ပရိ သတ်ကြီးရေ မနေ့ညကတော့ Myanmar Idol Season-4 ပြိုင်ပွဲကြီးဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ ။ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုခဲ့ရတဲ့ ပွဲကြီးမှာ ချင်းတိုင်းရင်းသူလေး အက်စတာ ဒေါ့ချင်းဆုန်က Winner ဆုကြီးကို ရရှိပိုင်ဆိုင်သွားခဲ့ပါတယ် ။ ဘင်ဂျမင် နဲ့ အေးမြဖြူကိုရစေချင်တဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ကြသလို အက်စတာ ပရိသတ်တွေကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ကြပါတယ်

ဒါပေ မယ့် ပြိုင်ပွဲတစ်လျှောက်လုံး မောင်နှမလို ချစ်ခင်ခဲ့ကြတဲ့ ဘင်ဂျမင်နဲ့ အေးမြဖြူတို့ကတော့ သူတို့ရဲ့ အစ်မ အက်စတာ ရသွားတဲ့ အတွက် အရမ်းဂုဏ်ယူနေကြပြီး အားပေးရကျိုးနပ်အောင် ဒီထက်မက အများကြီးကြိုးစားပါလို့လည်း အက်စတာအတွက် စကားလက်ဆောင်ပြောပေးခဲ့ကြပါတယ် ။

မိန်း ကလေး Winner ရစေချင်တဲ့ ပြိုင်ပွဲဝင်တွေရဲ့ ဆန္ဒအတိုင်း မအက်စတာရသွားတဲ့အတွက် အရမ်းဂုဏ်ယူတယ်လို့လည်း အေးမြဖြူလေးက ဂုဏ်ပြုစကားဆိုခဲ့ပါသေးတယ် ။ ပြိုင်ပွဲမှာ Winner မရခဲ့ပေမယ့် ဘင်ဂျမင်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အကောင်းဆုံးဆက်လျှောက်ရင်း အမြဲရှိနေမှာပါလို့လည်း ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ် ။

Winner မရပေမယ့် ပြိုင်ပွဲဝင်ေ မာင်နှမအချင်းချင်း ဘယ်သူရရ ဆိုတဲ့စိတ်နဲ့ ဂုဏ်ယူနေကြတဲ့ သူတို့လေးတွေရဲ့ စိတ်ဓာတ်ကတော့ တကယ်ကိုချစ်စရာပါပဲ ပရိသတ်ကြီးရေ..။ ဒီပြိုင်ပွဲဝင်တွေအားလုံးဟာ Winner မရခဲ့ပေမယ့် ပရိသတ်ရင်ထဲက Winner လေးတွေပါလို့ပဲ တင်စားလိုက်ချင်ပါတော့တယ်နော် ။

Credit – Celegabar