့ လက်ရှိမှာ အနုပညာလောကထဲကို ဝင်ရောက်နေခဲ့ပြီဖြစ်ပါတယ်။ ရွှေကြိုကနေတစ်ဆင့် အခုဆိုရင် အနုပညာ လှုပ်ရှားမှုတွေလုပ်နေခဲ့ပြီဖြစ်ပါတယ်။ သူတို့ သားအမိနှစ်ယောက်ကတော့ ကျန်ခဲ့အချိန်တွေမှာ စည်းလုံးချစ်ခင်ပေမယ့် Myanmar Idol ရဲ့ Idolရွေးခြယ်ထားမှုမှာတော့ အမြင်မတူကြလို့ တွန်းကန်မှုတွေလည်း ရှိနေခဲ့တယ်လို့သိရပါတယ်။ မိခင်ဖြစ်သူကတော့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်တဲ့ ဘာဂျာမြင့်စန်း ( ဘင်ဂျမင်ဆန်) ကို အားပေးသူဖြစ်ပြီးတော့ သားဖြစ်သူ ဘုန်းမင်းနေလ တစ်ယောက်ကတော့ အေးမြဖြူကို အားပေးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သူတို့သားအမိနှစ်ယောက် ကိုယ်စီ Idol တွေနဲ့ စီးချင်းထိုးမှုက အမြင့်ဆုံးအခြေအနေကနေ အခုတော့ ငြိမ်းချမ်းရေး ခရီးကို လျှောက်လှမ်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ဘာကြောင့်လည်းဆိုတော့ သူတို့အားပေးတဲ့ Idols က ဆုမရရှိပဲ အက်စတာက Winner ဆုကို ရရှိသွားခဲ့တာကြောင့် သားအမိနှစ်ယောက် Idol စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီလို့ သိရပါတယ်။

အခုလို ချစ်စရာကောင်းတဲ့ Idol အိမ်တွင်း တိုက်ပွဲလေးတွေကလည်း အခြား မိသားစုတွေမှာလည်း ရှိပါတယ်နော်။အခုလို ကိုယ်ယုံကြည်ရာ လုပ်သလို ၊မဖြစ်လာခဲ့ရင်လည်းနားလည်မှု ရှိစွာ စစ်ပြေငြိမ်းနိုင်ခဲ့တဲ့ ခင်ဇာခြည်ကျော်တို့ သားအမိနှစ်ယောက်ကတော့တကယ့်ကို အတုယူစရာပါပဲနော်။

Writer – SMT( Shwe Yaung Lan)