ပ ရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်ပိုင်နိုင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ဇာတ်ကားတွေဆက်ရိုက်ကူးနေရပြီး အနုပညာရှင်တွေကိုယ်တိုင် ချီးကျူးရလောက်အောင် အရွယ်လေးနဲ့မလိုက်အောင် တော်လွန်းသူလေးကတော့ ကလေးသရုပ်ဆောင်ပြည့်ပြည့်ပဲ ဖြစ်ပါတယ်နော်..။

နာမည်ကျော်ထိပ်တန်းအနုပညာရှင်တွေနဲ့အတူ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး လူကြီးတွေနဲ့အပြိုင် မညီးမညူကြိုးစားပြီး အရမ်းတော်လွန်းတဲ့ ပြည့်ပြည့်လေးကိုတော့ ဝါရင့်အနုပညာရှင် သရုပ်ဆောင်မင်းသမီးချော မျိုးသန္တာထွန်းကလည်း ချီးကျူးစကားလေး ဆိုလာပါတယ်နော်..။

မျိုးသန္တာထွန်းနဲ့ ပြည့်ပြည့်လေးကတော့ လတ်တလောရုပ်တင်ပြသနေတဲ့ “ကြောက်ကြောက်ကြောက်၂” ရုပ်ရှင်ဇာတ်ကားကြီးမှာ သားအမိတွေအဖြစ် သရုပ်ဆောင်ထားကြပြီး ကလေးဆိုပေမယ့် လူကြီးတွေနဲ့ယှဉ်ပြီး သရုပ်ဆောင်နိုင်လွန်းတာကြောင့် မျိုးသန္တာထွန်းက ပြည့်ပြည့်ကို ချီးကျူးစကားလေးဆိုထားတာ ဖြစ်ပါတယ်..။

လူကြီးတွေနဲ့အပြိုင် အိပ်ရေးပျက်လည်း ခံနိုင်ပြီး အရမ်းတော်ကာ ဘယ်တော့မှ မငြီးငြူဘဲ ရိုက်တဲံအချိန်တိုင်းမှာ အမြဲတမ်းအဆင့်သင့်ဖြစ်နေတဲ့ အကြောင်းလေးတွေကို ပြောပြီး ချီးကျူးစကားလေး ဆိုထားတာပါနော်..။

ဒီကားရိုက်ရတာ မနက်မိုးလင်းသွားတဲ့ရက်တွေ မနည်းတော့ဘဲ ညလုံးပေါက်ရိုက်ရတဲ့ရက်တွေများတာမို့ ကြာလာတော့ နေ့တွေညတွေတောင် မှားပေမယ့် ပြည့်ပြည့်လေးက ကလေးဆိုပေမယ့် အရမ်းတော်တယ် လူကြီးတွေနဲ့အပြိုင် အိပ်ရေးလည်း အပျက်ခံနိုင်ပြီး ဘယ်တော့မှ မငြီးဘူး ရိုက်တဲ့အချိန်တိုင်းမှာ အဆင့်သင့်ဖြစ်နေတယ် အပင်ပန်းလည်းခံနိုင်တယ် အရမ်းလည်းကြိုးစားတယ် အရမ်းချီးကျူးတယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ အရွယ်လေးနဲ့ မလိုက်အောင်ကို အရမ်းတော်ပြီး အရမ်းကို ကြိုးစားတဲ့ ကလေးသရုပ်ောဆင်လေး ပြည့်ပြည့်လေးအကြောင်း ပြောပြထားပြီး ဇာတ်ကားလေးအကြောင်းပါ ပြောပြထားတဲ့ မျိုးသန္တာထွန်းရဲ့ အကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။