၂၀၂၀)ဟာ ကြာသပတေးသားသမီးတွေအတွက် ၂၀၁၉ခုနှစ်တွေမှာညံ့နေခဲ့သမျှ ၂၀၂၀ခုနှစ်မှာတော့ အညံ့အဆိုးတွေ စတင်လျော့ပါးသက်သာလာပြီဖြစ်ပါတယ်။

အောင်မြင်ခြင်းရောင်နီသန်းလာတဲ့နှစ်တစ်ခုပဲဖြစ်ပါတယ်။ အကောင်းအဆိုးတွေဒွန်တွဲနေပေမယ့် ဒီနှစ်(၂၀၂၀)ဟာ ကြာသပတေးသားသမီးတွေအတွက် ၂၀၁၉ခုနှစ်တွေမှာညံ့နေခဲ့သမျှ ၂၀၂၀ခုနှစ်မှာတော့ အညံ့အဆိုးတွေ စတင်လျော့ပါးသက်သာလာပြီဖြစ်ပါတယ်။

အောင်မြင်ခြင်းရောင်နီသန်းလာတဲ့နှစ်တစ်ခုပဲဖြစ်ပါတယ်။ အကောင်းအဆိုးတွေဒွန်တွဲနေပေမယ့် အကောင်းဘက်ကိုအလေးသာနေပါလိမ့်မယ်။

မိမိတို့ကသာ စီးပွားရေးနားလည်ပြီး လိမ္မာပါးနပ်တဲ့သူဖြစ်တယ်ဆိုရင်တော့ ဒီနှစ်မှာ ခိုင်မာတဲ့စီးပွားရေးတွေကို တည်ဆောက်နိုင်ပါလိမ့်မယ်။ စိတ်လိုလက်ရလုပ်ကိုင်ချင်နေတဲ့အလုပ်တွေရှိရင်တော့ ဒီနှစ်စိတ်နှစ်ပြီး လုပ်ကိုင်သွားနိုင်ပါလိမ့်မယ်။

ဒီနှစ်ဟာ အခက်အခဲအသေးအမွှားလေးတွေရင်ဆိုင်ပြီးမှ အဆင်ပြေမှုတွေလာတတ်ပါတယ်။ အခက်အခဲကြုံတိုင်း လက်လျှော့တတ်တဲ့သူတွေကတော့ အဆင်ပြေမှုမဖြစ်ပါ။

ဘာလုပ်လုပ် အဆုံးသတ်ထိလုပ်သွားဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီနှစ်ဟာ ခရီးတိုတွေ အလွန်ပဲသွားရတတ်ပါတယ်။ ရေလမ်းခရီးလဲဖြစ် ၊ မိမိကိုယ်တိုင်ကလဲ ရေမှာမကျွမ်းကျင်ဘူးဆိုရင်တော့ ရေလမ်းခရီးတွေကို သတိထားလိုက်ပါ။

အထက်လူကြီးတွေနဲ့စကားပြောဆိုတဲ့အခါ အထူးဂရုစိုက်ပါ။ မိမိပြောဆိုတာကိုသဘောကျပြီး အကူအညီပေးနိုင်သလို မိမိထောင့်မကျိုးရင်လဲ မိမိကိုလျစ်လျူရှုတတ်တာကို သိထားစေချင်ပါတယ်။

ဒီနှစ်ဟာ ငွေကြေးဆိုင်ရာကိစ္စအ၀၀အတွက် စိတ်ညစ်ရတတ်ပါတယ်။ ငွေချေးမိရင်ပြန်မဆပ်နိုင်လို့ စိတ်ညစ်ရတာမျိုးတွေဖြစ်တတ်သလို တရားတဘောင်ရင်ဆိုင်ရသည်အထိလဲဖြစ်တတ်ပါတယ်။

