Sweet ဖြစ် တဲ့ မျက် နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ချောရတနာကတော့ သရုပ်ဆောင်တစ်ဦးအနေနဲ့လည်း ထူးချွန်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းနဲ့ သာယာတဲ့ မိသားစုဘဝလေးကို ဖန်တီးထားတဲ့ ချောရတနာကတော့ အရမ်းချစ်စရာကောင်းတဲ့ သားနဲ့သမီးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လတ်တလောမှာတော့ ချောရတနာက ကလေးနှစ်ယောက်မေမေလို့တောင် မထင်ရလောက်တဲ့ သူမရဲ့အလန်းစားပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ဆယ်စုနှစ်တစ်ခုစာလောက် ပြန်ငယ်သွားတဲ့ ချောရတနာရဲ့ပုံရိပ်တွေကတော့ အရမ်းကို မိုက်နေတာပါနော်။

မို မိုလေးချစ်ပရိသတ်တွေအတွက် ဆိုင်ကယ်ကြီးတစ်စီးနဲ့ ခပ်မိုက်မိုက် ရိုက်ကူးထားတဲ့ ချောရတနာရဲ့အဂေါ်ဆုံးပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချော ရတနာကတော့ “MUA 😝 Myself” ဆိုပြီး သူမကိုယ်တိုင် ပြင်ဆင်ထားတဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးမှ တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ချောရတနာကတော့ ခင်ပွန်းရဲ့အချစ်တွေကိုလည်း တိုးတိုးပြီး ရနေသူလေးပဲ ဖြစ်ပါတယ်။

လမ်းမထက်မှာ ဘယ်လိုတောင် ဂေါ်နေလည်းမေး…။

အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေ အနားယူထားတဲ့ ချောရတနာကတော့ သားသမီးတွေနဲ့အတူ ကြော်ငြာလေးတွေတော့ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ ချောရတနာတို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကလေးနှစ်ယောက်မေမေပေမယ့် အလှအပကို ဂရုစိုက်တာကြောင့် အပျိုရှုံးအောင်လှနေတဲ့ ချောရတနာကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Chaw Yadanar’s Facebook
Photo;Htet Waiyan Win Thu