” နယ်သာလန်မှာ ကျတဲ့ မျက်ရည် ”

အဲ့ဒီတစ်ဖွဲ့လုံးပေါ့

ပေါ်ပင် သွားလုပ်တာ ဆိုတဲ့ စွပ်စွဲချက် တွေ ကြား ခေါင်းမော့ပြီး ရန်ကုန်လေဆိပ်ကို ထွက်သွားကြတယ်။

သိန်း လေးငါးခြောက်ဆယ် ကုန်တဲ့ ခရီးကို စပွန်ဆာရှိလို့ သွားနိုင်တာပေါ့ ဆိုတဲ့ ဝေဖန်မှုတွေကြား ကိုယ့် ပိုက်ဆံကိုယ်စိုက်၊ ရင်ကော့ပြီး နိုင်ငံအလီလီ ဖြတ် လို့ အမေ ရှိရာကို ခရီးဆက်ခဲ့ကြတယ်။

နယ်သာလန်ရောက်တော့

‌မတူညီတဲ့ ရာသီဥတုတွေ ကို အံတုကွဲပြားတဲ့ ဘာသာစကားတွေ ကြားသူတို့ တစ်ပြိုင်တည်း အော်ခေါ်ခဲ့ကြတယ်အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ တဲ့။

ဒါလေးပြောဖို့

ဒါလေးပြောဖို့များမိုင်ထောင်ချီ ဖြတ်လို့ ခရီးနှင်လာရတယ်လို့။

နိုင်ငံရပ်ခြား ICJ ရုံးရှေ့ မှာ အမေ့ကို ဖျက်ခနဲတွေ့တော့ တစ်ဖွဲ့လုံး မျက်ရည်က ထိန်းမရ။

မငိုရဘူး

မငိုရဘူးတဲ့

မျက်ရည်တွေသုတ်ရင်း ဦးဆောင် သူကပြောတယ်။

သူ လက်ညှိုးညွန်ရာ ကြည့်လိုက်ဝောာ့အမေ့ပုံ ကို ခြေထောက် နဲ့ ချနင်း နယ်‌သာလန်ရောက် ဒေါ်လာစား ငနည်းတွေ။

အသားတွေ တဆတ်ဆတ်တုန်လို့

တစ်ဖွဲ့ လုံး အသံတွေ ပိုကျယ်လာတယ်……

We stand with Aung San Su Kyi……..

We stand with Aung San Su Kyi…….

We stand with Aung San Su Kyi…….တဲ့

သူတို့ လက်ထဲ လွင့်နေတဲ့ ဝါစိမ်းနီ ကြယ်ဖြူတစ်ပွင့်နဲ့ နိုင်ငံတော် အလံ က ဝမ်းနည်း ဝမ်းသာ ….

ဒါတွေက အားလုံးကဝေဖန်သူတွေ မသိလိုက်တဲ့ နယ်သာလန် ‌အထိသွား‌ရောက် ဝန်းရံတဲ့ မြန်မာတွေ ICJ ရုံးရှေ့မှာ ကျခဲ့တဲ့ မျက်ရည်တွေပါ။

မင်းရသ