မိန်းမ ဆိုတာ အချစ်နဲ့ ပတ်သက်လာရင် အင်မတန်အူတိုတတ်တဲ့သူတွေပါ….ချစ်ရသူအတွက် အလွန်ပေးဆပ်တတ်သူတွေ ဖြစ်သလို သူတို့ ချစ်သူတွေ နောက်တစ်ယောက်ထားဖို့ မပြောနဲ့ တခြားမိန်းကလေးကို မျက်လုံးနောက်လိုက်ကြည့်မိရင်တောင် ခွင့်လွှတ်တတ်တာမဟုတ်ဘူး…ခုပြောမယ့် အဖြစ်အပျက်လေးထဲက မိန်းကလေးကတော့ တကယ့်ကို ထူးထူးဆန်းဆန်းလို့ ဆိုရမှာပါ…အဲတာကတော့ သူကိုယ်ဝန်ဆောင်နေချိန်မှာ ယောက်ကျားဖြစ်သူကို နောက်ထပ်မိန်းမတစ်ယောက်ရှာပေးခဲ့တာပဲ ဖြစ်ပါတယ်….

မလေးရှားနိုင် ငံက ကူဇာတူဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်နေချိန်မှာ ခင်ပွန်းဖြစ်သူကို ပြုစုဖို့ နောက်ထပ် မယားတစ်ယောက်ကို ကိုယ်တိုင်ရှာပေးခဲ့ပါတယ်…

သူတို့လင်မယားဟာ ၂၀၁၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ၅ ယောက်မြောက် ကလေးကို ကိုယ်ဝန်ဆောင်ရချိန်မှာတော့ ကူဇာတာဟာ ဝှီးချဲနဲ့ သွားနေရတဲ့အထိ နေမကောင်းဖြစ်လာခဲ့ပါတယ်….

အဲတာကြောင့် ကူဇာတာဟာ ရှေ့ရေးကို စိုးရိမ်ပြီး သူသာ တစ်ခုခုဖြစ်သွားခဲ့ရင် ခင်ပွန်းဖြစ်သူနဲ့ ကလေးတွေကို စိတ်မအေးနိုင်ရှာဖြစ်ခဲ့ပါတယ်…. အဲတာကြောင့် သူဟာ ခင်ပွန်းဖြစ်သူအတွက် ဒုတိယမြောက်မယားကို ကိုယ်တိုင်ရှာဖွေပါတော့တယ်….

ဒီလိုနဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ရင်းနှီးသူတစ်ယောက်ဖြစ်တဲ့ ကူဇာတာရဲ့ သူငယ်ချင်းဖြစ်သူ ဖာသွန်နက်ဟာ ဒုတိယမြောက်မယားအဖြစ်နေဖို့ သဘောတူခဲ့ပါတယ်….

ဖာသွန်နက်ဟာ ယောက်ကျားမရှိတော့တဲ့ မိခင်တစ်ယောက်ဖြစ်ပြီး ကူဇာတာရဲ့ ဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ ခုလို သဘောတူခဲ့တာပါ….ကဲ..ဘယ်လောက်တောင် သဘောထားကြီးတဲ့ မိန်းမလည်းနော်…ပရိသတ်ကြီးတို့ရော အားကျနေပြီလား….

Writer – HW (Shwe Yaung Lan)
Source : asiaone