အခြားသူတွေကိုငွေချေးမိတယ်ဆိုရင်လဲ ပြန်မရတာဆုံးတာမျိုးတွေ အလွန်ဖြစ်တတ်ပါတယ်။ အလုပ်ထဲမှာငွေအရမ်းမြုပ်သွားတယ်ဆိုရင်လဲ ပြန်ပေါ်ဖို့လွန်စွာမှခဲယဉ်းပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး တကယ့်ကိုစနစ်တကျကိုင်တွယ်အသုံးချတတ်မှပဲ အဆင်ပြေပါလိမ့်မယ်။ ဒါကြောင့် ငွေကြေးအတိုးပေးစားသူများ ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်သူများ ၊ စုမဲစုကြသူများ သတိထားသင့်တဲ့နှစ်တစ်ခုပါပဲ။

ဒီနှစ်မှာ ကြာသပတေးသားသမီးတွေအနေနဲ့ အလုပ်သစ်တွေစချင်နေတာမျိုးရှိရင် အစပျိုးဖို့ အကြံပြုချင်ပါတယ်။ အချို့ဆို လုပ်ငန်းအသေးစားလေးတွေ အလုပ်တစ်ဖက်နဲ့စထားချင်တယ်။

အွန်လိုင်းစီးပွားလေးတွေ အစပျိုးထားချင်တယ်။ ဒီလိုမျိုးအကြံအစည်တွေရှိရင် လုပ်ပါလို့ပြောချင်ပါတယ်။ ဒီနှစ်မှာစတင်လိုက်တဲ့လုပ်ငန်းတွေ ချက်ချင်းကြီး ကောက်ရိုးမီးလိုဟုန်းကနဲထမတောက်ပေမယ့် တဖြည်းဖြည်းနဲ့အဆင်ပြေပြီးတော့ အောင်မြင်မှုတွေရှိလာတတ်ပါတယ်။

ဒ့ါအပြင် ရေရှည်ရပ်တည်သွားပြီး မယိုင်လဲတဲ့အလုပ်တစ်ခုအဖြစ် တည်ရှိနေနိုင်ပါလိမ့်မယ်။အချစ်ရေးမှာတော့ ပေးဆပ်နေရတတ်ပါတယ်။

ကိုယ်ချစ်သလောက် ကိုယ့်အပေါ်ပြန်တုန့်ပြန်မှုတွေ နည်းနေတတ်ပါတယ်။ ချစ်သူသက်တမ်းတွေကြာလို့ ချစ်သူနဲ့လက်ထပ်ဖို့ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်လဲ ဒီနှစ်ဟာ အဆင်ပြေပြေနဲ့ ပြီးမြောက်သွားတတ်ပါတယ်။ ဝန်ထမ်းများ ရာထူးတိုးနိုင်သလို တာဝန်တွေလဲတိုးနိုင်ပါတယ်။

ဝန်ထမ်းများ လွန်စွာမှအလုပ်တာဝန်တွေနဲ့ မအားလပ်နိုင်အောင်ဖြစ်နေတတ်ပါတယ်။ Over timeများ လာမဲ့နှစ်တစ်ခုပါပဲ။ အလုပ်တွေအချိန်ပြည့်လုပ်ဖို့သာ ပြင်ထားပါ။

ကိုယ်ပိုင်စီးပွားရေးသမားများကတော့ အလွန်မှအဆင်ပြေတိုးတက်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ငွေမြုပ်သွားရင်တော့ ငွေကြေးလည်ပတ်မှုမရှိဘဲ ကျဆုံးသွားတတ်ပါတယ်။ Money managementမလုပ်တတ်သူများ ဒီနှစ်သေချာပေါက်ကျဆုံးပါလိမ့်မယ်။

ဘေးလူအမြင်မှာတော့ အလုပ်တွေကောင်းနေတော့ အဆင်ပြေတယ်ထင်ကြပေမယ့် မိမိကိုယ်တိုင်ကတော့ နာမည်ကြီးထမင်းငတ်ဖြစ်နေရတတ်ပါတယ်။သူတစ်ပါးကို ပြစ်တင်ကဲ့ရဲ့ခြင်းတွေကိုမလုပ်ဘဲ မိမိကိုယ်တိုင်ပြုပြင်ပြီးကောင်းအောင်နေရင် အလွန်မှအောင်မြင်တတ်ပါတယ်။

