ပ ရိသတ်​တွေရဲ့ စိတ်​ဝင်​စားမှုကို အပြည့်​အဝရရှိခဲ့တဲ့ Myanmar Idol Season (4) ပြိုင်​ပွဲ ကြီးကတော့ ပြိုင်ပွဲဝင်တွေရဲ့ ထူးခြားတဲ့ အရည်အချင်းကြောင့် အားလုံးက မလွတ်တမ်း စောင့်ကြည့်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Myanmar Idol ရဲ့ ပြိုင်ပွဲ ဝင်ဟောင်းတစ်ဉီးဖြစ်တဲ့ အဆိုတော် ချမ်းမြေ့မောင်ချိုကလည်း Myanmar Idol ကြည့်ရင်း သူမပြိုင်ပွဲဝင်တုန်းက ရင်ကွဲမတတ်ခံစားခဲ့ရတဲ့ အကြောင်းအရာတစ်ခုကို ထုတ်ပြောလာတာ တွေ့ရပါတယ်။

ချမ်းမြေ့မောင်ချိုကတော့ အဆိုပိုင်းကို ခုံမင်နှစ်သက်သူအဖို့ ပြိုင်ပွဲဝင်တွေကို အားပေးရင်း သူမခံစားရတာကို ထုတ်ပြောလာတာပါ။

ချမ်းမြေ့မောင်ချိုကတော့ “ပြိုင်ပွဲဝင်တစ်ယောက်အတွက် ဘယ်အရာက ရင်အနာရဆုံး နဲ့ ရင်ကွဲမတတ်အခံစားရဆုံး လဲ သိလား? Grand Final ထိရောက်ခဲ့ပီးတော့မှ…..သီချင်းမဆိုနိုင်ခဲ့တာပဲ.” ဆိုပြီး Myanmar Idol ကြည့်ရင်း သူမရဲ့ခံစားချက်တွေကို ထုတ်ပြောလာတာပါ။

ချမ်းမြေ့မောင်ချိုတစ်ယောက်ကတော့ မနှစ်က မြန်မာအိုင်ဒေါမှာ Grand Final ထိရောက်ပြီးမှ သီချင်းဆိုပြီး မပြိုင်ခဲ့ရတာကို ရင်ကွဲမတတ် ခံစားခဲ့ရတယ်လို့ ဆိုလာခြင်း ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုက​တော့ လတ်​တ​လောမှာ သူချစ်​ရတဲ့သီချင်း​တွေ​ကို ခံစားချက်​အပြည့်​နဲ့ အ​ကောင်းဆုံးကြိုးစားလုပ်​ကိုင်​နေတယ်​လို့ သိရပါတယ်​။