အေးမြဖြူ လား ၊ အက်စတာလားလို့ Winner ရှေ့ပြေးနေတဲ့ ပြိုင်ပွဲဝင်လေး နှစ်ဦးအနက်ကအက်စတာကတော့ Winner အဖြစ် သိန်း ၇၀၀ နဲ့ တစ်ကိုယ်တော် စီးရီးထုတ်ခွင့် ၊ တိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ ပရိသတ်များကလည်းအားပေးကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။

ပြီးေ တာ့ မြန်မာသံစဉ်ရော ၊ အခြား သံစဉ်တွေကိုပါ ကျကျနန သီဆိုနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်အေးမြဖြူတစ်ယောက်ကတော့ Winner ဆု နဲ့ လွဲချော်ခဲ့တဲ့အတွက် စိတ်ဓာတ်ကျ အားငယ်နေမလားလို့ ပရိသတ်က ထင်မှတ်နေကြပါတယ်။ ဒါပေမယ့် စင်ပေါ်မှာ အကောင်းဆုံး ပြုံးနေနိုင်ခဲ့တဲ့ အေးမြဖြူကိုတော့ အားလုံးက လေးစား အတုယူနေကြပါတယ်။ ပြီးတော့ သရုပ်ဆောင် နေမင်းကလည်း အေးမြဖြူကို စိတ်ဓာတ်မကျစေဖို့အတွက် စာရှည်ရှည်နဲ့ အားပေး နေခဲ့တာကိုလည်းတွေ့ရပါတယ်။

ဒီအတွက် အေးမြဖြူကတော့ သူမဟာ Winner ဖြစ်ဖို့ထက် Final အထိပါပြီးတော့ သူမ လုပ်ပြနိုင်တာကို ချပြချင်တဲ့အထိပဲ လို့ ဆိုပါတယ်။ သူမဟာ Winner ရဖို့အားကြီးစိတ်အားမထက်သန်ခဲ့ပေမယ့် အကောင်းဆုံးတော့ အမြဲကြိုးစားခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲဖြစ်ပါတယ်။ဒါကြောင့်လည်း Winner မဖြစ်ချိန်မှာ မျက်နှာ တစ်ချက်မပျက်ပဲ အပြုံးနဲ့ အားလုံးကို ကျေနပ်စေခဲ့သူလေးပါ။

သူမဟာ အိမ်ကိုပြန်ပြီးကျောင်းတက်ချင်နေခဲ့ပြီလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲကြောင့် သူမ ကျောင်းပျက်ရက်တွေက အတော်လေးကို များပြားနေခဲ့ပြီဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ဒါကြောင့် အေးမြဖြူ ပရိသတ်များအနေနဲ့လည်း စိုးရိမ်မရှိကြပါနဲ့အေးမြဖြူ တစ်ယောက် စိတ်ဓာတ်မကျပဲ အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာဖြစ်သလို ၊ပညာရေးကိုလည်း ကောင်းစွာ ကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်နော်။

Writer- SMT(Shwe Yaung Lan)