အမျိုးသမီးများ ချမ်းသာဂုဏ်မောက်ပြီး ကြွားဝါခြင်းတွေကို အထူးရှောင်ပါ။ အိမ်ထောင်သည်များ အိမ်ထောင်ရေး အဆင်ပြေသာယာပါလိမ့်မယ်။

အဆင်မပြေအချင်းများနေတဲ့လင်မယားစုံတွဲတွေ နားလည်မှုတွေပြန်ရလိမ့်မယ်။ မိသားစုစီးပွားရေးတွေ သိသာစွာတိုးတက်နိုင်ပါတယ်။ ညီအကိုမောင်နှမတွေနဲ့ ပြေလည်မှုတွေရလာတတ်ပါတယ်။

ဒီနှစ်မှာသတိထားစေချင်တာက ကျန်းမာရေးပါပဲ။ ကြာသပတေးသားသမီးတွေ ကျန်းမာရေးခြူခြာမှုတွေ ဆက်လက်ရှိနေတတ်ပါတယ်။ ခွဲစိပ်ကုသရသည်အထိ ကျန်းမာရေးညံ့ဖျင်းနိုင်တာကို တွေ့ရပါတယ်။

ခေါင်းကိုက်ခြင်း ၊ ဝမ်းဗိုက်နဲ့ပတ်သက်သောရောဂါ ၊ ခါးအောက်ပိုင်း ၊ မျက်စိ ၊ မီးယပ်နှင့်မတော်တဆထိခိုက်မှုတွေကို သတိထားရမဲ့နှစ်ပါပဲ။

၂၀၁၉မှာ ကျန်းမာရေးအညံ့တွေက အရှင်းမပျောက်ဘဲ တရှောင်ရှောင်ဖြစ်နေသေးတာမျိုးလဲဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဇန်နဝါရီလကနေ ဧပြီလကုန်သည်အထိ ကျန်းမာရေးဂရုစိုက်ကြဖို့ မှာချင်ပါတယ်။

တနင်္ဂနွေ ၊ ရာဟု ၊ အင်္ဂါသားသမီးတွေဟာ ကောင်းကျိုးပေးမယ့်နေ့သားတွေ ဒီနှစ်ဖြစ်လာတတ်ပါတယ်။ ဒီနှစ်မှာ ပညာရေးဝန်ဆောင်မှုလုပ်ငန်း ၊ သစ်သီးပွဲရုံ ၊

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ၊ အထည်ထီးဖိနပ်လုပ်ငန်း ၊ ရေသန့်လုပ်ငန်းများ အထူးအဆင်ပြေတိုးတက်နိုင်တာကို တွေ့ရပါတယ်။ စက်ပစ္စည်းကြီးကြီးမားမားဝယ်ချင်တယ်ဆိုရင်လဲ ဒီနှစ်မှာဝယ်ယူလို့အလွန်ကောင်းပါတယ်။

ကြာသပတေးနေ့ဖွားတွေဟာ အခုနှစ်၂၀၂၀မှာ အသက်အားဖြင့် ၃နှစ် ၊ ၁၀နှစ် ၊ ၁၇နှစ် ၊၂၄နှစ် ၊ ၃၁နှစ် ၊ ၃၈နှစ် ၊ ၄၅နှစ် ၊ ၅၂နှစ် ၊ ၅၉နှစ် ၊ ၆၆နှစ် ၊

၇၃နှစ် စသောအသက်အပိုင်းအခြားတွေမှာ ရောက်နေချိန်ဆိုရင်တော့ ကံအညံ့တွေများပြားပြီး ကံဇာတာညှိုးနွမ်းနေတယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

ဒီအသက်အပိုင်းအခြားရောက်နေသူတွေကတော့ နီးစပ်တဲ့ဆရာတွေဆီမှာမေးမြန်းပြီး အသေးစိတ်အကြံဉာဏ်ယူစေချင်ပါတယ်။

