ကျိုက် ထီးရိုးဘုရားပေါ်က ဘုရားဖူးပြည်သူများရဲ့ဒုက္ခ

မြန်မာနိုင်ငံအတွင်းရှိတန်ခိုးကြီးဘုရားများနှင့်အလှူငွေစံချိန်တင်ရရှိသည့်အထဲတွင် ဘုရားဆံတော်ကိန်းဝပ်သည့်ကျိုက်ထီးရိုးဆံတော်ရှင်လည်း အပါအဝင်ဖြစ်ပါသည်။

ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားအား မြန်မာပြည်အနယ်နယ်အရပ်ရပ်မှတင်မဟုတ်ပဲ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားသားဘုရားဖူးဧည့်သည်များပါ လာရောက်ဖူးမျှော်ကြသည်ကို တွေ့ရှိရပေသည်။

ဘုရားဆံတော်ကိန်းဝပ်တော်မူသော ကျိုက်ထီးရိုးစေတီသည် နှစ်စဉ်အလှူငွေစံချိန်တင်ရရှိပါသော်လည်း ဘုရားဖူးပြည်သူများ၏ ညအိပ်တည်းခိုနေထိုင်မှုအတွက် အခမဲ့တည်းခိုဆောင်များသည်အလွန်နည်းပါပြီး ….

လုံလောက်စွာဆောက်လုပ်ပေးခြင်းမရှိပါသဖြင့် အေးစိမ့်သောဆောင်းရာသီများတွင် လေဒဏ် ၊ နှင်းဒဏ်၊ အအေးဒဏ်ခံကာ ဘုရားဖူးနိုင်ရေးအတွက် ရင်ပြင်တော်သံမံသလင်းပေါ်တွင်ဖျာ/စောင် များငှားရမ်းအိပ်စက်ဖူးမျှော်ရပါပြီး….

၎င်းကဲ့သို့ အိပ်စက်အနားယူဖူးမျှော်နေရခြင်းကြောင့် ရင်ပြင်တော်ညစ်ညမ်းမှုများခြင်း၊တုံးလုံးပက်လက်အိပ်စက်အနားယူခြင်းကြောင့် နိုင်ငံခြားသားများနှင့်အများအမြင်တင့်တယ်မှုမရှိခြင်း…..

ဘုရားဖူးပြည်သူများနှင့်တရားအားထုပ်သူများစိတ်အနှောက်အရှက်ဖြစ်ခြင်းများတွေ့နေရခြင်း၊ငွေကြေးပြည်စုံသူများအနေဖြင့် အခန်းခလေးငါးသောင်းကျပ်ပေးငှားနေနိုင်သော်လည်း ဘုရားဖူး ၁၀၀% တွင် ၈၀% ခန့်မှာအခမဲ့တည်းခိုဆောင်နှင့်ရင်ပြင်တော်ပေါ်အိပ်စက်အနားယူနေရပါသည်။

မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီးဘုရားများထဲတွင် ကျိုက်ထီးရိုးဘုရားသည် ဘုရားဖူးပြည်သူများ ငွေကြေးအကုန်အကျအများဆုံးဘုရားဖြစ်သည်။

ရင်ပြင်တော်ပေါ်တွင် အပေါ့အလေး မျက်နှာသစ်ရေနှင့်အစားအသောက်လူသုံးကုန်ပစ္စည်းများသည် ယခင်တောင်တက် ကားလမ်းမပေါက်ခင်မှဈေးနှုန်းများနည်းပါးခန့်သာ ယခုအချိန်အထိတည်ရှိနေပြီး….

ဘုရားဖူးပြည်သူတို့၏ ငွေအဿပြာများကို လုပ်ငန်းရှင်များမှချုပ်ကိုင်ထားသလိုဖြစ်နေပြီး ရင်ပြင်တော်နေရာတိုင်းနှင့်အခြားနေရာများကို လုပ်ငန်းရှင်များမှကြီးစိုထားသဖြင့် အခမဲ့တည်ခိုဆောင်သည်ပျောက်ကွယ်သွားခဲလေသည်။

ငွေကြေးမပြည့်စုံသောဘုရားဖူးပြည်သူတချို့မှာ ဘုရားဖူးလာချင်ပါသော်လည်း အဆောင်ငှားရမ်းခ မတတ်နိုင်ခြင်း၊စားသောက်စရိပ်မြင့်မာခြင်း၊သောက်သုံးရေနှင့်အပေါ့အလေးကအစနေရာတိုင်းတွင်ငွေနှင့်သာပေးသွားနေရခြင်းကြောင့် ယနေ့တိုင်ကျိုက်ထီးရိုးဘုရားသို့ မရောက်ဖူးသူများရှိနေပါသည်။

ထို့အတွက်ကြောင့် ဘုရားဖူးပြည်သူတို့ထံမှရရှိသည့် အလှူငွေဘဏ္ဏာများဖြင့်ပြည်သူတွေ စီးပွားရေး၊ကျမ်းမာရေးကိုရှေ့ရှုပြီး သင့်တင့်ကောင်းမွန်သော ကျန်ရှိသည့်နေရာများတွင် အခမဲ့တည်ခိုဆောင်များဆောက်လုပ်ပေးစေလိုကြောင်း …..

တာဝန်ရှိသူများနှင့်နိုင်ငံတော်အစိုးရလူကြီးမင်းများသိစေရန်ပြည်သူများကိုယ်စားအကြံပြုတင်ပြရပါသည်။မူရင်းတင်ပေးသူ Doe Lay အထူးကျေးတင်ရှိပါသည်။Crd ; Photos / News Myanmar