မတ်လ ၊ မေလနှင့် ဒီဇင်ဘာလတွေမှာ အရာရာအဆင်ပြေမည်။ လာဘ်လာဘတွေပေါများမည်။ အဘက်ဘက်က ကံကောင်းနေမဲ့ကာလလဲဖြစ်လာတတ်ပါတယ်။

ပညာရေးမှာတော့ ဆရာကောင်းတွေနဲ့ဆုံတွေရပြီးတော့ ထင်ထားသည်ထက် ပိုမိုထူးချွှန်တတ်ပါတယ်။ ပြည်တွင်းပြည်ပပညာရေးခရီးများ သွားလာရတတ်ပါတယ်။ကျောင်းအတတ်ပညာကစလို့ အသက်မွေးမှုပညာတွေအထိ သင်ယူလို့အလွန်ကောင်းတဲ့နှစ်ပါပဲ။

လုပ်ငန်းခွင်အတွင်း ကြာသပတေး ၊ ဗုဒ္ဓဟူး ၊ တနလာင်္နှင့် တွဲဖက်လုပ်ကိုင်ရသည်ဖြစ်စေ ၊ စပ်တူစီးပွားလုပ်ရသည်ဖြစ်စေ အခက်အခဲတွေများနေတတ်ပါတယ်။

ဒီနှစ်ကိုနိဂုံးချုပ်ပြောနေရရင်တော့ ကြာသပတေးသားသမီးတွေက ကျန်းမာရေးအညံ့နှင့် ငွေကြေးညံ့ဖျင်းမှုတွေကို ကြုံရတတ်ပါတယ်။ ငွေကိုလက်ထဲကိုင်ထားရင် ကုန်စရာပေါ်လာတတ်ပါတယ်။ ငွေစာရင်းဖွင့်ပြီး စုဖို့တိုက်တွန်းလိုပါတယ်။

အချစ်ရေးမှာလဲ အွန်လိုင်းကချစ်သူသစ်တွေ ရလွယ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီနှစ်မှာတော့ မျက်စိ ၊ အမြင်အာရုံ အားနည်းနိုင်ပါတယ်။

အာရုံစိုက်ရတဲ့အလုပ်တွေကို သေသေချာချာစနစ်တကျဆောင်ရွက်လုပ်ကိုင်ပါ။ ဂိမ်းတွေအချိန်ပြည့်ဆော့နေတာမျိုးတွေ အထူးရှောင်လိုက်ပါ။ တတ်သိနားလည်တဲ့ဆရာသမားတွေဆီက အကြံဉာဏ်ယူလိုက်ပါ။

တစ်နှစ်စာအထူးယတြာ…..

– မွေးနေ့နံနက်တွင် အနီရောင်အင်္ကျီဝတ်ဆင်ပြီးတော့ နီးစပ်ရာစေတီရဲ့အင်္ဂါထောင့်မှာ စိန်ခြယ်ပန်း(သို့)ဇီးသီးရှစ်လုံး လှူဒါန်းဆုတောင်းတာမျိုး မကြာခဏလုပ်ပေးပါ။

– ဘိုးဘွားရိပ်သာတွေ ၊ လူအိုရုံတွေကို တတ်နိုင်သလောက် မကြာခဏလှူဒါန်းပေးလိုက်ပါ။

– လမ်းသန့်ရှင်းရေးလုပ်ပေးခြင်း ၊ လမ်းခင်းနေတဲ့နေရာတွေမှာ လှူဒါန်းခြင်းတွေ အမြဲလုပ်ပါ။

– နီးစပ်ရာစေတီတွေမှာ ညလုံးပေါက်လျှပ်စစ်မီးပူဇော်တာမျိုး မကြာခဏလုပ်ပါ။

– လူကြီးမိဘတွေကို မကြာခဏအားဆေးတွေ လှူပေးပါ။

အသေးစိတ်သိရှိလိုပါက …ဖုန်း 09899840007 / ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)